သွားရောက်လည်ပတ်သင့်တဲ့ ရာဇဝင်ထဲက ရေးမြို့

ရေးမြို့သည် လွန်ခဲ့သောနှစ် ၁၂၀၀ ခန့်ထဲက ထားဝယ်ဒေသမှ မာယာဒေဝီ မင်းသမီးကတည်ခဲ့တယ်လို့ ဆိုကြပီး ၊ ဓမ္မစေတီမင်းမှ လည်း ပြန်လည် ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော် အဖြစ် ယုံကြည်ကြသည်။

 
ရှေးဟောင်းမွန်မြို့တော်အဖြစ် ရှေးဟောင်း မြို့ရိုးများနဲ့ ကျုံးတော်ကြီးက သက်သေခံလျက်ရှိပါတယ်။
 
​ရေးမြို့ကို မွန်လို (အသံထွက်) ဒိန်းရီ ဟုခေါ်ဆိုပီး မြန်မာလို ဆိုရင် စကား မြို့ဟုအဓိပ္ပာယ်ရပါသည်။
 
စကားဟုအမည်တွင်ရခြင်းမှာလည်း ရှေးယခင်က မင်းညီမင်းသားများ ၊ စစ်သူကြီးများ ၊ ဝန်မင်းများဟာ တိုင်းရေးပြည်ရာ ဆွေနွေးပီး အမိန့်တော် ပြန်တမ်းများထုတ်ပြန်ရာ မြို့ဖြစ်တာကြောင့်လို့ဆိုကြပါတယ်။
 
ရေးမြို့သည် ရန်ကုန်မြို့မှ ကားလမ်းခရီးမိုင် ၂၈၄ မိုင်၊ မော်လမြိုင်မြို့မှ မိုင် ၉၈ ခန့်၊ထားဝယ်မြို့မှ မိုင် ၁၀၀ အကွာရှိ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့ ဖြစ်သည်။
 
ရှေးယခင်က မီးရထားလမ်းဆုံးမြို့ဟု လူသိများကြသည်။ ရေးမြို့နယ် သည် မွန်ပြည်နယ်တွင် အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်သည်။ မြောက်ဘက်တွင် သံဖြူဇရပ်မြို့နယ် တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အနောက်ဘက်တွင် အက်ဒမန် ပင်လယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့တည်ရှိသည်။
 
ယခင်က လေယာဉ်ကွင်းရှိခဲ့သော်လဲ ယခုအချိန်၌ထို လေယာဉ်ကွင်းအားအသုံး မပြုတော့ပေ။
 
မော်လမြိုင်မြို့ကနေ ထားဝယ်/မြိတ် ကိုသွားတဲ့ ကားလမ်းအတိုင်း ၃ နာရီခွဲ သာသာလောက် မောင်းလာခဲ့မယ် ဆိုရင်တော့ ရေးမြို့လို့ခေါ်တဲ့ ပင်လယ် ကမ်းခြေရှိတဲ့ မြို့လေးကိုရောက်ရှိမှာပဲ ဖြစ်ပါတယ်။
 
ကားလမ်းမကြီးပေါ်မှာတည်ရှိမနေပဲ မြို့အတွင်းသို့ သပ်သပ်ဝင်ရောက်ရတာဖြစ်တာကြောင့် ကားတွေဆိုင်ကယ်တွေအများကြီး နဲ့ စည်းကားလှတဲ့ မြို့တော့မဟုတ်ပါဘူး တိတ်ဆိတ်အေးချမ်းတာကိုမှ နေချင်တဲ့လူတွေအတွက်တော့ အဆင်ပြေလှပါတယ်။
 
မြို့ထဲမှာ ဟိုတယ်နဲ့ တည်းခိုခန်း တချို့ရှိပီး သပ်သပ်ရပ်ရပ် နဲ့ အဆင်ပြေပြေ တည်းခိုလို​ ့ရတာတွေ့ရပါတယ်။
 

ဘယ်တွေသွားလည်ကြမလဲ

 
၁- ရွှေဆံတော် ဘုရား
ရေးမြို့ရဲ့ အထင်ကရ နေရာတခုဖြစ်ပီး မြို့လယ္မှာတည်ရှိပါတယ်။
 
၂- ကျုံးတော်ကြီးအတွင်းရှိ သာသနာ ၂၅၀၀ ရေလည်ဘုရား
ကျုံးဘေးနားက ညစျေးတန်းကလည်းစည်ကားပါတယ်။
 
၃- စကားတောင်စေတီတော်
ရေးမြို့ထဲမှာပဲတည်ရှိပီး ရင်ပြင်တော်ပေါ်မှာ ထူးခြားချက်လေးတစ်ခုရှိပါတယ် မပြောပြတော့ဘူးနော် သွားဖူးတဲ့အခါရှာကြည့်ခဲ့ကြနော်။
 
၄- ဦးဇင်းလေး ဘုရား
ကြည်ညိုစရာအလွန်ကောင်းပီး သံဖြူဇရပ်ကနေ ရေးကို အသွားလမ်း ရေးမြို့မရောက်ခင် ဘယ်ဘက်အခြမ်းမှာ တည်ရှိပါတယ်။
 
ယခင်က ကိုရင်လေးဘုရားဟုလူသိများပါတယ် သွားကိုသွားသင့်တဲ့နေရာတခုပါ။
 
၅- ချောင်း နှစ်ခွ
 
ဒီနေရာကတော့သွားခဲ့သမျှနေရာတွေထဲ အပျော်ဆုံးပါပဲ
​လှေစီးပီး ချောင်း၂ ခွဆုံရာက ဘုရားကို သွားဖူးကြတယ်ပြန်လာတော့ ချောင်းထဲကရေစီးသန်သန် တိမ်တိမ် လေးနေရာ တွေမှာ ရေကူးကြရတာ ပျော်စရာကောင်းပါတယ် စားစရာ ဆိုင်တွေလဲ ပေါပါတယ်။
 
၆- ပင်လယ်ဝ ကမ်းခြေ
ရေးမြို့ကနေ ၇ မိုင်ခန့်ဝေးပီး အရမ်းလှတဲ့ ကမ်းခြေတွေနဲ့တော့ယှဉ်မရပေမယ့် နေဝင်ချိန်ကတော့ တအားလှလွန်းပါတယ်
အစားအသောက်လဲ စျေးသက်သာ ပါတယ်
 
၇- ကဗျာဝ ကမ်းခြေ
ဒီကမ်းခြေကတော့ တော်တော်များများ သိပီးသားဖြစ်ကြမှာပါ အခုဆို ကဗျာဝ ကမ်းခြေ ခရီးစဉ် နေ့ချင်းပြန်တွေတောင်သွားလို့ ရနေပါပီ။

အစားအသောက်

 
ရေးမှာ နေတဲ့ ၂ ရက်ကို အစားအသောက်လဲ အဆင်ပြေခဲ့တယ် မှတ်မိသလောက် ပြောရရင် နုရတနာရိပ်ဆို တဲ့ ဆိုင်လေးက အစားအသောက်လဲ စုံတယ် ထိုင်လို့လဲကောင်းတယ် ညနေဆို ပင်လယ်စာ တွေ အစုံရတဲ့အပြင် ကီးမားတို့ဘာတို့လဲ ကောင်းတယ် မနက်ဘက်ဆို မုန့်ဟင်းခါး နံပြား စတာတွေရတယ်။
 
ပီးတော့ အအေးဝင်သောက်ကြတဲ့ ဂုံးထိပ်ဆိုတဲ့ ဆိုင်လေးလဲ ကောင်းတယ်။
 
ညစာတွေကတော့ ပင်လယ်ဝ မှာ စားဖြစ်တော့ ငွေစင်ရော်ဆိုတဲ့ ဆိုင် လေး စားရတာလဲကောင်းတယ် စျေးလဲသက်သာတယ်။ Sunset လေးကို ကြည့်ပီး စားရတာ လဲ ဖီးလ်တမျိုးပဲလေ။ ဘာလီတို့ ငပလီတို့လို မခမ်းနားပေမယ့် တောရောက်တော့လဲ သူ့အထာနဲ့ သူပေါ့နော်။
 
ပင်လယ်ရေကတော့ဆော့ဖို့အဆင်မပြေဘူး ရေနောက်တယ်လေ အဲဒီဘက်က။
 

ဗဟုသုတ

 
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။
 
ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။
 
၂၀၀၅ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့ပါသည်။
 

ရေးအကြောင်းလေးက တော်ပီနော် နောက်ရက်ကျ မြိတ်ကျွန်းစုတွေဘက် ဆက်သွားကြမယ် 👌

Ye is a town in the southern end of Mon State, Myanmar (Burma). It is the principal town of Ye Township of Mawlamyine District. The town is located by the Ye River as it drains into the Gulf of Martaban, and is surrounded by Tenasserim Hills in the east. It has warm, moderate weather. The town’s economy is mainly based on betel nut, rubber, fishery production, and trade. Ye is on the Mawlamyaing-Dawei rail line, and has a seaport. The majority of the people are ethnic Mon people. Ye is a center of Mon language education.

Leave a Reply

Your email address will not be published. Required fields are marked *

Translate »