ကမ္ဘာကသိတဲ့မြန်မာနိုင်ငံကပတ္တမြားမြို့တော်

မန္တလေးမြို့ကနေငါးနာရီ ကြာကားမောင်းရပြီး ပြင်ဦးလွင်မြို့ကဆိုလေးနာရီကြာသာကားမောင်းရတဲ့မိုးကုတ်မြို့လေးဟာဆိုရင်သဘာဝအလှတရားစစ်စစ်ကိုခံစားချင်သူများအတွက်အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။အစားတစ်လိုင်းတို့လည်းလက် မလွှတ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်

မိုးကုတ်မြို့ကိုအရှေ့ပိုင်းနှင့်အနောက်ပိုင်းဆိုပြီးနှစ်ပိုင်းခွဲထားတာဖြစ်ပါတယ် မန္တလေးကလာတဲ့သူများကတော့မိုးကုတ်အနောက်ပိုင်းကိုအရင်ရောက်ရှိမှာဖြစ်ပြီး ပြင်ဦးလွင်ကလာတဲ့သူများကတော့အရှေ့ပိုင်းကိုအရင်ရောက်မှာဖြစ်ပါတယ်

မိုးကုတ်အနောက်ပိုင်းမှာလည်ပတ်လို့ကောင်းတဲ့နေရာတွေအများအပြားရှိပါတယ်

– ကျောက်ပြသာင်္ဒဘုရား

မိုးကုတ်အနောက်ပိုင်းကျောက်ပြသာင်္ဒရပ်မှာတည်ရှိပြီးကမ္ဘာအကောင်းဆုံးနီလာကျောက်ထွက်တဲ့နေရာတစ်ခုဖြစ်ပါတယ်၊ေတာင္ေပၚကနေပတ်ဝန်းကျင်တောတောင်အလှများကိုကြည့်ရှုရင်းဓါတ်ဖမ်းလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်

– ဒေါ်နန်းကြည်တောင်

မိုးကုတ်မြို့အနောက်ပိုင်းစျေးရပ်မှာတည်ရှိပြီးနေဝင်ချိန်အလှကိုခံစားကြည့်ရှုနိုင်တဲ့တောင်ပဲဖြစ်ပါတယ် ၊တောင်တက်လမ်းတစ်လျှောက်လုံးထင်းရှုးပင်လေးများလက်ဖက်ပင်ငယ်လေးများတဲ့သာယာနေသောနေရာတစ်ခုဖြစ်ပါတယ်

– တစ်ကောင်းနန်းတိုင်

မိုးကုတ်အနောက်ပိုင်းတစ်ခုလုံကိုရေပေးဝေတဲ့နေရာပဲဖြစ်ပါတယ်၊ထူးခြားတာတစ်ခုကတော့ သဘာဝအတိုင်း PH Level 7 ဖြစ်နေတာပါ
ရေသန့်လေးနဲ့ရေကူးချင်သူများအတွက်သဘာဝရေကူးကန်ငယ်လေးများလည်းရှိပါတယ်

– ရိုးရာငါးရက်တစ်စျေး

မိမိရောက်တဲ့နေ့ဟာငါးရက်စျေးနဲ့တိုက်ဆိုင်နေခဲ့ရင်တော့ ရိုးရာဒေသအစားအစာကောင်းများ ကိုစားသောက်ခွင့်ရမဲ့အခွင့်ရေးပါပဲ၊သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ခြံထွက်ပစ္စည်းများကိုရောင်းချရာနေ့တစ်နေ့ဖြစ်ပါတယ်

– ရုပ်ရှင်ရုံထာပွဲ၊ကသဲထာပွဲ

ထာဆိုတာကတော့ရှမး်စကားအရကြေးဗန်းဖြစ်ပါတယ်၊ရှေးယခင်ကကြေးဗန်းများကိုအသုံးပြုပြီးကျောက်အရောင်းအဝယ်လုပ်တာကိုအကြောင်းပြုပြီးခေါ်တဲ့ကျောက်ပွဲတစ်ခုဖြစ်ပါတယ်၊ညနေစောင်း၄နာရီလောက် မှာစတဲ့ကျောက်ပွဲဖြစ်ပါတယ်

– ပင့်ကူတောင်၊ကျောက်လက်ညှိုးတောင်၊အံဖွယ်တောင်

ပင့်ကူတောင်ကတော့မိုးကုတ်မြိုအနောက်ပိုင်းဂေါင်းဦးဘာရပ်မှာတည်ရှိပြီး ကျောက်လက်ညှိုးတောင်နဲ့အံဖွယ်တောင်ကတော့အရှေ့ပိုင်းအနောက်ပိုင်းကြားမှာတည်ရှိပါတယ်၊တောင်တက်တာရတာစိတ်ဝင်စားသူများအတွက်သင့်တော်တဲ့တောင်တွေဖြစ်ပါတယ်

– တောင်ကတုံးတောင်

မိုးကုတ်မြို့အနောက်ပိုင်းဘောလုံးကြီးရပ်မှာတည်ရှိပြီးညနေခင်းရှုခင်းလှလှကိုတောင်ပေါ်မှခံစားချင်သူတို့အတွက်အကောင်းဆုံးတောင်ပဲဖြစ်ပါတယ်

မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့
===================

– ဖောင်တော်ဦးဘုရား

ရတနာတွေစီချယ်ထားတဲ့ပလ္လင်တွေနဲ့ဖောင်တော်ဦးဘုရားကိုဖူးမြော်နိုင်ပါတယ်

– ချမ်းသာကြီးဘုရား

ချမ်းသာရပ်ကချမ်းသာကြီးဘုရားကနေမိုးကုတ်အရှေ့ပိုင်းရဲ့အလှကိုကြည့်ရှုနိုင်ပါတယ်

ပတ္တမြားစေတီ

– မိုးကုတ်မြို့အရှေ့ပိုင်းနေဝင်ချိန်ကိုကြည့်ရှုနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်

ကင်းချောင်းရေတံခွန်

– ကင်းရွာမှာတည်ရှိပြီးသဘာဝရေတံခွန်အလှကိုခံစားလိုသူများအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်

– ဘော်ဗဒန်းဆရာတော်ကြီးဂူ

ဘော်ဗဒန်းရပ်မှာတည်ရှိပြီးမိုးကုတ်ဆရာတော်ကြီးသက်ရှိထင်ရှားရှိစဉ်ကတရားဘာဝနာအားထုတ်ခဲ့သောနေရာပဲဖြစ်ပါတယ်

မိုးကုတ်ညစျေး

– မိုးကုတ်အင်းဘေးမှာတည်ရှိပြီးမိုးကုတ်ရိုးရာအစားအစာကောင်းကောင်းစားလိုသူများလက် မလွှတ်သင့်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်

မိုးကုတ်မြို့ကိုရောက်ရင်တော့ မိုးကုတ်ရိုးရာအစားစာများဖြစ်တဲ့မိုးကုတ်

ထမင်းပေါင်း၊ဂျုံခေါက်ဆွဲ၊အပေါင်း(မုန်ညှင်းပေါင်း၊မှိုပေါင်း)တို့ကိုစားခဲ့ဖို့မမေ့ပါနဲ့နော်၊

ကားမူးတတ်သူများလည်းအကွေ့ပေါင်း၉၉၉ကွေ့ကိုဖြတ်သန်းရမှာဖြစ်တာကြောင့်ကားမူးပျောက်ဆေးတော့သောက်သွားသင့်တယ်ဆိုတာအကြံပြုလိုက်ပါတယ် ☺️

Leave a Reply

Your email address will not be published. Required fields are marked *

Translate »