အရာအားလုံးထက်ပိုလှတဲ့ချင်းပြည်နယ်ကနတ်မ တောင်

‘ ချင်းပြည်နယ်က တိမ်ပင်လယ်ကြီးက တခြားအရာတွေ အားလုံးထက် ပိုလှ တယ်လို့ ပြောရင် မင်းယုံလိုက်ပါ ‘

တကယ်ပါ ဘာနဲ့ မှ လဲလို့ မရလောက်အောင် လှပပါတယ် ။

Mount Victoria လိုခေါ်တဲ့ နတ်မတောင် ကလဲ နိမ့်နိမ့်လေးလို့မထင်လိုက်နဲ့ နော် မြန်မာပြည်မှာ စတုတ္တ အမြင့်ဆုံးတောင် ဆိုပဲ မခေဘူးနော် ။

အမြင့်ပေက ၁၀၂၀၀ တောင် မြင့်တာ အပေါ်မှာ အေးချက်ပဲ ရေတောင် ခဲတယ် ။

ရန်ကုန်ကနေဆို နတ်မတောင်ကို ရောက်ဖို့ ချောက်ဘက်ကနေလာရတယ် ပီးရင် ကန်ပက်လက် မြို့မှာ တည်းဖို့ဟိုတယ်တွေ ရှိတယ်။

ကန်ပက်လက်မြို့က နတ်မတောင် ရဲ့ အမြင့် ပေ ၆၀၀၀ ကျော်မှာ ရှိပီး တိမ်တွေက ကိုယ့်အောက်ရောက်နေပီလေ။

၁၀၂၀၀ အမြင့်ကို ထပ်တတ်ပီးကြည့်ရမယ် ဆိုတော့ စဉ်းသာစဉ်းစားကြည့်တော့ ။

ဘယ်လိုတတ်လဲဆိုတော့ အမြင့်ပေ ၆၀၀၀ ကျော်လောက်ရှိနေတဲ့ ဟိုတယ်ကနေ ပေ ၉၀၀၀ အထိကို ကား/ ဆိုင်ကယ်နဲ့ တတ်လို့ရတယ်။

ကျန်တဲ့ ပေ ၁၀၀၀ ကျော်ကို လမ်းလျောက်တတ်တာက တကယ် ပျော်စရာကောင်းတယ် ဘေးမှာ မြင်ရတဲ့ ရှု့ခင်းတွေက နေထွက် ချိန်လေးဆို အရမ်းလှ လေလေးက အေးအေးနဲ့ မောမောနဲ့တတ်။

တောင်ပေါ်မှာတော့ စားစရာ နဲ့ ရေ ဘာဆိုဘာမှ မရှိလို့ သယ်သွားနော် မဟုတ်ရင် သူများစားတာထိုင်ကြည့်နေရမယ်။

တောင်ဇလပ်ပန်း တွေ ပွင့်ရင် တတောင်လုံးလှ ဓါတ်ပုံရိုက်လို့ အရမ်းလှတာပေါ။

သွားသင့်တဲ့အချိန် ကတော့ ဒီဇင်ဘာ/ ဇန်နဝါရီ / ဖေဖော်ဝါရီ
ရေခဲတယ်လေ မိုက်တယ်

ပန်းပွင့်တဲ့အချိန် – ဖေဖော်ဝါရီလို့ပြောကြတယ်

ဆောင်ရန်က – ဗိုက်ဆာတတ်တဲ့လူ စားစရာတွေယူသွား ခေါက်ဆွဲခြောက် မုတ့်ထုတ် ဘာညာ

ရှောင်ရန်က – တောင်ဇလပ်ပန်းမခူးရ
မောတတ်တဲ့ လူ အပင်ပန်းမခံနိုင်တဲ့လူ လမ်းလျောက် မတတ်သင့် ပါ အပေါ်မှာ အောက်ဆီဂျင် နည်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Translate »