နံရံပေါ်ကဘယ်သူမှအဖြေရှာမရတဲ့ပဟေဠိဆေးရေးပန်းချီ

မြိတ်ဒေသ ရေကန်အော်ရွာမှ ထူးဆန်းသော ကျောက်နံရံပန်းချီ..

ကျောက်နံရံပေါ်က ပန်းချီကားချပ်
=-=-=-=–=-=-=-=-=-=-=-=-=-=-=-=

မြိတ် ပင်လယ်ပြင်သည် ဘင်္ဂလားပင်လယ်အော်နှင့်
ဆက်စပ်လျက် အိန္ဒိယ သမုဒ္ဒရာ၏ အစွန်းပိုင်း
တခုဖြစ်သည်။
ကျွန်းကြီး ကျွန်းငယ််များပြန့်ကြဲလျက် ငှက်သိုက်
ကျွန်း များလည်းရှားရှားပါးပါး တည်ရှိနေသည်။
ရှေးက ဤပင်လယ်ပြင် တဝိုက်တွင် လူမျိုးစုံတို့
ကျက်စား ခဲ့ကြသည်။

ဤဒေသကို ယခင် က မြန်မာနှင့် ယိုးဒယားတို့ ဘတပြန် ကျားတပြန် သိမ်းပိုက်အုပ်ချုပ်
ခဲ့ကြသည်။
ပသျှူး၊ ဆလုံ၊ ဟိန္ဒူနှင့် မဟာမေဒင်ဘာသာဝင်
များလည်း ကြီးစိုးခဲ့ ကြသည်။
အရှေ့တိုင်းနှင့် အနောက်တို်င်းတို့မှ ကုန်သည် တို့လည်း ကူးလူးဆက်ခံခဲ့ကြသည်။

၁၂-ရာစု မတိုင်မီကပင် ထိုဒေသ တဝိုက်၌
မြန်မာနိုင်ငံ ပုဂံနေပြည်တော်သား များလည်း
ခြေချခဲ့ဖူး ကြသည်။
မြိတ်အနောက်ပိုင်း မြို့နယ်(ယခု ကျွန်းစုမြို့နယ်) အတွင်းရှိ ကျေးရွာတရွာဖြစ်သော “ရေကန်အော်” ကျေးရွာမှာ မြိတ်မြို့မှ (၃၀)မိုင် ခန့် ကွာဝေးသည့်နေရာတွင် တည်ရှိနေသည်။

ထိုကျေးရွာ၏ မျက်နှာစာ ကျောက်နံရံပေါ်တွင် ပန်းချီကားကြီး တချပ် တည်ရှိ နေသည်။
ပင်လယ်ဘက်သို့ မျက်နှာ မူနေသော အဆိုပါ
ကျောက်နံရံကြီး၏ မျက်နှာစာသည် မတ်စောက် ညီညာ ပြားချပ်ကာ မိုးကောင်းကင်ထက်သို့ ထိုးထောင် ထွက်နေသည်မှာ ပေ ၁၂၀ ကျော်
မည်ဟု ခန့်မှန်း ရပါသည်။
ထိုကျောက်နံရံ ကမ်းစပ်ပိုင်း အောက်ခြေ ၁၀ ပေ
ကျော် အမြင့် တွင် ကျောက်သားကိုတကြောင်း
ချက် ထွင်းပီး ရေးဆွဲထားသောရုပ်ပုံကားချပ်ကြီးကို
တအံ့ တသြ တွေ့မြင်ရမည် ဖြစ်လေသည်။

ထိုရုပ်ပုံ ကားချပ်ကြီးတွင် လူရုပ်ပုံများ စက်ယန္တရားနှင့် တူသည့်ပုံများ၊ မြွေဦးခေါင်း
ပုံများ၊လှေကြီးတစင်း၏ ပုံများကို ထင်ရှားစွာ
တွေ့ရှိရသည့် အပြင် အနီရောင်ဖျော့ဖျော့ ဆေးခြယ်ထားသည်ကို လည်းကောင်း၊ခရမ်း
ရောင် ပြေးနေသည့် အစင်းကြောင်းကြီးများကို
လည်းကောင်း တွေ့ရှိရမည် ဖြစ်လေသည်။
ယင်းလက်ရာမှ မည်သည့်လူမျိုးစု၏ လက်ရာဖြစ်မည်နည်း။
မည်သည့် အကြောင်းအရာကို ဖော်ညွှန်း ထားလေ သနည်း။
မည်သည့် ခေတ်လောက်က တည်ရှိခဲ့ပါသနည်း။
အဖြေကို ယနေ့တိုင် တိတိပပ မ ဖော် ထုတ် နိုင်သေးပေ။
ရွာခံ မြန်မာတချို့ကမူ ဥစ္စာစောင့်တို့၏ “သိုက်”ဟု ယူဆထားကြဟန် ရှိပါသည်။
အမှန်ဆိုရပါမူ ဤ ပန်းချီကားချပ်ကြီးသည် မြန်မာတို့၏အစွဲအလန်းနယ်ပယ်ထဲသို့ကျရောက် နေပေသည်။

မောင်ပြေချမ်း (မြိတ်)၏ ဓာတ်ပုံကပြောသော မြိတ်သမိုင်း မှတ်တိုင်များ စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Translate »