• Overview
  • Pagoda
  • Attraction
  • Hotel
  • Restaurant
  • Reviews
  • Booking

Myeik is the largest city in the Tanintharyi Division with an estimated population of 250,000 inhabitants, it has a long and proud nautical history and one of the best kept collections of colonial era buildings in South-East Asia. The heart of the city is the bustling harbour front with traders, and a wide varietty of wooden fishing and commuter boats.

The population is engaged in fishing, production of natural rubber and coconuts, manufacture of fermented shrimp paste, the collection of edible bird’s nests and pearl farming. Mergui is a gateway to the 800 offshore islands of the Mergui Archipelago, which are developing a tourist trade. Tourism in the area is restricted to cruises as land based accommodations are currently non-existent on the islands.

မြိတ်မြို့ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြိတ်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ယိုးဒယား(ထိုင်း)နှင့် နယ်ချင်းဆက်စပ်နေသောကြောင့် မြိတ်မြို့မှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင် တို့၏ လက်အောက်သို့ အပြန်အလှန်ကျရောက်ခဲ့ပြီး မြိတ်ဒေသမှာလည်း စစ်တလင်း ဖြစ်ခဲ့ရသည်။မြိတ်မြို့ကိုယခင်ကမာရိတ်မြို့ဟုခေါ်တွင်ခဲ့ကျသည် မာရိတ်မှာ ပရမရစာ မင်းသားငယ်၏ မြင်းခယ်တိုင် (မြင်းချည်တိုင်) အစွဲပြု၍ မာရိတ်ကျွန်းဟု ခေါ်သည်။ မာ = မြင်း ၊ ရိတ် = ခယ်တိုင်၊ မြင်းခယ်တိုင် (မြင်းချည်တိုင်) ဟု အဓိပ္ပာယ်ရသည်။ ရှမ်းအခေါ် (ယိုးဒယား ) စကား ဖြစ်သည်။ ကာလရွေ့လျောလာသဖြင့် မာရိတ်ကို မြန်မာအခေါ် မြိတ်မြို့ဟု ခေါ်တွင် ကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း မြိတ်ခရိုင်၏ ခရိုင်ဝန်ရုံးစိုက်ရာ မြို့ဖြစ်သည်။ တနင်္သာရီမြစ် စီးဝင်ရာ မြစ်ဝကျွန်းပေါ်တွင် တည်ရှိ၍ လုံခြုံသော ဆိပ်ကမ်းကောင်း ဖြစ်၏။ ကမ်းခြေမှစ၍ တောင်ကုန်းမြင့်များ ဖြစ်ပြီးလျှင် ထိုတောင်ကုန်းမြင့်များပေါ်တွင် အစိုးရရုံးအဆောက်အအုံများ ရှိသည်။

ရှေးအခါက မြိတ်မြို့ကို အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်မှ တကျွန်းပို့ဒဏ်ခံရသော အကျဉ်းသမားများ ပို့ရာအရပ်အဖြစ် အသုံးပြုခဲ့ဘူးလေသည်။

မြိတ်မြို့သည် ယခုအခါ အရောင်းအဝယ် ဖွံ့ဖြိုးသော ဆိပ်ကမ်းတစ်ခု ဖြစ်ပေသည်။ ကျောထောက်နောက်ခံနယ်မြေ တွင် ကျွန်းသစ်၊ တွင်းထွက်သတ္တုများ၊ ကြက်ပေါင်စေးများ ထွက်သည်။ မြိတ်ကျွန်းစုများတွင်လည်း တံငါလုပ်ငန်းဖြစ်သည့် ငါးပိ ငါးခြောက်လုပ်ငန်း၊ ပုလဲလုပ်ငန်းများအပြင် ကျွန်း ကလေးများပေါ်တွင် ငှက်သိုက်ရှာဖွေခြင်းလုပ်ငန်းများ ရှိသဖြင့် ကူးသန်းရောင်းဝယ်ရေးတွင် များစွာ တွင်ကျယ်သည်။ မြို့ပေါ် တွင် ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းများ ရှိသည်။ မြိတ်လုံချည် ခေါ် ထူထဲခိုင်မာသော ပိုးစစ်လုံချည်များမှာ အကောင်းဆုံး ပိုးထည်အမျိုးအစားတွင် ပါဝင်သည်။ ငပိတွင်လည်း မြိတ် စိမ်းစားငါးပိသည် မြိတ်မြို့၏ နာမည်ကျော် ထွက်ကုန်တစ်ခု ဖြစ်ပေသည်။

မြိတ်သည် အပူပိုင်းမုတ်သုံရာသီဥတု အမျိုးအစား ရှိပြီး တနှစ်ပတ်လုံး ပူနွေးသည်။ တိုတောင်းသော ဆောင်းခြောက်သွေ့ရာသီ(ဒီဇင်ဘာ-ဇန်နဝါရီ)ရှိပြီးလျှင်၊ ရှည်လျားသော စိုစွတ်ရာသီ(ဖေဖော်ဝါရီ-နိုဝင်ဘာ)ရှိကာ မေလ မှ စက်တင်ဘာ အထိသည် ရံခါ သည်းထန်သော မိုး ရွာသွန်းလေ့ ရှိသည်။

  1. Thein Daw Gyi Pagoda
  2. Paw Daw Mu Pagoda
  3. Round World Pagoda
  4. Maha Wizaya Pagoda
  5. Big Reclining Buddha
  6. Maygawati Temple

 

  1. Patit Island
  2. Smart Islands
  3. Harris or Marcus or Lay Kyun Island
  4. Yan Kang Baung Lake
  5. Colonial House
  6. Myeik Clock Tower
  7. Independence Park
  8. Ramannya Monestary
  9. Myeik Shopping Centre

 

  1. Hotel Grand Jade
  2. Pearl Laguna Resort
  3. Eain Taw Phyu Hotel
  4. White Pearl Hotel
  5. Dolphin Inn
  6. Golden Sky Hotel
  7. Kyal Pyan Hotel 
  8. Myint Mo Hotel
  9. Regent Hotel
  10. Mya See Sein Hotel
  11. Pearl Mon Hotel

 

Restaurants List

Yadanar Oo Restaurant
Shwe Hnin Si Seafood Restaurant
Shwe Yar Su Restaurant
Karaweik Restaurant
Shwe Mon Restaurant
U Mg Win Restaurant
Lotus Restaurant
Mergui De Kitchen
White Pearl BBQ & Restaurant
Blue Wave Thai & Chinese Restaurant

There are no reviews yet.

Be the first to review “Myeik”