MOE KYAW ( COMPETITION )

 

.

အပိုင်း (၁)


မိုးကျော်ရေ ဘယ်ရောက်နေလဲ လာခဲ့စမ်း ဒီကို

ဗျာ အမေ လာပါပီ

မိုးဖွဲဖွဲ လေးကြားမှ အမေရဲ့ အော်သံ အဆုံး

ဟေ့ကောင်တွေ ငါပြန်လာခဲ့မယ်ကွာ မကန်ကြနဲ့အုံးနော် အမေခေါ်နေလို့ ဟုဆိုကာ ဘောလုံးကို ချကာ အိမ်သို့ပြေးလာခဲ့လေသည်

မိုးကျော် နင်ဆိုသည်မှာလည်းလေ အားနေ အဲ ဘောပဲ ကန်နေသိလား အမေ ကိုကူမယ်မရှိဘူး နင်တော်တော် အားနေလား

ကူပါတယ် အမေရာ သား ရေတွေခပ်ပီးပါပီ အမေရဲ့ ခုက မိုးရွာတုန်း ဟိုကောင်တွေဘောလုံးကန်နေကြလို့ သွားကန်မိတာပါအမေရဲ့

အေးဒါဆိုလဲ ပီးရော အိမ်ခေါင်က မိုးယိုနေပီ သွား ခွက်တွေရှာ ပီး သွားခံချေ နင့်အဝတ်တွေလဲ ရေမစိုအောင် ကြွတ်ကြွတ်အိပ် ထဲ ထည့်သွားအုံး

အမေ့စကားအဆုံး မိုးကျော်တစ်ယောက် ရေခံဖို့ ခွက်တွေရှာရင်း အိမ်မှာ အဖေမရှိတာ ၂ နှစ်ရှိခဲ့ပီလေ အဖေဆုံးပီး နောက်ပိုင်း ၁၃ နှစ်အရွယ် သားတယောက် နဲ့ အမေဆိုသည်မှာလဲ ပင်ပန်းခက်ခဲစွာ ရှာဖွေစားသောက်ခဲ့ရပုံကိုတွေးရင်း မိုးကျော်တယောက် အိမ်ခေါင်မှ ယိုနေတဲ့ မိုးရေ တွေကိုကြည့်ရင် အဖေ့ကို လွမ်းလာမိသည်။

ထိုစဉ် ဟေ့ကောင် မိုးကျော် မင်းကန်အုံးမှာလား ငါတို့ စောင့်နေတယ်နော် ဆိုတဲ့ အော်သံကြောင့် တွေးလက်စအတွေးကိုဖြတ်တောက်ကာ ဟ လာပီဟ ငါ့ခဏစောင့်အုံး ဟုဆိုကာ မိုးကျော်တယောက် အိမ်ပေါ်မှ ပြေးဆင်းကာအသွား

ဒီကလေး နဲ့တော့ခက်ပါတယ်လေ တကယ့်အဖေတူသားပဲ ဘောလုံးဆို ဘယ်လိုမှ တားမရတာအေ
ဟု မိုးကျော်ရဲ့ အမေ ညီတွားသံကို မိုးကျော်မကြားတော့ပါ။



မိုးကျော် ရဲ့အဖေ ဦးကြည်နိုင် ဟာ ဘောလုံး ကန် အလွန်ကောင်းပီး တိုင်းလက်ရွေးစင် ထိ ကန်ခဲ့ဖူးသူပါ ဘောလုံးကန်တာတစ်ခုပဲ တတ်တာကြောင့် မပြည့်စုံတဲ့ သူတို့ဘဝ ကို အမေဖြစ်သူ ဒေါ်မြ က ဈေးရောင်းပီးရှာကျွေးခဲ့ရပါတယ်။

ငါသာ တခြာနိုင်ငံမှာ မွေးခဲ့ရင် ဘောလုံးကန်ပီး ချမ်းသာနေပီကွာ ဆိုတဲ့ စကားဟာ အဖေ့ထံမှ ကြားနေကြစကားဖြစ်သလို

အဲဘောလုံးပဲ ကန်နေသိလား ရှင့်လုပ်စာသာ ထိုင်မျှော်နေရရင် ဆန်းအိုးထဲ ဆန်တောင်ရှိမှာမရှိဘူး ဆိုတဲ့ စကားဟာလည်း အမေ့ပါးစပ်က နေ့တိုင်းရွတ်နေကြ စကားမို့ မိုးကျော်တယောက် အလွတ်ရနေပါပီ။

အဖေသွေး အပြည့်ပါတဲ့ မိုးကျော်တယောက် ကတော့ အမေ ဘယ်လောက်ပဲ ဆူဆူ ဆဲဆဲ တချိန်ချိန်မှာ နိုင်ငံလက်ရွေးစင်ဖြစ်ပီး ကလပ်အသင်းတစ်ခုမှာ ငါ့သားကစားတာ အဖေမြင်ချင်တယ်ကွာဆိုတဲ့ အဖေ့စကားကိုသာ သူနားဝင်ခဲ့ပါတယ်။



မိုးကျော် ရေ မိုးကျော်

ဖိုးသား ငါဒီမှာဟေ့ ရေခပ်နေတာ ဝင်လာခဲ့လေကွာ

ဘာတုန်းကွ ဘောကန်ဖို့ဆို ငါမအားသေးဘူးကွာ ရေပြည့်အောင်ခပ် ပီးမှ ငါ့အမေကလွှတ်မှာကွ

မဟုတ်ဘူးကွ ငါကြားလာတာရှိလို့ မင်းကိုလာပြောတာ မြို့မှာ လူရွေးပွဲရှိတယ်ကြားတယ် နောက်လထဲမှာတဲ့ အဲဒါမင်းများ သွားချင်မလားလို့ လာမေးကြည့်တာ

ဟုတ်လား ငါတို့ ရွာက ဘယ်သူတွေ သွားကြမယ်ပြောလဲ ငါလဲ လိုက်ချင်လိုက်တာကွာ

ရွာက ငါရယ် အောင်နိုင်ရယ် မိုးလုံး ရယ် သွားဖို့ တော့ ပြောထားတယ်ကွ အိမ်ကလွှတ်ရင်ပေါ့

မင်းလဲ မင်းအိမ်ကိုပြောကြည့်လေ

အေးပါကွာ ငါပြောကြည့်လိုက်အုံးမယ်

စိတ်ထဲမှာတော့ အမေက လွှတ်မယ်မထင် မြို့နဲ့ မိုးကျော် တို့ ရွာလေးက ၂၅ မိုင်ခန့်ဝေးသည် သွားလာစရိတ် စားစရိတ် ကရှိသေးသည်

အောင်နိုင် နဲ့ မိုးလုံး တို့ အိမ်ကပြည့်စုံသည် အိမ်မှာ ဆိုင်ကယ်ရှိသည် ပိုက်ဆံတတ်နိုင်ကြသည် ဆိုတော့ သူတို့အတွက် ဒီခရီးက အနီးလေးပင်ဖြစ်လေသည်။

အမှန်တော့ မိုးကျော် နဲ့ အောင်နိုင်မှာ အဖေ့ဘက်က ဆွေမျိုးတော်စပ်သော ဝမ်းကွဲ ညီအကိုများဖြစ်ကြသည် ဒါပေမယ်လဲ အဖေမရှိတော့သည့်နောက်ပိုင်း အမေ နဲ့ အဖေ့အမျိုးတွေက သိပ်အဆင်မပြေကြ တာနဲ့ မိမိတို့မှာလဲ အခေါ်အပြော သိပ်မရှိလှပေ။

ဖိုးသား အိမ်က ဆင်းရဲသည် ဆိုပေမယ့် ဘောလုံးကန်မည့်သားဖြစ်သူကို အဖေရော အမေကပါအားပေးသည်

မိုးကျော်တယောက် တွေးမိတွေးရာ တွေးရင်းအားငယ်လာမိပါတော့သည် "ငါ့အဖေ ရှိနေသေးရင် သိပ်ကောင်းမှာပဲ " ဆိုတဲ့ အတွေးက သာ စိုးမိုးနေပါတော့သည်။


လူရွေးပွဲကနောက်တပတ် နော် မိုးကျော် မင်းလိုက်မှာလားဘယ်လိုလဲ မင်းစကေးလ် နဲ့ဆို ရွေးခံရမှာ သေချာတယ် ဟေ့ရောင်

" အေးပါကွာ ငါလဲ အမေ့ကိုပြောဖို့ ခက်နေတယ်ကွ အဖေကန်ထဲက ကြိုက်တာမဟုတ်ဘူး ပြောရမယ်လို့မထင်ပါဘူးကွာ"

အေးပါ ကြိုးစားကြည့်ပါအုံး ဒီရွာမှာ မင်းလောက် ဘောကန်ကောင်းတာမရှိဘူးလေကွာ မင်းပဲ လက်ရွေးစင်ဖြစ်ချင်တယ်ဆို

ဖိုးသားစကားဆုံးတော့ အဖေ ပြောခဲ့တဲ့ စကားကို ကြားယောင်ကာ " အေးငါအမေ့ပြောကြည့်ပီး လိုက်ခဲ့မယ်ကွာ"

အမေ့ရေ့

ဘာတုန်း အလုပ်ရှုပ်ရတဲ့ကြားတဲ့ ငါ့လာမဖက်စမ်းနဲ့

အမေကလဲ

နင်မဟုတ်တာ ဘာလုပ်လာပြန်ပီလဲ ကလေးလိုလာချွဲမနေစမ်းနဲ့

သားမြို့တက်ပီး လူရွေးပွဲသွားချင်တယ်အမေ

လာပြန်ပီ ရှုပ်ရှုပ်ရှက်ရှက်တွေ မသွားစမ်းပါနဲ့အေ

အမေကလဲ ဒီတခါ ကလပ်အသင်းတစ်ခုက လာရွေးမှာ တဲ့ အမေရ ၁၆ နှစ်အောက် တွေ ခေါ်တယ်ပြောတယ် အမေရ သားသွားချင်လို့ပါနော်

နင်ဟာလဲလေ အဖေ ရှိတုန်းကလဲ အဲ ဘောပဲ သား အလှည့်ကျတော့လဲ အဲဘောပဲ နင့်ကိုပေးဖို့ ပိုက်ဆံမရှိဘူး နော် နင်သွားချင်လမ်းလျောက်သွား

ဘာပဲဖြစ်ဖြစ် သွားချင်သွားဆိုတဲ့ စကားတစ်ခွန်း အမေဆီက ကြားရတော့ မိုးကျော်ပျော်မိသည် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အခွင့်အရေး ကို ရအောင်ယူမည်ဟု ဆုံးဖြတ်ကာ ဖိုးသားဆီ သတင်းကောင်းပြောရအောင် ပြေးထွက်လာခဲ့တော့သည်

ဒေါ်မြတစ်ယောက် မိုးကျော်ပြေးထွက်သွားတာကိုကြည့်ရင်း သားဖြစ်သူကို မသွားစေချင်ပေမယ့် ယောက်ကျား ဖြစ်သူရဲ့ စကားကိုတော့သူမမေ့ သားဖြစ်စေချင်တာ ခွင့်ပြုပေးဖို့ သူမဆုံးခင်က အထပ်ထပ်မှာခဲ့တာကို ကြားယောင်လာလေသည်။

အပိုင်း (၅)

မိုးကျော်တို့ ရွာနားကမြို့မှာ လူရွေးပွဲကို လာလုပ်သည့် ဘောလုံး အသင်းက ရန်ကုန်က လိဂ် ၂ကလပ် အသင်းဖြစ်တဲ့ ဟင်္သာအက်ဖ်စီ မှ ဖြစ်သည်ဟုသိရသည်။ အရွေးခံရပါက အသင်းရဲ့ ယူ (၁၆) မှာ ကစားခွင့်ရရှိမည်ဟုသိရပီး လစာ ၂ သောင်းကျပ် နေစရိတ် စားစရိတ် အပီးအစီး ဟု သိရသောကြောင့် ရွာက လူငယ်လေးများ တက်ကြွနေကြသည်မှာ အဆန်းတော့မဟုတ်ပေ။

ရန်ကုန်ဆိုသည့်မြို့ကြီးမှာ ရွာနှင့်အလွန်အလှမ်းဝေးကွာလှသည် မှတ်မိသလော အဖေနဲ့ အမေပင် တစ်ခါပင်ရောက်ဖူးသည်ဟုဆိုသည်။ မိမိအရွေးခံရရင် ဆိုသည့်အတွေးနှင့်မိုးကျော်တယောက် မနက် ၅:၃၀ ထဲက အမေထည့်ပေးလိုက်သည့် ကောက်ညှင်းပေါင်း တစ်ထုပ်နဲ့ ပိုက်ဆံ ၁ သောင်း ကိုကိုင်ကာ မြို့ကို တစ်ဦးတည်းလမ်းလျောက်လာခဲ့လေတော့သည်။

မြို့ရောက်တော့ မိုးကျော်တယောက် နားချိန်ပင်မရဘဲ လူရွေးပွဲအချိန်နီးကပ်နေတာကြောင့် မြို့မကွင်း ဆီသို့ တစ်ဦးတည်းချီတက်လာခဲ့ပါတော့တယ်။

ဟေ့ရောင် မိုးကျော် ဒီဘက်လာဟ နာမည်စာရင်းပေးတာဒီဘက်မှာဟ

ဖိုးသား ရဲ့အသံလာရာဆီသို့ မဆိုင်းမတွ အပြေးသွားကာ ဦးလေးရေ နာမည် စာရင်းပေးချင်လို့ပါ

စာရင်းသွင်းခ ၅၀၀၀ ဟု ခပ်ပြတ်ပြတ် ဆိုလာသူက အသင်းမှ တာဝန်ရှိသူတစ်ဦးပင်ဖြစ်လိမ့်မည် ဆံပင်တိုတို နဲ့ ကွမ်းတပြစ်ပြစ် လုပ်ကာ တန်းစီ တန်းစီ ဟု အော်ဟစ်ကာ စာအုပ်တအုပ်ထဲ နာမည်ရေးကာ အလုပ်ရှုပ်နေလေသည်။

မိုးကျော်လည်း အမေပေးလိုက်သော ပိုက်ဆံထဲမှ ၅၀၀၀ တန် တစ်ရွက်အား ထိုးပေးရင်း

နာမည်ပြော

မိုးကျော်ပါ

အေးဟုတ်ပီ မင်းက အုပ်စု B ကိုသွား

ဟုတ်ကဲ့

မိုးကျော်ဒီဘက်လာ ငါတို့ရွာ (၄) ယောက်လုံး အုပ်စု B ပဲကွ
ဟု ဖိုးသားခေါ်သံကြောင့် ဘောလုံးကွင်းထောင့်တနေရာမှာ ကောက်ညှင်းပေါင်းထုပ်လေး ဖြေကာ မိမိတို့နာမည်ခေါ်သည်အထိ ထိုင်စောင့်နေလိုက်ကြသည်။


အပိုင်း (၆)

အယောက် ၂၀ တောင်ရွေးမှာတဲ့ ဟေ့ရောင်

အေးငါတို့ပါအောင်ကြိုးစားရအောင်ကွာ

အုပ်စု B က ကလေးတွေ ဒီဘက်လာကြပါ

အော်သံအဆုံး မိုးကျော်တို့အုပ်စု ခပ်သွက်သွက်ပင် စုရပ်နေရာသို့အပြေးသွားလိုက်ကြသည်

ဟိုကလေး ဖိနပ်စီးလေ လူခွဲကန်ခိုင်းမှာ သားတို့ကို

မိုးကျော်ကိုကြည့်ကာ နည်းပြဆရာ ဟုထင်ရသည့်တယောက်က လှမ်းပြောသည်

ဟုတ်ပါသည် ဆရာပြောမှ သတိထားမိသည် ကျန်လူများက ဝတ်စုံပြည့် ဝတ်ဆင်ထားကြပီး မိုးကျော်တယောက်တည်းသာ ရီးရဲလ် ဝတ်စုံ အနွမ်းလေးနဲ့ဖြစ်သည်

မပါဘူးဆရာ ဒီတိုင်းကန်လို့ရလားဗျ

မရဘူး သား ဒါဏ်ရာရသွားနိုင်တယ် ဆရာဖိနပ်တောင်းပေးမယ် ခဏလေး

ညီလေးရေ ဒီသားလေး နဲ့ တော်မယ့် ဖိနပ်တစ်ရန် ထုတ်ခဲ့ဟေ့

ကဲကဲ အုပ်စု B က ၁၅ မိနစ် ၂ ပိုင်း ကို ၂ ဖက်ခွဲကန်မယ် စာရင်းပေးထားတဲ့ နေရာ အတိုင်းဆော့မယ်နော် ဘာမေးစရာရှိလဲ

မရှိပါဘူးဆရာ

ဒါဆို နေရာယူကြတော့ ခဏနေ စမယ်နော်

ဟုတ်ကဲ့

ဘောလုံးကွင်းထဲတွင်း လူ ၁၅၀ ခန့် အရွေးခံဖို့ ရောက်နေကြသည်ဟုသိရပီး လူငယ်များပီပီ အားလုံးကတက်ကြွနေကြသည်။

အုပ်စု B ကို တာဝန်ယူ ကြီးကြပ်ရသူက ဆရာ အောင်အောင်ဖြစ်ပီး သူက အားကစားနဲ့ ပတ်သတ်ပီး ထိုင်းမှာ ကျောင်းပီးလာသူတစ်ဦးဖြစ်ကာ အတွေ့အကြုံ ရလိုသောကြောင့် ဟင်္သာ အသင်းမှာ အလုပ်ဝင်လုပ်နေသူဆရာ အသစ် တစ်ဦးဖြစ်သည်။

မိုးကျော်တို့ ၂ ဖက်ခွဲကန်ရာ မိုးကျော်တို့အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပီး မိုးကျော် ၁ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် အကြေနပ်ကြီး ကြေနပ်နေမိသည်။

မိုးကျော် မင်း ဒီနေ့ တယ်ကောင်းနေပါလား ဟ ဟု ဖိုးသား ချီးကျူးစကားဆိုလာတော့ ပြုံးသာနေလိုက်မိသည် စိတ်ထဲမှာတော့ ငါ့ကိုနောက်တဆင့်ရွေးပါစေဟုသာ ဆုတောင်းနေမိသည်။

သူငယ်ချင်းတွေနဲ့ အမောဖြေနေတုန်း ဆရာ အောင်အောင် ရောက်လာကာ

ကဲ နောက်တဆင့် အတွက် အရွေးခံရတဲ့ လူစာရင်း က အုပ်စု B က (၅) ယောက်ပါတယ်နော်

မိမိတို့အုပ်စု ဆရာ့စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြကာ ဆရာ နုတ်မှ အော်ခေါ်မည့် နာမည်ကိုသာ စောင့်စားနေကြသည်။

အပိုင်း (၇)

အောင်ကျော်စိန်

အောင်နိုင်

မိုးလုံး

မိုးကျော်

ကျော်ဝင်း

အဲဒီ ငါးယောက် ဆရာနောက် လိုက်ခဲ့နော်

မိုးကျော် နာမည်ပါတော့ ထခုန်မိမတတ် ပျော်ပေမယ့် ဖိုးသား နာမည် ခေါ်သံမကြားတော့ ဝမ်းနည်းမိသည်

ဖိုးသားကို လှမ်းကြည့်တော့ ခေါင်းငိုက်စိုက်ကျနေသည်

စိတ်မကောင်းမဖြစ်ပါနဲ့ ဖိုးသားရာ ဒီတခေါက်မပါ နောက်တခေါက် ကြိုးစားရင် ရမှာပါကွ

ဖိုးသားကို အားပေးစကားပြောကာ ဆရာ အောင်အောင် နောက် ကို သူတို့ (၅) ယောက် အပြေးလိုက်သွားကြသည်။

သားတို့အားလုံး ဒီဘက်လာကြ

နည်းပြ ဆရာဟုထင်ရသည့် အသားမဲမဲ ဗိုက်ပူပူ အသက် ၆၀ ဝန်းကျင်ရှိ ဆရာတယောက် ရဲ့ အော်သံကြောင့် မိုးကျော်တို့ အသံလာရာဆီသိုလှည့်ကြည့်လိုက်တော့

အရွေးခံထားရတဲ့ သူတို့အရွယ် လူငယ်ပေါင်း ၅၀ ခန့် ​၏ မျော်လင့်ချက် အပြည့်ယုံကြည့်ချက်အပြည့်နဲ့ မျက်နှာ များကိုမိုးကျော်မြင်လိုက်ရသည်

အသင်း ၄ သင်းခွဲကာ ထပ်မံကန်ခိုင်းပီး မိုးကျော် အဝေးကန်ချက်ဖြင့် သွင်းဂိုး ၁ ဂိုး ထပ်ရတာကြောင့် ယုံကြည်ချက် အပြည့်ဖြင့် မိမိနာမည်အခေါ်ကိုစောင့်နေမိသည်။

ဒါပေမယ့် မိုးကျော်မျှော်လင့်သလိုဖြစ်မလာခဲ့ပါ မိမိ ကြိုးစား ကစားပီး ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မျှော်လင့်သလို ဖြစ်မလာပဲ ဒုတိယ အဆင့် ရွေးချယ်မှု့မှာ မိုးကျော် နာမည် ပါမလာခဲ့တာကြောင့် ခေါင်းငိုက်ဆိုက်ချကာ သူငယ်ချင်းဖြစ်သူ ဖိုးသား ဆီသို့ လေးလံသော ခြေလှမ်းများဖြင့်လျောက်လာမိတော့သည်။

ရွာပြန်ရအောင်ကွာ မိုးကျော်ရာ ထမင်းစားချိန်တောင်နီးနေပီ လာပါကွာငါတို့ညံ့လို့ဖြစ်မှာပေါ့

ဖိုးသား ရဲ့ စကားကို သူလက်မခံချင် ဒါပေမယ့် အရွေးမခံရတော့ စိတ်ဓါတ်ကျမိတာတော့အမှန်ပင်

အေးပါကွာ ပြန်ကြတာပေါ့

နှစ်ယောက်လား လေးလံသော ခြေလှမ်းများဖြင့် ရွာဘက်ဆီသို့ ဦးတည်လျောက်လာလေတော့သည်။


အပိုင်း (၈)

မိုးကျော် ကို ဖိနပ်ငှားလိုက်သောကြောင့် မှတ်မိနေသည်က ဆရာအောင်အောင်

ဖိနပ်ပြန်လာထား ကာ ကျေးဇူးပါဆရာ ဟုပင် ပြောမသွားတော့ ဒီကလေးဘယ်သွားမလို့လဲဟု သူတွေးမိလိုက်သေးသည်။

ဘာလို့ဆို သူရွေးချယ်ထားတဲ့ စာရင်းထဲမှာ မိုးကျော်က ထိပ်ဆုံးကပါသည် ပါးနပ်သည် ဉာဏ်သုံးကစားတတ်သည် တကိုယ်ကောင်းမဆန်ပဲ Team Work ကောင်းသည် ကို အချိန်တိုအတွင်း သူလေ့လာမိသည်

ချက်ချင်းဆိုသလို စီနီယာ နည်းပြရွေးချယ်ထားသော လူစာရင်းစာရွက် ကို တောင်းကြည့်လိုက်ရာ
သူ့ရဲ့ အုပ်စု (B) မှ အောင်နိုင် နဲ့ မိုးလုံး တို့ ရဲ့ နာမည်များကိုသာ တွေ့လိုက်ရသည်။

ကိုကျော် ကျွန်တော်ရွေးထားတဲ့ ထဲမှာ မိုးကျော် ဆိုတဲ့ ကလေး ပါတယ်ဗျ သူပြန်သွားတာတွေ့လို့

အေးဟုတ်တယ် အောင်အောင် ငါဖြုတ်လိုက်တာ

အောင်အောင် ဘာမှ ဆက်မပြောတော့ပဲ ထွက်လာခဲ့လိုက်သည် သူက အလုပ်ကိုခုမှ စလုပ်သည့် အလုပ်သင်တယောက် ဖြစ်တာရယ် ဒီလိုမျိုးတွေ ဒီနိုင်ငံက လူရွေးပွဲတွေမှာ ဖြစ်နေကြရယ်ဆိုတာ သူကောင်းကောင်းသိသည်။

သူ့စာရွက်ထဲက မိုးကျော် စာရင်းသွင်းထားခဲ့တဲ့ လိပ်စာရယ် ဖုန်းနံပါတ်ရယ်ကိုသာ ငုံ့ကြည့်နေမိလိုက်သည်။

မိုးကျော်တို့ ရွာပြန်ရောက်တော့ အိမ်ဝိုင်းထဲတောင်မဝင်ရသေး မိခင် ဒေါ်မြက လှမ်းတွေ့တော့

ဘယ်လိုလဲ ဘောဆရာကြီးရဲ့ ပိုက်ဆံကုန်ပီး ပြုတ်လာခဲ့ပြန်ပလား တော့

နင်တို့ဟာ ငါ့ဖြင့် နင့်အဖေ ကန်ထဲက ရိုးနေပါပီအေ

ပိုက်ဆံပေးနိုင်ရင် ရွေးတဲ့အထဲပါမယ် မပေးနိုင်ရင် မပါဘူး ဒါပဲမလား တော်ပါတော့ မိုးကျော်ရယ် ငါ့မှာလဲ နင့် ပေးစရာ အိမ်တိုင်ပဲရှိတယ်ရော်

မိခင်ဖြစ်သူ ဒေါ်မြက ပြောဆိုပီး မီးဖိုချောင်ဘက် ဝင်သွားလေသည်

အမေအဲလိုပြောတော့ မိုးကျော်စဉ်းစားမိသည် အောင်နိုင် နဲ့ မိုးလုံး တို့ (၂) ယောက် အရွေးသာခံရတာ သူ့လောက် မကစားနိုင်တာကို သူသိသည် ဒါပေမယ့် သူတို့ (၂) ယောက်ကို သူတို့ရဲ့ အဖေ တွေကိုယ်တိုင်က လိုက်ပါအားပေးကာ ဆရာတွေအတွက် ကွမ်းဆေးလိပ် နဲ့ စားစရာကအစ ပြည့်စုံစွာ ဝယ်ပေးနိုင်သလို ဆရာများနဲ့လည်း ခင်အောင်ပေါင်းတာကို မိုးကျော်မြင်ခဲ့ရတော့ အမေပြောတာလဲ မှန်သင့်သလောက်မှန်ပါလိမ့်မည်

မိုးကျော်မှာတော့ ဝမ်းနည်းစွာဖြင့် အဖေ့ကိုသာ တမ်းတမိသည်

အဖေသာရှိရင် ကောင်းမှာပဲ

အပိုင်း (၉)

ရွာမှာ မိုးကျော်တစ်ယောက် ဘောလုံးမကန်ဖြစ်တာ ပင် (၁) လခန့်ရှိလေပီ အမေ့အလုပ်တွေကူလုပ် အိမ်အလုပ်တွေလုပ်ရင်း ဝမ်းနည်း မှု့ကို ဖြေဖျောက်နေမိသည်

မိုးကျော်ရေ ဘောလုံးကန်မယ်လေကွာ

အိမ်ရှေ့မှာ က အော်သံကြောင့် မိုးကျော်ထွက်ကြည့်မိရာ ဖိုးသားဦးဆောင်ပီးခေါ်လာသော ရွာက ကလေးတသိုက်ကို တွေ့ရာ

ဟာ မကန်ချင်ပါဘူးကွာ မင်းတို့ပဲကန်ကြ

လာပါကွာ အောင်နိုင် နဲ့ မိုးလုံးတို့ မရှိတော့ လူမပြည့်ဘူးဟ

ထိုစကားကိုကြားတော့ ပိုဝမ်းနည်းမိသည် ဟုတ်တာပေါ့ သူတို့ (၂) ယောက်က မြို့ရောက်သွားပီလေ ဘောလုံးပညာကို စနစ်တကျသင်နေကြပီပေ့ါ
သူ့မှာသာ ရွာမှာ ယောင်လည်လည် နဲ့ ကျန်ရစ်ခဲ့သည်မဟုတ်ပါလား

အေးပါကွာ ကန်ကြတာပေါ့

ဟေး ( ကလေးတသိုက်ထအော်သံကြောင့် မိုးလုံးကျေနပ်သွားမိသည်)

ကိုကြီးမိုးကျော် ဘက်မှာ ငါနေမှာနော်
ဟာ ငါနေမှာကွ မရဘူး

ကလေးတွေအော်ဟစ်သံကြား မိုးကျော် တို့တသိုက် ဘောလုံးကွင်းဆီသို့ချီတက်လာကြတော့သည်

မိုးကျော်တို့ ကလေးတသိုက် နဲ့ မိုးရွာထဲဘောလုံးကန်နေတုန်း ကိုကြီးမိုးကျော် ကိုကြီးအမေက မှာလိုက်တယ် ဖုန်းလာတယ် အိမ်ပြန်လာခဲ့တဲ့

ဟမ် ဖုန်းလာတယ် ဘယ်ကလဲ ငါ့ဆီဘယ်သူကဆက်မှာလဲဟ အမေ ငါဘောလုံးကန်နေတာ သိလို့ လိမ်ခေါ်တာဖြစ်မယ် ဆက်ကန်မယ်ဟေ့

သိဘူး သားကိုခေါ်ခိုင်းလိုက်လို့ ပြောပီးပီနော် သွားတော့မယ်

မဖြစ်သေးပါဘူး ခဏကွာ ဆက်ကန်ကြ ငါ အိမ်ခဏပြန်လိုက်အုံးမယ်

အမေ့ရေ အမေ သားကိုဘာခိုင်းစရာရှိလို့ခေါ်တာလဲ

ဖုန်းလာလို့မိုးကျော်ရေ ခုတော့ ချသွားပီ ခဏပြန်ခေါ်မယ်ပြောတယ်

ဘယ်သူတုန်းအမေ

သိပါဘူးအေ မိုးကျော်ရှိလားတဲ့ သူက ဘယ်သူဆိုလားပြောတာပဲ ငါလဲ မိုးသံနဲ့ မကြားပါဘူးအေ ဟုဆိုတာ မိုးယိုနေသော အိမ်ခေါင်ကိုမော့ကြည့်ကာပြောလေသည်။

တီ တီ တီ တီ

ဟောလာပီ သွားကိုင်လှည့်

ဟုတ်အမေ

မိုးကျော်တယောက် ဖုန်းဆီသို့အပြေးအလွှား သွားကာ ဖုန်းကိုင်ပီး ဟယ်လိုဟု ထူးကာ တဖက်မှ အသံကိုနားစွင့်နေမိတော့သည်။

အပိုင်း (၁၀)

ဟယ်လို မိုးကျော်လား

တဖက်ကအသံက သူလုံးဝမကြားဖူးတဲ့ အသံမျိုးဖြစ်သည်

ဟုတ်ကဲ့ မိုးကျော်ပါဗျ

ဆရာပါ အောင်အောင်ပါ ဆရာ့ကိုမှတ်မိလား ပီးခဲ့တဲ့လက သားတို့ လူရွေးပွဲ လာတုန်းက ဖိနပ်ငှားပေးခဲ့တဲ့ ဆရာလေ

အော်ဟုတ် မှတ်မိပါတယ်ဆရာ

အေးဆရာပြောစရာရှိလို့ သားရဲ့ ခြေစွမ်းကိုဆရာက သဘောကျပေမယ့် နောက်ဆုံးရွေးတော့မပါလာခဲ့ဘူးလေ

သားစိတ်ဝင်စားမယ်ဆိုရင် ရန်ကုန်က ဆရာ့သူငယ်ချင်း ကလပ် တစ်ခုမှာ ကစားချင်မလားလို့ပါ သူတို့ရဲ့ အသင်းကြီးက နောက်(၂) နှစ် မှာ League 2 မှာ ဝင်ကန်ဖို့ ကြိုးစားနေကြတာ

ဟုတ်ကဲ့ဆရာ

သူတို့ရဲ့ ၁၆ နှစ်အောက် လူငယ်အသင်းမှာ တိုက်စစ် နဲ့ ညာတောင်ပံ (၂) နေရာ ဆော့တတ်တဲ့ ၁၆ နှစ်အောက် ကလေး တစ်ယာက် လိုတယ်ပြောလို့ နေစားငြိမ်း လစာ ၅ သောင်းဝန်းကျင်တော့ရမယ် သားအသက်ကလဲ ၁၄ ဝန်းကျင်ဆိုတော့ အိမ်ရဲ့ခွင့်ပြုချက်တောင်းပီး လာဆော့မလား သား

ဆရာ့စကား ဆုံးတော့ မိုးကျော်ရင်ထဲ ထီပေါက်သလိုပင်

ဟုတ်ဆရာ ကစားချင်တာပေါ့ အမေခွင့်ပြုမပြု မေးပီး သားဒီ ဖုန်းကိုပဲ ပြန်ဆက်ပေးပါ့မယ်

အေးအေးသား ဆရာဖုန်းမျှော်နေမယ်

ဟုဆိုကာဖုန်းချသွားတော့ အမေက

ရုပ်ကိုက မှိုရတဲ့ မျက်နှာနဲ့ ဘယ်သူတုန်း ဖုန်းဆက်တာ ဘာကိစ္စတဲ့လဲ

သားလူရွေးပွဲတုန်းက ဆရာဆက်တာအမေ ရန်ကုန်မှာ လာကစားမလားတဲ့

ဟုတ်ရဲ့လားအေ လူလိမ်တွေပေါပါဘိနဲ့

တကယ်အမေရ အဲဆရာက သားကိုရွေးချင်တာ မရွေးဖြစ်သွားလို့တဲ့

ဘယ်လောက်ပေးမတဲ့လဲ

နေစားငြိမ်း ၅ သောင်းတဲ့အမေ

မိုးကျော်အမေ တချက်ငိုင်သွားသည် သူတို့ရွာလို အနေအထားနဲ့ ၁ လ ၅ သောင်းဆိုတာ မက်လောက်စရာပင်
တစ်ယောက်တည်းရုန်းကန်ပီး သားမိနှစ်ယောက် သုံးစွဲစားသောက်နေတာပင် မလုံလောက်သလို သးအဖေရှိစဉ်က ငါ့သားကို သူဝါသနာပါရာ ဘောလုံးသမားဖြစ်အောင် ခွင့်ပြုပေးဖို့ မှာခဲ့သည်မဟုတ်ပါလား

အမေ့ (ခေါ်သံကြောင့် ဒေါ်မြလန့်သွားသည်)

သားသွားချင်တယ်အမေ

အေးလေ သွားချင်သွားပေါ့

မိုးကျော်တစ်ယောက် သွား ဆိုသည့်စကားကြောင့် အပျော်ကြီးပျော်သွားပေမယ့် အမေတစ်ယောက်ထဲ ရွာမှာ ထားခဲ့ရမယ်ဆိုတော့ စိတ်ထဲမကောင်း

ဒါကိုအမေကသိသည်ထင်သည်

အမေ့ စိတ်ပူမနေနဲ့ ကိုယ်အိမ် ကိုယ်ရွာပဲ အမျိုးတွေရှိနေတာပဲ

ဒါဆိုသား ဆရာ့ဆီ ဖုန်းပြန်ဆက်လိုက်တော့မယ်နော်

အေးပါ သားရယ် ဆက်ဆက်

ဆရာက နောက်လ မြို့ကို လာခေါ်ပေးမယ် ဆိုတော့ ၁ လလုံးလုံး မိုးကျော် အပျော်စိတ်ကြောင့် မြောက်ကြွမြောက်ကြွ ဖြစ်နေလေသည်

ခုတော့ မြို့ကိုသွားစောင့်ရမည့် ရက်သို့ပင်ရောက်လာခဲ့ပီ

အမေ့မျက်နှာကတော့ မကောင်း အားတင်းထားကာ

သားဟိုရောက်ရင်ကြိုးစားနော် လိမ်လိမ်မာမာ နေ ဆရာစကားနားထောင် အရက်တွေ ဆေးလိပ်တွေမသောက်နဲ့နော် ကိုယ်က အားကစားသမားလုပ်ရမှာမလား သားဖြစ်ချင်တဲ့ လက်ရွေးစင်ဖြစ်အောင်ကြိုးစားခဲ့နော် သား

အမေ့ မျက်ဝန်းထဲ မျက်ရည်စတွေ မြင်နေရသည်

သားသွားတော့မယ်အမေ ဟု ပြောကာ အမေ့ကို ဦးသုံးကြိမ်ချပီး မိုးကျော် မြို့သို့သွားရန် ပြင်လိုက်သည်

အိမ်ရှေ့ထွက်တော့ ဖိုးသားနဲ့ ကလေးတသိုက် သူ့ကို မြို့လိုက်ပို့ဖို့ ရောက်နေကြလေသည်

ဟာ ဟေ့ကောင်တွေ အုပ်စုတောင့်လှချီလား

ကိုကြီး မိုးကျော်ကို သားတို့ မြို့လိုက်ပို့မလိုလေ လက်ရွေးစင်ထဲပါအောင်လုပ်နော် TV ကနေ အားပေးနေမယ် သားတို့

အေးပါကွ ငါ ကြိုးစား မှာပေါ့ ငါချမ်းသာလာရင် မင်းတို့ကို ရွာမှာ ဘောလုံးကွင်းလဲဆောက်ပေးမယ် ဝတ်စုံပြည့်လဲ ဝယ်ပေးမယ် ကွာ

ဟေး တကယ်နော်

( အိမ်ထဲမှာ ထိုင်နေသော အမေ့ဆီမှ အသံတသံကြားလိုက်ရသည် သောက်ရှုး ဒီနိုင်ငံမှာ ဘောလုံးကန်ပီး ချမ်းသာတာ ငါ့တသက် မမြင်ဘူးဘူးဟေး)

အပိုင်း (၁၁)

မြို့ရောက်တော့ မြို့မ ကွင်းဘေးက လက်ဖက်ရည်ဆိုမှာ ဆရာက အသင့်စောင့်နေသည်

လာဟေ့ မိုးကျော် ဆရာဒီမှာ ရန်ကုန်သွားမယ့်ကားက ၁၂ ခွဲမှ ထွက်မှာဆိုတော့ သားတခုခုစားအုံး

မစားတော့ဘူးဆရာ ဗိုက်တင်းနေလို့ ( အမှန်တော့ သူအပျော်လွန်ပီး ဘာမှ မစားချင် )

ရန်ကုန် ရောက်တော့ ဆရာအိမ်မှာ ၁ ည တည်းပီး နောက်နေ့မှာပင် ဆရာက ရန်ကုန် မြို့ပြင် က မြို့နယ် တစ်ခုက ကလပ်ရဲ့ Camp ကိုလိုက်ပို့ပီး မိုးကျော် မှာ မိမိရဲ့ တူလိုသားလိုဖြစ်ကြောင်း ကိစ္စကြီးငယ် အတွက် သူတာဝန်ယူကြောင်း ထူးချွန်လာမယ့် ကလေးဖြစ်တာကြောင့် သေချာ လေ့ကျင့် သင်ကြားပေးဖို့ တာဝန်ခံ ဆရာ ကို သေချာ မှာကြားကာ မိုးကျော်ကို အပ်ခဲ့လေသည်။

နောက်ရက်မှ စပီး မိုးကျော်ကို အခြား သင်တန်းသားများနဲ့ အတူ ဘောလုံး စည်းမျဉ်းဥပဒေ များ အခြေခံ ဘောလုံး ပညာများနဲ့ ကွန်ပြူတာ အသုံးပြုနည်း နဲ့ ဘာသာစကား သင်တန်း များကို စတင်သင်ယူလေ့လာရတော့သည်။

ဘာသာစကားသင်တန်းမှာ Pro ဘဝအတွက် ပြင်ဆင်ပေးသောသင်တန်းဖြစ်ပီး နောင်တချိန် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်ကစားပါက အဆင်ပြေအောင် ထိုင်း နဲ့ အင်္ဂလိပ်စာ (၂) မျိုးကိုသင်ကြားပေးသည်။

မိုးကျော် ဘဝတွင် တစ်ခါမှ မစဉ်းစားဘူး မတွေးဘူးသည့် အရာများကို မြင်တွေ့သင်ကြား ရတော့ ဆရာ အောင်အောင် ကိုကျေးဇူးအရမ်းတင်မိသည်

ဆရာကတော့ အသင်းကြီးမှာ ဆော့ခွင့်ရအောင်ပဲ ကြိုးစားပေး အဲဒါဆရာ့ကျေးဇူး ဆပ်တာပဲ ဟု အကြိမ်ကြိမ်ပြောတာကို အသည်းထဲထိ မိုးကျော်မှတ်ထားမိသည်။

ရွာမှ အမေ့ကို လွမ်းတိုင်း အဆောင်က ဖုန်းနဲ့ ဆက်ဖြစ်သည် အမေကတော့ သားကိုကြိုစားပီးလိမ်မာ ဖို့သာ မှာသည် ဒါ့အပြင် ငါ့သားရေ ရွာက အောင်နိုင် ထက် သာအောင်ကြိုးစားပြလိုက်စမ်း သူတို့က ငွေရှိလို့ ဖြစ်လာတာ ငါ့သားကတော်လို့ ဖြစ်လာတာ လက်ရွေးစင်ဖြစ်အောင် လုပ်ပြလိုက်စမ်း ငါ့သား ဟုအမြဲ မြောက်ပေးလေသည်။

၆ လခန့်အထိ လေ့ကျင့်ရေး ပွဲစဉ်များသာ ကစားရပီး မိုးကျော်တယောက် မနားမနေ လေ့ကျင့်မှု့တွေကြောင့် နည်းပြ​၏ ချီးကျူးမှု့ကို မကြာမကြာ သူကြားလာရသည်။

နောက်လထဲ ယူ ၁၆ ပြိုင်ပွဲတစ်ခုရှိတယ်ဟေ့ အချိုရည်ကုမ္ပဏီ တစ်ခုက စပွန်ဆာပေးတာ အသင်းပိုင်ရှင်က ဝင်ပြိုင်ဖို့စိတ်ဝင်စားနေတယ် မင်းတို့ထဲက လူပြန်ရွေးမယ်နော် ပြိုင်ပွဲအတွက် အားလုံးကြိုးစားထားကြ

ဟုတ်ကဲ့ဆရာ

အဲနေ့ကစပီးမိုးကျော်တစ်ယောက် မနက်အစောပိုင်း Training မစခင် စောစောထ ကာ သက်လုံကောင်းအောင် အပြေးလေ့ကျင်သည် ဆရာအောင်အောင် ကမှာဖူးသည် ကွင်းထဲမှာ မိနစ် (၉၀) ကစားဖို့ဆို မင်းက မိနစ် (၂၀၀) လောက် ပြေးနိုင် ကစားနိုင် အောင် လေ့ကျင့်ထားမှရမယ်ကြားလား

ရွာမှာ စားသောက်ခဲ့သော အဟာရမပြည့်ဝမှု့ကြောင့် ပိန်လှီနေသော သူ​၏ ကိုယ်ခန္ဓာ မှာလည်း အနည်းငယ် ပြည့်လာကာ တဖက် နောက်ခံလူများကြား တွန်းတွန်း တိုက်တိုက် ကစားလာနိုင်နေလေပီ။

ယူ (၁၆) ပြိုင်ပွဲ မတိုင်ခင် လူရွေးချယ်ဖို့ ဆရာများက ကြံခိုင်မှု့ အဓိက ထားစစ်ဆေး တော့ သူ့အတွက် အတော်ပင် အဆင်ပြေပြေ လုပ်ပြနိုင်ခဲ့သလို သူ့နာမည်လဲ စာရင်းထဲမှာ ပါလာခဲ့သည်။

နောက်တပတ်မှာ သူတို့အသင်း ဝင်ပြိုင်ရမယ့် ပြိုင်ပွဲက သူ့ဘဝမှာ ပထဆုံးပြိုင်ပွဲဝင်ခွင့် ရသလို ကြိုးစားခွင့်လဲ ရတော့မှာဖြစ်တာကြောင့် ရင်ခုန်နေမိပါတော့သည်။


အပိုင်း (၁၂)

ပြိုင်ပွဲအုပ်စုအဆင့်မှာ မိုးကျော်တယောက် တိုက်စစ်မှု့းနေရာမှာကစားရပီး ပြိုင်ဘက်(၄) သင်း နဲ့ ယှဉ်ပြိုင်ကစားရကာ (၅) ဂိုးသွင်းယူထားနိုင်ခဲ့သည်။

ပြိုင်ဘက်အသင်းများ က အုပ်စုအဆင့်မှ ကွာတားဖိုင်နယ်ထိတက်ရောက်လာသော သူတို့အသင်းကို လေ့လာမှု့တွေ စတင်ပြုလုပ်လာကြပီး မိုးကျော်ရဲ့ဂိုးသွင်းစွမ်းရည်ကို အသိအမှတ်ပြုလာကြသည်။

မိုးကျော်ကလည်း မိုးကျော်ပင် ပြိုင်ဘက်ကို ဂိုးသွင်းတာကို ရိုးရိုးရှင်းရှင်း ဘယ်တော့မှ အသွင်း အလိမ်အခေါက်လေး ကပါအုံးမှ စကေးလ် ကလဲ ပြအုံးမှ ဆိုသလို ပရိတ်သတ်က မိုးကျော် ခြေထောက်ထဲ ဘောလုံးရောက်သွားရင်ကို အလှအပ လေးတွေကစားတတ်တာမို့ အကြိုက်တွေ့နေကြသည်။

မိုးကျော်တို့အသင်း Team Work ကောင်းစွာဖြင့် အဆင့်တိုင်း ကိုဖြတ်ကျော်လာခဲ့ ပီးနောက်မှာတော့

သားတို့ မနက်ဖြန် ဗိုလ်လုပွဲကန်ရမယ် ရှိသမျှ အားအင် အကုန် သုံးပီး ချန်ပီယံ ဖြစ်အောင်ယူကြမယ်နော် တကိုယ်ကောင်း မဆန်ရဘူး အသင်းလိုက် ကစားတတ်အောင် ဆရာတို့ သေသေချာချာ လေ့ကျင့်ပေးထားတဲ့အတိုင်း ကစားရမယ်နော်

ဟုတ်ကဲ့ဆရာ

အသက်အငယ်ပိုင်း အသင်းတွေကို ကိုင်တွယ်နေရတဲ့ ဆရာအနေနဲ့ ဒါကိုအဓိကထားအမြဲမှာဖြစ်သည်

ကလေးတွေအနေနဲ့ ဘောလုံးပြိုင်ပွဲတွေနဲ့ စတင်ထိတွေ့ရတဲ့အခါ Team Work နဲ့ ကစားတတ်ဖို့ တကိုယ်ကောင်းမဆန် ဖို့ ပြိုင်ဘက်ကို ရှိန်မနေအောင်နဲ့ ဥပဒေပ မကစားပဲ စိတ်ကိုထိန်းချုပ်နိုင်အောင် အမြဲ သူသင်ပေးသလို အချိန်ရတိုင်းလဲ သူပြောဖြစ်ပါသည်။

ဗိုလ်လုပွဲနေ့

ပရိတ်သတ် ဒီလောက်များတဲ့ ပွဲမျိုး မိုးကျော်တစ်ခါမှ မကစားဖူးပါ သူ့ဘဝမှာ ဒီပွဲက ပထမဆုံးပင်ဖြစ်လေသည်။

လူအများရှေ့ကစားရတော့မိုးကျော်မသိစိတ်လေးက အလှအပလေးတွေပြကစားချင်လာသည် ဆရာကမှာထားပေမယ့် သူ့ရဲ့ စိတ်က ဖျောက်မရနိုင်

ပွဲကစားချိန် ပထမပိုင်း ၁၀ မိနစ်ခန့်မှာ ကောင်တာ တိုက်စစ်မှ မိုးကျော်လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးဆွဲပြေးခွင့် ရခဲ့ပီး တစ်ဖက်အသင်းမှ နောက်ခံလူ တစ်ယောက် နှင့် ဂိုးသမားသာ သူကျော်ဖြတ်ရန်လိုအပ်တော့သည်

နောက်ခံလူကို လှလှပပ ကျော်ဖြတ်လာခဲ့ပီး ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့

ဂိုးထဲကို ကန်မသွင်းပဲ ဂိုးသမား ကိုပါ လိမ်ပီး သွင်းချင်စိတ်က ပေါ်လာသည် တဖက်မှာလဲ မိမိအသင်းဖော်က လက်ထောင်ကာ ဘောလုံးတောင်းနေသည်

မိုးကျော် ဂိုးထဲလဲမကန်သွင်း သူများကိုပေးဖို့လဲ မစဉ်းစားတော့ပဲ ဂိုးသမားကိုလိမ်ဖို့ ဆုံးဖြတ်အပီး ညာဘက်ကိုဘောလုံးကိုခေါက်ယူလိုက်ချိန်မှာ တဖက်အသင်းမှ နောက်ခံလူ နဲ့ ဂိုးသမားရဲ့ ခြေအစုံက သူထံဝင်လာပီး လဲကျသွားလေသည်

ကန်ရင်လဲကန် ပေးရင်လဲ ပေးပါလားကွာ

ဒီကောင် ဘာလုပ်တာလဲ

အပိုင်ကန်ရမှာ ကြီးကိုကွာ

အဲကောင်ထုတ်

ဘေးမှ အော်သံများ နဲ့ အတူ ဒိုင်လူကြီး​၏ ဝီစီမှုတ်သံကို ကြားရသည် မိုးကျော်ကတော့မထနိုင်တော့ပီ ဂိုးဧရိယာ အပြင်ဘက်မို့ ဒိုင်လူကြီးက ပြစ်ဒါဏ်ဘောပေးကာ မိုးကျော်ကို ဆေးအဖွဲ့က မထုတ်သွားကြသည်။

ဒါဏ်ရာကြောင့်မိုးကျော် လူစားလဲ ခံလိုက်ရသလို ဗိုလ်လုပွဲမှာလည်း မိမိတို့အသင်း ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါသည်။

မိုးကျော် ဒါဏ်ရာကြောင့် ၂ ပတ်ခန့် နားလိုက်ရသလို နည်းပြ နဲ့ အသင်းဖော်များက တကိုယ်ကောင်းဆန်စွာ ကစားတဲ့ကောင်ဟု သတ်မှတ်ချင်းကိုပါခံခဲ့ရတော့ ဝမ်းနည်းမိနေတုန်း ဆရာအောင်အောင်ရောက်ချလာကာ

မိုးကျော်

ဗျာ ဆရာ

သားကို ဆရာ အမြဲပြောတယ် စကေးလ်ပြတာတွေက ဒါဏ်ရာရတတ်တယ် တကိုယ်ကောင်းမကစားနဲ့ လို့ ဆရာမှာထားတယ်လေကွာ ခု ပြိုင်ပွဲတလျောက် သားဘယ်လောက် ကောင်းကောင်း ကစားခဲ့ ကစားခဲ့ အမှားတခု လုပ်မိတာနဲ့ အကုန်မှားတော့တာပဲ တွေ့တယ်မလား

ဟုတ်ကဲ့ဆရာ

ဘောလုံးအသင်းမှာ လူ ၁၁ ယောက်ရှိတာ သူ့နေရာနဲ့သူ Team Work နဲ့ဆော့ဖို့ကွ သားစကေးလ် တွေပြနေတာကို ကျန်တဲ့ ၁၀ ယောက်က ထိုင်ကြည့်ဖို့ ထည့်ထားတာမဟုတ်ဘူး ဆရာပြောတာနားလည်လား

ဟုတ်ဆရာ သားသဘောပေါက်ပါပီ

ဟုတ်ပါသည် မိုးကျော် သင်တန်းဆရာတွေစီက ဒီလိုဆုံးမသင်ကြားတာမျိုး ခဏခဏကြားခဲ့ရသော်လည် ပင်ကိုယ်စရိုက်ကို မဖျောက်ဖျက်နိုင်တော့ အမှားများခဲ့တာကို ဒါဏ်ရာရမှ ပြန်လည် သုံးသပ်မိသည်။

သူ့ဘဝရဲ့ ပထမဆုံးပြိုင်ပွဲမှာတော့ အပြင်ဒါဏ်ရာရော စိတ်ဒါဏ်ရာပါ မိုးကျော်ရခဲ့လေတော့သည်။

အပိုင်း ၁၃

(၃) နှစ်ခန့်ကြာပီးနောက်

ပြိုင်ပွဲအတွေ့အကြုံလဲ မိုးကျော် တစ်ယောက် အတော်အသင့်ရခဲ့ပီ ဂိုးသွင်းအများဆုံးဆုနဲ့ တချို့ပွဲစဉ်များတွင် အကောင်းဆုံးကစားသမား ဆုရသည်အထိ လူငယ်အသင်းတွင်မိုးကျော်အောင်မြင်မှု့များဆက်တိုက်ရရှိလာခဲ့သည်

မိုးကျော်တို့ ကလပ်ရဲ့ လူကြီးအသင်းက League 2 ကနေ တန်းတက်သွားကာ Pro League ကို စတင်ကန်ရတော့မည့်နှစ်ဖြစ်သည်

အသင်းသားနဲ့ နည်းပြအားလုံးပျော်ရွင် အားတတ်နေကြပီး ရာသီအသစ်အတွက် အသင်းပိုင်ရှင်နဲ့ အတူ ဆေးနွေးတိုင်ပင်မှုတွေပြုလုပ်ပီး ကစားသမား ခေါ်ယူမှု့အတွက် လုံးပမ်းနေကြတာ မိုးကျော် မြင်တွေ့နေရသည်။

နာမည်ကြီးကစားသမား ခေါ်ယူဖို့ အတွက် ကလပ်အသင်း အသုံးစရိတ်တွေ လျော့ချ ဖြတ်တောက်ကာ တချို့ ခြေစွမ်းမပြနိုင်သည့် ကစားသမား တချို့ အိမ်ပြန်ကြရသည်ဟု မိုးကျော်ကြားနေရသည်။

နည်းပြချုပ်အဖြစ် အရင် လက်ရွေးစင် ဖြစ်ခဲ့ပီး နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ထွန်းထွန်းက ကိုင်တွယ်မှာ ဖြစ်ပီး လက်ထောက်နည်းပြကတော့ မခန့်အပ်ရသေးဟု သိရှိရသည်။

မိုးကျော်ရေ ဆရာခေါ်နေတယ်

ဟုတ်လာပါပီဗျ

အဆောင်အပြင်ဘက်မှာ နည်းပြဆရာက ရပ်စောင့်နေပီး လာဟေ့မိုးကျော်

ဟုတ်ကဲ့ဆရာ

ဘယ်ကိုသွားမယ် ဘာလုပ်မယ်ပင်မပြော ငါ့နောက်လိုက်ခဲ့ကွာဆိုပီး ဆရာက ရှေ့ကခပ်သုတ်သုတ် သွားရာ

မိုးကျော်အပြေးပင်လိုက်ရသည်

မင်းဒီမှာခဏစောင့်အုံး ငါအထဲအရင်ဝင်လိုက်အုံးမယ်ဟုဆိုကာ

အစည်းအဝေးလုပ်နေကျ အခန်းထဲသို့ ဆရာဝင်ချသွားသည်

၃ မိနစ်ခန့်ကြာတော့ " မိုးကျော် ဝင်ခဲ့ကွာ " ဆိုသည့်ခေါ်သံကြောင့် အခန်းထဲသို့ မိုးကျော်လိုက်ဝင်သွားခဲ့ရာ

အစည်းအဝေး ခန်းမထဲက ခုံတွေမှာ ကိုယ်စီထိုင်နေတာက အသင်းပိုင်ရှင် အတွင်းရေးမှုး နည်းပြချုပ် ထွန်းထွန်း နဲ့ သင်တန်းဆရာ (၄) ယောက်ကို တွေ့လိုက်ရတော့ စိတ်ထဲထင့်ခနဲဖြစ်သွားသည်

ငါဘာအမှားလုပ်ခဲ့မိပါလိမ့် ငါ့ကို ဆူဖို့ခေါ်တာလား စသည်ဖြင့် အတွေးပေါင်းစုံကခေါင်းထဲဝင်လာသည်
သူတို့အဆောင်မှ သူ့ထက်စီနီယာကျသည့် သင်တန်းသား (၂) ယောက် ကို အရည်အချင်းမပြည့်မီဟုဆိုတာ ယခုလိုခေါ်တွေ့ပီး အိမ်ပြန်ခိုင်းလိုက်တဲ့ သတင်းလဲ သူကြားထားတော့ မိုးကျော်တယောက် ကြောက်နေမိသည်။

လာ မိုးကျော် ထိုင်ကွာ

ဟုတ်ကဲ့ပါဆရာ

ဆရာရေ မိုးကျော်ဖိုင်တွဲလေး ကျွန်တော်ကိုတချက်ပြန်ပြပါအုံး ဟု အသင်းပိုင်ရှင်က နည်းပြဆရာ ကိုလှမ်းပြောလိုက်သည်

ဆရာကလဲ ချက်ချင်းဆိုသလို ထသွားကာ စားပွဲပေါ်က ဖိုင်တွေကြား အပြာရောင်ဖိုင်လေးကို ထိုးပေးလိုက်သည်

မိုးကျော်ရဲ့ ဖိုင်ကို တရွက်ချင်းစီ လှန်လှောနေတုန်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေကာ စိုးရိမ်စိတ်ကြောင့် မိုးကျော် ခြေဖျားလက်ဖျားတွေ အေးစက်လာပါတော့သည်။


အပိုင်း (၁၄)

မိုးကျော်

ဗျာ ဆရာ

အသင်းပိုင်ရှင်က စကားဆက်သည်

သားဒီမှာ ကစားလာတာ အသက် (၁၄) နှစ်ထဲက နော် အခုဆို (၁၇) နှစ် ပြည့်ပီဆိုတော့ သားနဲ့ပတ်သတ်တဲ့ Record တွေကို ဆရာတို့ ဆွေးနွေးတိုင်ပင်ပီး ဆုံးဖြတ်ချက်တစ်ခုချရမယ့် အချိန်ကိုရောက်လာပီလို့ ယူဆရလို့ ခေါ်တွေ့ရတာ

ဆရာတို့အသင်း Pro League မှာ ဒီနှစ်ကစားရမယ်ဆိုတာ အားလုံးလဲသိကြပီးသားပါ အဲတော့ ဆရာတို့ အသင်းမှာ အားနည်းတာက တိုက်စစ် မနှစ်က တနှစ်လုံး ကြိုးစားပီး အဆင့် (၂)သာရခဲ့တာ သွင်းဂိုးက ထင်သလောက်မရခဲ့ဘူး အဆင့် (၁) ရတဲ့ အသင်းနဲ့ ဆို ၂ ဆ နီးပါးဟိုက ပိုများနေတယ်

အဲဒါကြောင့် ဆရာတို့က အသင်းရဲ့ ဘတ်ဂျတ်ကို ချွေတာဖြတ်တောက်ပီး Pro League မှာ ကစားနေတဲ့ လက်ရွေးစင်ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှုး တစ်ဦးကိုခေါ်ယူချင်တယ်လို့ နည်းပြတွေက တင်ပြကြတယ်

မိုးကျော် ရင်ထဲ သိပ်အဆင်မပြေပါ ဘတ်ဂျက်အကြောင်းပြပီး သူကိုအသင်းက ထွက်ခိုင်းတော့မှာလား ဆိုတဲ့ အတွေးနဲ့ ဆက်နားထောင်နေမိသည်

အသင်းပိုင်ရှင်ဆရာက ဆက်ပြောသည်

အဲတော့ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှုးတစ်ဦးရဲ့ လစာနဲ့ ခေါ်ယူကြေးကလဲ မနည်းဘူး ဆရာတို့လို သက်တန်းနု တဲ့ အသင်းအတွက် အခက်အခဲရှိတော့လေ

သားကို လက်ထောက်နည်းပြအသစ်က သဘောကျပီး အသင်းကြီးအတွက် တာဝန် ယူကစားပေးစေချင်တယ်လို့ တင်ပြထားတာရှိတယ် နည်းပြချုပ် ထွန်းထွန်းကလဲ စကားပြောကြည့်ချင်တယ် ဆိုလို့ ဆရာတို့ခေါ်တွေရတာပါ

မိုးကျော် ရင်ထဲ ဆို့နေတဲ့အလုံး ခုမှ ကျသွားတော့သည်

ဟုတ်ကဲ့ပါဆရာ ကျွန်တော့်ကိုရွေးချယ်ခဲ့ရင်တော့ အကောင်းဆုံးကြိုးစားမှာပါ စိတ်ချပါဆရာ

ကိုထွန်းထွန်းကရော ဘာပြောချင်သေးလဲ

မိုးကျော်ရဲ့ ခြေစွမ်းကို ကျွန်တော် အသင်းရဲ့ ဗီဒီယိုဖိုင် အဟောင်းတွေကို ကြည့်ခဲ့ပီးပါပီ လက်ထောက်နည်းပြ ပြောသလိုပဲ လူငယ်အသင်း တိုက်စစ်ပိုင်းမှာ စိတ်ချရတဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်ပေမယ့် Pro League ကန်မယ့်အသင်းအတွက်ကျ အတွေ့အကြုံ လုံးဝမရှိတော့ ကျွန်တော့်အနေနဲ့ပြောရရင် တော့ အသင်းကြီးစာရင်း မှာ အရန်ကစားသမားအနေနဲ့ပဲ သုံးချင်ပါတယ်

ဒါပေမယ့် အသင်းကလဲ ဘတ်ဂျတ်အရ ကစားသမားခေါ်ယူဖို့ အခက်အခဲရှိလေတော့ မိုးကျော်ကို ရာသီကြိုခြေစမ်းပွဲမှာ ထည့်သုံးကြည့်မယ် ခြေစွမ်းပြနိုင်ရင် အသင်းမှာ ဆက်ကစားလို့ရမယ် ဒါပေမယ့် အရန်အနေနဲ့ပဲ လျာထားချင်ပါတယ်

အသင်းအနေနဲ့ ကျွန်တော်အဆိုပြုထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ တိုက်စစ်မှုးတစ်ဦး မဖြစ်မနေ ရှာဖွေထားဖို့ လိုအပ်တယ်လို့ ထပ်ပြောချင်ပါတယ်

အသင်းပိုင်ရှင်နဲ့ လူငယ်အသင်းနည်းပြတို့ရဲ့ မျက်လုံးတွေက မိုးကျော်ဆီသို့ရောက်လာသည်

မိုးကျော်တစ်ယောက် ရှိသမျှ အားကိုတင်းထားလိုက်ပီး

ဆရာတို့ ကျွန်တော့်ကို ယုံကြည်ပီး အခွင့်အရေး ပေးပါ ကျွန်တော် အစွမ်းကုန်ကြိုးစားပီး အသင်းကြီးအတွက် ကစားပေးပါ့မယ်

အသင်းပိုင်ရှင်က

အေး ကောင်းပီလေ မိုးကျော် ဒါက ကနဦး စကားပြောဆို ဆွေးနွေးကြည့်တာပါ သားကြိုးစားမယ်ဆိုရင် ဆရာတို့ကနေရာပေးဖို့အဆင့်သင့်ပါပဲ

အသင်းအတွက်လဲ အဆင်ပြေသလို လူငယ်တွေကိုလဲ မြေတောင်မြှောက်ပေးဖို့ကလည်း ဆရာတို့တာဝန်မို့ စာချုပ် ကိစ္စ နဲ့ လစာ ညှိနိုင်းဖို့ သားတို့ နည်းပြ ပြန်ပြောပါလိမ့်မယ်

ပြန်လို့ရပါပီ

ဟုတ်ကဲ့ပါဆရာ

မိုးကျော်တစ်ယောက် အစည်းအဝေးခန်းကိုကျောခိုင်းထွက်လာပေမယ့် စိတ်ထဲမှာ ဇဝေဇဝါပင် မိမိကို တိုက်စစ်နေရာအတွက် နေရာပေးပီး ကစားစေချင်တဲ့ လက်ထောက်နည်းပြက ဘယ်သူမှန်း မသိသလို မိမိကိုအသင်းကြီး အရန်စာရင်းအတွက်သာ နည်းပြထွန်းထွန်းက လျာထားတာကြောင့် ကြိုးစားပီးပုံမှန်တိုက်စစ် တစ်နေရာရအောင်ကြိုးစားပြမယ်ဟု ကြုံးဝါးမိသည်။

နောက်တရက်ကျ နည်းပြချုပ်ရောက်လာပီး အသင်းကြီးအတွက် စာချုပ်ကိစ္စ လာရောက်ဆွေးနွေးကာ ၁ နှစ်စာချုပ်ချုပ်ဖြစ်သည် နည်းပြကတော့ ယခုထိ သူ့ကို ယုံကြည့်မှု့မရှိသေးပဲ အရန်အဖြစ်သာ ထားမည်ဖြစ်ကြောင်း နဲ့ သူကစားရမည့်နေရာ စည်းကမ်းပိုင်းဆိုင်ရာများကိုအသေးစိတ်ဆွေးနွေးဖြစ်သည်။

ခဏနေ လက်ထောက်နည်းပြ လာမယ် မိုးကျော်ကို ရုံးခန်းထဲစောင့်နေပါဆိုလို့ မိုးကျော်တစ်ယောက် မပြန်သေးပဲစောင့်နေမိသည်

ထိုစဉ် အခန်းထဲသို့ လူတစ်ဦးဝင်လာတော့ မိုးကျော်မော့ကြည့်မိသည်

ထိုသူမှာ အခြားမဟုတ် ဆရာအောင်အောင်ပင်ဖြစ်သည်

ဟာဆရာ လာလည်တာလား

မိုးကျော် မိုးကျော် ဆရာဝတ်ထားတဲ့ ဂျာစီကိုလဲ ကြည့်ပါအုံးကွ

အဲတော့မှ သေချာကြည့်မိသည် ဆရာက သူတို့အသသင်း ဂျာစီ ကိုဝတ်ဆင်ထားတာ လက်ဆွဲအိတ်တစ်လုံးပါဆွဲလာတော့

ဟာ လက်ထောက်နည်းပြဆိုတာ ဆရာလား

ဟားဟား အေး ဟုတ်တယ် ငါ ဟင်္သာ အသင်းက နူတ်ထွက်လိုက်ပီး မင်းတို့အသင်းကိုပြောင်းလာတာဟေ့

မိုးကျော် မင်းကြိုးစားရမယ်နော် ဆရာ မင်းကိုယုံလို့ အသင်းကြီးအတွက် ပြောပေးထားတာ ဆရာယုံကြည်မှု့ကို အလဟဿ မဖြစ်နေနဲ့ ကြားလား

ဟုတ်ကဲ့ပါဆရာ

အပိုင်း (၁၅)

အသင်းကြီးကို မိုးကျော်စရောက်တော့ သူ့အသက်က အငယ်ဆုံးပင် ကျန်သူများက (၂၅-၃၅) ဝန်းကျင်ရှိကြသောကြောင့် အငယ်ဆုံးဖြစ်သူ မိုးကျော်ကို ချစ်ကြသလို စနောက်တတ်ကြသည်

Training ကိုအပြင်းအထန် ဆင်းတတ်သည့်သူ့ကို လက်ရွေးစင်ကြီး လာပီဟေ့ ဆိုသူကဆိုသလို

ဒီလောက်ကြိုးစားရင် နောက်နှစ် မန်ယူ နဲ့ အာဆင်နယ် အပြိုင်လုခေါ်ရမှာ မင်းကို ဟု စီနီယာများက စနောက်တိုင်း မိုးကျော်ပျော်မိသည်

သူ့အိမ်မက်ပင်မဟုတ်ပါလား

ဒီလိုနဲ့ ခြေစမ်းပွဲနေ့သို့ရောက်ရှိလာသည်

မိုးကျော်တို့နှင့် ကန်ရမယ့် အသင်းက League မှာ အဆင့် (၁၀) နေရာဖြင့် ရာသီသိမ်းထားသော တောင်ပေါ်ဒေသ အခြေစိုက် အသင်းတစ်သင်းဖြစ်သည်။

လူစာရင်းထွက်လာတော့ မိုးကျော် က အရန်နေရာသာပါသည် နည်းပြရဲ့ ရွေးချယ်မှု့ကို ဘာဖြစ်ဖြစ် မိုးကျော်ကြေနပ်သည် အခွင့်အရေးရရင် သူဖက်က ပြသရန်သာ အဆင်သင့်ပြင်ဆင်ထားလိုက်သည်။

ပွဲစတော့ တဖက်အသင်းက မိုးကျော် တို့အသင်းကို အတော်လေး ဖိကစားနိုင်ပီး ပထမပိုင်းတင် ၂-၀ ဖြင့် သူတို့ရှုံးနိမ့်နေသည် နည်းပြကတော့ သူ့ရဲ့ ကစားကွက်နဲ့ ကစားသမားများ အံဝင်မဝင်ကိုသာ ခြေစမ်းသောပွဲဖြစ်သောကြောင့် ရလဒ်ကို ဂရုမစိုက်

ဒုတိယပိုင်းမှာ ငါ့ကို ထည့်ကစားခိုင်းရင်ကောင်းမည်ဟု မိုးကျော်တွေးမိသော်လည်း ပွဲသာပီးသွားလို့ သူတို့အသင်း ၃-၀ နဲ့ ရှုံးသွားတယ် မိုးကျော် အရန်ခုံက မထလိုက်ရပေ

စိတ်ထဲတော့သိပ်မကျေနပ်ပေမယ့် သူဘာမှမတတ်နိုင်ခဲ့

ပွဲအပီး နည်းပြက အသင်းသားတွေနဲ့ စကားပြောတော့ အရှုံးကိုစိတ်မညစ်ဖို့ ဒါခြေစမ်းပွဲဖြစ်ပီး ဘယ်လောက်ကစားနိုင်လဲဆိုတာ စမ်းသပ်တာသာဖြစ်ကြောင်း ပြောပါတယ် မိုးကျော်တို့လို အရန်တွေကို ဒီပွဲမပါလည်း နောက်ပွဲကစားရမည်ဟု အားပေးစကားပင် ထည့်မပြောသွားခဲ့ပေ

ဒုတိယပွဲနေ့

ခြေစမ်းပွဲ (၂) ပွဲကစားရာ ယနေ့ပွဲကနောက်ဆုံးပင်ဖြစ်သည် နောက်တပတ်တွင် ပြိုင်ပွဲက စတင်ကန်ကြတော့မည်

အသင်းပိုင်ရှင်တို့နဲ့ ပြောခဲ့သလို ခြေစမ်းပွဲမှာ ခြေစွမ်းပြနိုင်ရင် တစ်နေရာ ရမယ်ဆိုတဲ့ စကားက ကစားပင်မကစားရလေတော့ ဝေးဝေဝါးဝါး ပင်ဖြစ်လာခဲ့သည်

ယနေ့ ကစားရမည့်အသင်းက League မှာ အဆင့် (၃) ရကာ ရာသီသိမ်းထားသည့် အသင်းဖြစ်ပီး နိုင်ငံခြားကစားသမား (၃) ဦးပါဝင်ကာ ကစားသမားကောင်းများ ထပ်မံအားဖြည့်ထားပီး ရာသီသစ်မှာ ချန်ပီယံဖြစ်အောင် ပြင်ဆင်နေသော အသင်းဖြစ်သည်

အသင်းလူစာရင်း ထွက်လာတော့ ထင်ထားတဲ့ အတိုင်း မိုးကျော်မပါခဲ့ပါ

စိတ်ပျက်စွာဖြင့် အရန်ခုံမှာ ထိုင်ကာ အသင်းကိုအားပေးနေလိုက်သည်

ယနေ့ပွဲမှာ မိမိတို့အသင်း စကားပုံကောင်းလာခဲ့ပီး ခြေစွမ်းပြ ကစားနေပေမယ့် တဖက်အသင်း အလွန်တောင့်တင်းတဲ့အသင်းဖြစ်တာကြောင့် ပထမပိုင်း အပီး ၁-၀ ဖြင့်ရှုံးနိမ့်နေလေသည်

ဒုတိယပိုင်းပြန်စတော့ လည်း ကစား သမား (၅) ယောက်ထိ မိမိတို့အသင်း လူစားလဲခဲ့ပေမယ့် မိမိနာမည် မပါဝင်ခဲ့ပါ

မိုးကျော်တယောက် နည်းပြမျက်နှာကို ကြည့်ရင်း တချိန်လုံး မိမိကစားခွင့်ရပါစေဟုဆုတောင်းနေမိသည်

ထိုစဉ်
ရွှီ ဟု ဝီစီ မှုတ်သံ ကြားလိုက်ရပီး မိမိတို့အသင်း မှအားထားရတဲ့ တိုက်စစ်မှုး ပင်နယ်တီစည်းထဲ လဲနေတာ လှမ်းတွေ့လိုက်ရသည်

နည်းပြက မိုးကျော် ထ Warmup လုပ်ထား ဟုလှမ်းအော်သည်

ကွင်းထဲလှမ်းကြည့်တော့ မိမိတို့ကစားသမား အတော်နာသွားသည်ထင်သည် မထနိုင်

ခဏနေတော့ မိုးကျော် လူစားဝင် ကစားဖို့ ကွင်းထဲပြေးဝင်လာခဲ့သည်

အချိန်ကတော့ (၆၂) မိနစ်ခန့်ရှိနေလေပီ မိုးကျော်သူ့အစွမ်းကိုပြသရန် မိနစ် (၃၀) ခန့်သာ ရသည် ဒါပေမယ့် အချိန်ကအရေးမကြီး သူ့အတွက်က ကွင်းထဲရောက်ဖို့သာ အရေးကြီးသည်

မိမိတို့အသင်း ရသည့်ပင်နယ်တီကို အသင်းခေါင်းဆောင်က အမှားအယွင်းမရှိသွင်းယူပီးနောက် ၁-၁ သရေ ကျနေသည်။

အဲဒီနောက် မိုးကျော်အခွင့်အရေး (၂) ကြိမ်ရသော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။

မိနစ် (၈၀) အရောက်မှာ တဖက်အသင်းက ဖိကစားရင် ကွင်းလည်မှာ လွတ်နေသော မိုးကျော် ထံ ဘောလုံးရောက်လာခဲ့ရာ တောက်လျောက် ညာတောင်ပံမှ သူဆွဲပြေးပီး ဂိုးဘက်သို့ ချိုးဝင်လိုက်သည် မိမိရှေ့မှာ ခံစစ်မှုး တစ်ဦးက ပိတ်ထားပီး ဂိုးထဲသို့ တိုက်ရိုက်ကန်သွင်းဖို့ကလဲ ကျဉ်းမြောင်းလှသည့်အနေအထား မို့ ယူ (၁၆) တုန်းကမိမိ အဖြစ်ကို ဖျတ်ကနဲ ခေါင်းထဲပေါ်လာကာ နောက်ခံလူရဲ့ပေါင်ကြားမှ တဆင့် ဂိုးတဖက်မှာ အသင့်စောင့်နေတဲ့ တိုက်စစ်မှုးစီ ထိုးပေးလိုက်ရာ (ဂိုး) ဆိုသောအသံနှင့်အတူ ကစားဖော်များ အောင်ပွဲခံနေပုံက ပီတိဖြစ်စရာပင်

(၁-၂)

တဖက်အသင်းက တစ်ဂိုးရှုံးနေတာကြောင့် တစ်သင်းလုံးတတ်လာကာ မိမိတို့အသင်းကိုဖိအားပေးကစားပေမယ့် ပွဲပီးတော့ မိုးကျော်တို့ သာ အနိုင်ရခဲ့ပီး စီနီယာကစားသမား နှင့် နည်းပြ​၏ ချီးကျူးမှု့ကိုခံရတော့ မိုးကျော် ကျေနပ်မိသည်။

ဂိုးဖန်တီးမှု့ တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် ရာသီသစ်စမယ့် နောက်တပတ်မှာ အရန်နေရာက လွဲပီး မိမိအတွက် မဖြစ်နိုင်တော့ဟု တွေးမိပီး မကျေမနပ်ဖြစ်နေမိတော့သည်။

အပိုင်း (၁၆)

ရာသီအသစ်စတင်ပါပီ

Pro League မှာအသင်း ၂၀ ပါပီး အခြား လိဂ်များလို ၃ သင်း တန်းဆင်း ၃ သင်း တန်းတက် ရပီး ထိပ်ဆုံး ၃ သင်းကတော့ အာရှပြိုင်ပွဲများကို ဝင်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်

အသင်း ပိုင်ရှင်ရဲ့ ရည်မှန်းချက်ကတော့ အဆင့် ၁၀ မှ ၁၇ အတွင်း ဝင်ရန်ဖြစ်ပီး အဓိက ရည်မှန်းချက်မှာ တန်းမဆင်းရရေးပင်ဖြစ်သည်။

ရာသီ အစ ပွဲစဉ် (၃) ပွဲမှာ အရှုံးနဲ့ပင်ကြုံတွေနေခဲ့ရပီး မိုးကျော်မှာလဲ အရန်ခုံကပင်မထခဲ့ရပါ

အရန်ကစားသမား အဖြစ်နေရလို့ အားမလိုအားမရဖြစ်နေသည့်အပြင် အသင်းကလဲ အမှတ်မရသေးတာကြောင့် မိုးကျော် တရက်မှာ ဆရာအောင်အောင် ဆီ သွားတွေ့မှရမည်ဟုတွေးတောကာ ထွက်လာခဲ့လေသည်

ဆရာ

ဟေ့ မိုးကျော် လာလေကွာ ဘာကိစ္စတုန်း အရန်ခုံကိစ္စလားဟေ့

မိုးကျော် ရယ်ကျဲကျဲ လုပ်ကာ ဟုတ်တာပေါ့ဆရာရယ် ကျွန်တော် ခုထိမကစားရသေးဘူးလေဆရာ

သူတို့ရဲ့ ပလန်ထဲ ကျွန်တော်ပါမပါ အခြေအနေလေးများ ဆရာသိမလားလို့ပါ

အေး မင်းကလဲ အခွင့်အရေးစောင့်နေတဲ့ သူဆိုတော့ စိတ်ရှည်ရှည်ထားပီး ဆက်စောင့်ပါလို့ပဲ ငါပြောချင်တယ်ကွာ တချို့ကိစ္စတွေကျ ငါကလဲ တာဝန်ရှိသူနေရာ ရောက်နေတော့ ပြောလို့မကောင်းဘူးကွ

ဟုတ်ကဲ့ဆရာ ခွင့်ပြုပါအုံး

အမှန်တော့ မိုးကျော် စီနီယာကစားသမား များက တစွန်းတစ ကြားထားတာရှိသည် ပိုသေချာအောင် ဆရာဆီ လာမေးကြည့်တာသာဖြစ်သည်

အသင်းပိုင်ရှင်က ကစားသမားအသစ်ဝယ်ဖို့ အဆင်မပြေ ကြောင်း သိရပီး နည်းပြချုပ် ဆရာထွန်းထွန်းကလည်း မိုးကျော်ကို အတွေ့အကြုံမရှိ ဟုဆိုကာ မသုံးပဲ ချောင်ထိုးထားသည်

လက်ရှိတိုက်စစ်မှုး ကလဲ ဒါဏ်ရာက ပြန်မလာနိုင်သေးတော့ အသင်းမှာ တိုက်စစ် အားနည်းနေသည်က အမှန်ပင် မိုးကျော်ကတော့ အချိန်မရွေး ကစားနိုင်အောင် Training သေချာလုပ်ကာ Fit ဖြစ်အောင်နေသည် ဆရာအောင်အောင် အရင်က ပြောဖူးတဲ့ မိနစ် ၉၀ ကစားဖို့ မိနစ် ၂၀၀ လောက် ပြေးနိုင်မှ တော်ကာကျမည်ဆိုသည့် စကားကိုသူမမေ့ပေ

အရန်ကစားသမားဆိုပေမယ့် လစာက (၃) သိန်းဖြစ်သွားတော့ ရွာက အမေဆီ သူပိုက်ဆံ လှမ်းပို့ဖြစ်သည်

အမေရေ သားပိုက်ဆံလွဲလိုက်တယ်နော် ဆိုပီး ဖုန်းခေါ်လိုက်တိုင်း

သားပဲ သုံးပါသားရယ် အမေကဖြင့် ရွာမှာ နေတော့ သုံးစရာမရှိပိုလို့ခက်နေတာ ဟု အမေက အမြဲပြန်ပြောတတ်သည်

ဒါ့အပြင် ငါ့သား က ရွာက အောင်နိုင်နဲ့ မိုးလုံးတို့ထက် လစာပိုများတာ အမေဖြင့်ကြွားမဆုံးပေါင်တော် ဟု လဲ ပြောတတ်သေးသည်

ဖုန်းချကာနီး ပြောနေကြ ကတော့ လက်ရွေးစင်ဖြစ်မှ ရွာပြန်ခဲ့နော်ငါသား တဲ့

တခါတလေ ဖိအားများကြားမှာ ကစားရတော့ ရွာက ကွင်းပြင်မှာ ဖိုးသားတို့လို ကလေးတသိုက် နဲ့ မိုးရွာထဲ ဘောလုံးကန်ရတာကိုပင် သူလွမ်းမိသွားသည်

မိုးကျော် ဒီနေ့ Line Up ပါတယ်နော် ညာတောင်ပံက ကစားရမယ်

ဗျာ ဟုတ်ကဲ့ဆရာ

Line Up ဝင်တဲ့ ၁၁ ယောက်ကို ဆရာထွန်းထွန်းက ယနေ့ မည်သို့ ကစားမည်ဖြစ်ကြောင်း ရှင်းပြနေသည်

အမှန်တော့ ဒီနေ့ မိုးကျော် Lineup ပါမယ်ဆိုတာ ရိပ်မိပီးသားပင်ဖြစ်သည် ဘာလို့ဆို မနေ့က အသင်းပိုင်ရှင်နဲ့ နည်းပြဆရာများ ရှုံးပွဲဆက်မှု့အတွက် အကျေအလည် ဆွေးနွေးကြသည်ဟုကြားရသည်

ဆရာအောင်အောင် ကလဲ မိုးကျော် ဒီည အိပ်ရေးဝအောင်အိပ်ပီး အားပြည့်အောင် လုပ်ထားဟု လာမှာသွားသေးသည်
ဒါသူ့အတွက် တစ်ခုခု ထူးခြားဖို့ရှိလိမ့်မည်ဟု သူတွေးထားပီးသာဖြစ်လေသည်

ယနေ့ ကန်ရမည့်အသင်းက နာမည်ကြီးအသင်းတစ်သင်းဖြစ်ပီး AFC Cup ကိုနှစ်တိုင်းနီးပါး ဝင်ပြိုင်နေရသည့် အသင်းဖြစ်သည် နာမည်ကြီး လက်ရွေးစင် ကစားသမား များ ပါဝင်သည့်အသင်းဖြစ်ပီး ပရိတ်သတ်အင်အားလည်း အတော်တောင့်တင်းသည်

ကန်ရမည့်ကွင်းက သုဝဏ္ဏ
အချိန်က ၄:၀၀
ရာသီဥတုက မိုးဖွဲဖွဲ

တဖက်အသင်းက တန်းတက်လာသည့် သူတို့အသင်းလေးကို မတူသလိုမတန်သလိုပင် တဖက်အသင်းပရိတ်သတ်တွေကလဲ သူတို့အသင်းက ဘယ်နဂိုးသွင်းမလဲ ဆိုတာ ကို စောင့်ကြည့်ဖို့ လာကြသည့်ပုံစံမျိုး

ပွဲစလေပီ

ရွှီ

ခရာမှုတ်သံ နှင့်အတူ တဖက်အသင်း တိုက်စစ်ကလဲ ကြောက်စရာကောင်းလောက်အောင် တိုက်စစ်က တရစပ် လာလေသည်

မိုးကျော်တို့လဲ နည်းပြ မှာထားသည့်အတိုင်း တဖက်အသင်းလို အသင်းကောင်းတသင်းကို တိုက်စစ်ဖွင့်မဆော့ပဲ ခံစစ်အသားပြုကာ ကစားရသောကြောင့် တဖက်သတ်အဖိခံရင်း ဂိုးမရှိသရေဖြင့် ပထမပိုင်း ပီးဆုံးသွားခဲ့သည်

အဝတ်လဲခန်းထဲအရောက် ဆရာထွန်းထွန်းက မိုးကျော် မင်း တိုက်စစ်မျှားဦးနေရာမှာ ကစားရမယ် ကောင်တာ ပဲစောင့် နောက်ထိ လိုက်ဆင်းကူစရာမလိုဘူး အေး ဘောလုံးကိုတော့ ကွင်းလယ် ထိ ဆင်းယူဖို့လိုတယ် သဘောပေါက်တယ်နော်

ဟုတ်ကဲ့ ပေါက်ပါတယ် ဆရာ

ဒုတိယပိုင်း ပြန်စတော့ တဖက်အသင်းမှာ ကစားအား အနည်ငယ် ကျလာတာကိုသတိထားမိလာသည် ဂိုးရလိုဇောကြောင့် အတင်းကြီးဖိကစား နေတာကြောင့် မိုးကျော် ကိုကပ်ကစားဖို့ နောက်ခံလူ တစ်ဦးသာရှိသည်

မိုးကျော်ကလဲ နေရာပေါင်းစုံကနေ ဘောလုံးအထွက်ကို ချောင်းနေတုန်း မိမိတို့အသင်း ဂိုးသမား က ပါးနပ်စွာဖြင့် ကန်တင်လိုက်တဲ့ ဘောလုံးက ကွင်းလယ်သို့ကျလာလေသည်

မိုးကျော် ဘောလုံးကို ထိန်းယူလိုက်ပီး နောက်ခံလူတစ်ဦး ကို လှလှပပ ကျော်ဖြတ် ကာ ဂိုးဆီသို့ ပြေးဆွဲ သွားလေသည်

အချိန်တခဏအတွင်း လျင်မြန်လွန်းတာကြောင့် မိမိ အသင်းကသားသမားများ ပါမလာနိုင်တာကို မိုးကျော်သတိထားမိသည် တဖက်အသင်းဂိုးသမားကလဲ လက်ရွေးစင်ဂိုးသမားဆိုတော့ အတော်ပါးပါးနပ်နပ်ရှိလှသည် ချက်ချင်းဆိုသလိုပင် ဂိုရှေ့ပြေးထွက်လာကာ မိုးကျော် ကန်သွင်းလို့ မအောင် ကာထားတာတွေ့ရသည်

ဒါပေမယ့် သူမသိတာက ၁၇ နှစ်သားလေး မိုးကျော်က အလိမ်အခေါက်မှာ ဆရာတစ်ဆူ ဆိုတာကို သူတို့မသိပေ

ကန်မလိုနဲ့ ခြေယောင်ပြပီး တချက်အခေါက်မှာ ဂိုးသမား မှောက်ရက်လဲ ကျန်ခဲပီး မိုးကျော်ကတော့ အသာအယာပင် ဘောလုံး နဲ့ ဂိုး မိတ်ဆက်ပေးလိုက်လေပီ

ဂိုး ဂိုး

အော်သံနဲ့အတူ အရန်ခုံတန်းက နည်းပြနဲ့ ကစားသမားတွေ ထခုန်နေကြတာ မိုးကျော်မြင်လိုက်ရပေမယ့် ပရိတ်သတ်ကတော့ တိတ်ဆိတ်ငြိမ်သတ်လျက်

မထင်မှတ်ထားပဲ ဂိုးပေးလိုက်ရတာကြောင့် တဖက်အသင်း တိုက်စစ်က ကြောက်စရာကောင်းလောက်အောင် ခက်ထန်နေပီး ပရိတ်သတ် အားပေးသံများအကြား သူတို့အသင်းဟာ အင်အားကုန်ခမ်း တဲ့ အထိ ခုခံနေရတုန်းမှာ တန်ပြန်တိုက်စစ်ကတဆင့် ထောင့်ကန်ဘောရခဲ့ပါတယ်

ပွဲပီးဆုံးဖို့ကလဲ (၅) မိနစ်သာ လိုတော့တာမို့ အသင်းခေါင်းဆောင်က ထောင့်ကန်ဘောနဲ့ အချိန်ဆွဲဖို့ ဆိုပီး ပြေးသွားပါတယ် ထုံးစံအတိုင်း လူနဲ့ ဘောလုံးကိုကာထားပီး အချိန်ဆွဲနေတုန်း တဖက်အသင်းမှ ဖျက်ထုတ်လိုက်နိုင်တာကြောင့် ဘောလုံးက ရုတ်တရက် အပေါ်သို့မြောက်တတ်ကာ ဘီးကုတ်ထိပ်ကို အကျ မြေသို့ပင်မထိ လိုက်ရ မိုးကျော် အားယူပီး ကန်လိုက်ရာ မမျှော်လင့်ထားပဲ ဂိုးသမား ရဲ့ ညာဘက်ထောင့် အပေါ်ကို တန်းတန်းမတ်မတ် ဝင်သွားလေတော့သည်

ဂိုး ဟု အော်သံကြားအပီး မိုးကျော်တယောက် မျက်လုံးများပင် ပြာကာ တကယ် ဂိုးတာရောဟုတ်ရဲ့လား ဟု ထင်မိကာ ဂိုးထဲ စိုက်ကြည့်ပီး မယုံနိုင်ဖြစ်နေတုန်း

အသင်းဖော်များ ပြေးဖက်လာပီး မိုးကျော်ကို ကြက်ကန်းဟု စနောက်ကြသည်

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအသင်းကောင်း ကို အသင်းလိုက်အနိုင်ရလိုက်ပီး (၂) ဂိုးလုံးလှလှပပ သွင်းယူနိုင်ခဲ့ကာ အကောင်းဆုံး ကစားသမားဆု ပါရယူနိုင်ခဲ့တဲ့ သူ့ရဲ့ ပွဲဦးထွက်ကိုဒီတသက် သူမမေ့နိုင်မှာ သေချာသည်

ပွဲပီးတော့ သူတို့အသင်း (၂-၀) နဲ့အနိုင်ရလိုက်လို့ အသင်းပိုင်ရှင်ရော နည်းပြဆရာ ထွန်းထွန်းပါ ပြုံးပျော်ပီး မိုးကျော်ကို ချီးကျုးသလို ဒီလိုသာ ကြိုးစားရင် နောက်ပွဲ တွေပါရမည်ဟု ကတိပေးစကားပါပြောလာသည်

ဆရာအောင်အောင်ကတော့ ပုံမှန်ပင် မိုးကျော်ကို ချီးကျူး နူတ်ဆက်ပီး ပွဲကြည့်စင်ပေါ် VIP ခုံတန်းဘက်က လူတစ်ယောက်ကို မော့ကြည့်နေမိတာ ကိုတော့ သူအပါအဝင် ဘယ်သူမှ သတိမထားမိခဲ့ပါ။


အပိုင်း (၁၇)

မနေ့က ပွဲအနိုင်ရတော့ ဆရာအောင်အောင် တယောက် ပျော်မိသည် မိုးကျော် ကို ပထမ (၁၁) ယောက်ထဲ ထည့်သုံးဖို့ သူအတော်လေး ကြိုးစား ပြောဆိုခဲ့ရသည်မဟုတ်ပါလား

ပွဲမတိုင်ခင်တစ်ရက်က Meeting မှာ

ဆရာထွန်း ကျွန်တော်တို့ မိုးကျော် ကို ဒီပွဲမှာ ထည့်သုံးသင်တယ်လို့ ထင်တယ်ဗျ

ဖြစ်ပါ့မလား ကိုအောင်ရ ကန်မယ့်အသင်းက ထိပ်တန်းအသင်းနော် မိုးကျော် ကအတွေ့အကြုံနည်းတဲ့ ကလေး ဗျ တဖက် နောက်တန်း နဲ့ ဂိုးသမားက လက်ရှိ လက်ရွေးစင်ကစားသမားတွေ နော်

ကျွန်တော်ကိုယုံပါဆရာ မိုးကျော် ကလေးဘဝ ထဲက ကျွန်တော် အနီးကပ် စောင့်ကြည့်လေ့လာခဲ့တာပါ ဒီလိုပွဲမျိုးက သူဝင်ကစားဖို့ လိုအပ်တယ်ဆရာ

အသင်းပိုင်ရှင်က

ဟုတ်တယ်ဆရာထွန်း ကလေးကို အခွင့်အရေးပေးဖို့အချိန်တန်ပီလို့ထင်တယ်

ဆရာထွန်းထွန်းကတော့

လူရွေးချယ်တဲ့ ကိစ္စ ကစားပုံနည်းစနစ် ကိစ္စတွေမှာ အသင်းပိုင်ရှင် ဝင်ရောက်ပြောဆိုမှု့အပေါ် သိပ်ကြိုက်ပုံမပေါ် ဒါပေမယ့်လည်း သူ့မှာက တိုက်စစ်မှုးအခက်အခဲကရှိနေ သူ့လက်ထောက် ဆရာ အောင်အောင် ကလဲ ဒီကလေးအတွက် ထောက်ခံပေးနေတော့ မိုးကျော်ကို ထည့်ကစားဖို့ ဆုံးဖြတ်ခဲ့သည်။

ခုတော့ မနေ့က အဖြစ်ကို ဆရာအောင်အောင်ကျေနပ်မိသည် သူ့တွက်ကိန်းမှန်ခဲ့ပီမဟုတ်ပါလား

အမှန်တော့သူဘာလို့ အဲဒီလောက် မိုးကျော်ကိုကစားစေချင်ခဲ့တာလဲ ဆိုတာ အကြောင်းအရင်း ကရှိနေသည်

မနေ့က ယူ (၁၈) အတွက် လူရွေးချယ်ရေးအဖွဲ့က ပွဲကိုလာကြည့်မယ် ဆိုတာ သူခန့်မှန်းမိသည် ဘာလိုဆို တဖက်အသင်းမှာ ယူ (၁၈) အသင်းအတွက်ကစားပေးနေတဲ့ ကလေး (၂) ယောက်ပါသည်

နောက်(၃) လနေရင် အာဆီယံ ယူ (၁၈) ပြိုင်ပွဲအတွက် လူရွေးချယ်ဖို့လုပ်နေတာ ဆရာ အောင်အောင် သိသည့်အတွက် အဲဒီ အခွင့်အရေး ကို မိုးကျော်ကို သူပေးချင်သည် သူတို့အသင်းက ကစားသမား မိုးကျော် ဟာ တဖက်အသင်းက လက်ရွေးစင်ကစားသမားတွေထက် ပိုကောင်းကြောင်း သူပြလိုသည်

ဒါကြောင့်လည်း သူကြိုးစားပီးပြောပေးလို့ မိုးကျော် ကစားနိုင်ခဲ့သလို ခြေစွမ်းပြ ပီး (၂) ဂိုး သွင်းယူ နိုင်ခဲ့တော့ အခြေအနေ မဆိုးဟု တွက်ဆ ခဲ့ကာ ပွဲအပီး မှာ ပွဲကြည့်စင်ပေါ်က လူရွေးချယ်တဲ့ အဖွဲ့ဘက် ကို သူမော့ကြည့်နေခြင်းဖြစ်သည်။

အဲဒီနောက် ပွဲစဉ်တချို့ မှာ မိုးကျော် ပွဲထွက်ခွင့်ရရှိလာခဲ့သည်

နည်းပြက သူ့ကို ညာခြမ်း မှာ ကစားခိုင်းသလို အထောင် တိုင်စစ်မှူးအဖြစ် ကစားရသည့်ပွဲလဲ ရှိသည်

(၂) လအတွင်း

မိုးကျော် သွင်းဂိုး (၆ ) ဂိုးထိရရှိထားပီး ဂိုးဖန်တီးပေးမှု့က (၄) ကြိမ်ထိရှိလာသည်

Pro League မှာ လူငယ်တိုက်စစ်မှုးတစ်ဦးအဖြစ် ထင်ရှားလာပီး သူလူစားဝင်လာရင် ဂိုးသွင်းယူတတ်လို့ တဖက် အသင်းတွေက သတိထားမိလာပီး စောင့်ကြည့်ကာ ကစားရသည်အထိ မိုးကျော်တိုးတတ်လာခဲ့သည်။

ဆရာအောင်အောင်ကတော့ အသင်းကိစ္စတွေလုံးပန်းရင်း ယူ (၁၈) လူစာရင်းထွက်ဖို့ ရက်လဲ နီးကပ်လာတာကြောင့် သူတပြည့်အတွက်သတင်းကောင်းကို​မျှော်နေမိသလို

မိုးကျော်တယောက်လဲ ပုံမှန် ပွဲထွက်ဖို့ရဖို့ကြိုးစားနေရင်းနဲ့ ယူ (၁၈) မှာ ကစားရဖို့ အခွင့်အရေး အတွက်လဲ သူပါဝင်ကစားခွင့်ရတဲ့ ပွဲတိုင်းခြေစွမ်းပြနိုင်အောင် ကြိုးစားနေသည်

ပွဲမရှိတဲ့ ပိတ်ရက် တစ်ရက်မှာ မိုးကျော်အဆောင်မှာ နားနေတုန်း ရွာက အမေ နေမကောင်းဟု သတင်းကြားတော့ မိုးကျော် အမေ့ဆီ ဖုန်းခေါ်လိုက်သည်

ဟယ်လို အမေ နေမကောင်းဘူးဆို

သား ကိုဘယ်သူပြောတုန်း ဖိုးသားရယ် ပြောတာ အမေ ဟိုနေ့က ဒီကောင် ရန်ကုန်တတ်လာတယ် သူ့ဦးလေး နဲ့ သားဆီ လာတွေ့တာနဲ့ သူ့ဆီကသိရတာ

နေမကောင်းတာရယ်တော့မဟုတ်ပါဘူး သားရယ် နည်းနည်း ပင်ပန်းလို့ပါ

ဆေးသောက်နားလိုက်တော့လဲ ပျောက်သွားပါပီ ငါ့သားရယ် ငါ့သားရော အဆင်ပြေလား

(အမေနေကောင်းတယ် ကြားရတော့ မိုးကျော် အပူလုံးကျသွားပီး သူအဆင်ပြေကြောင်း ဂိုးတွေဘယ်လိုသွင်းကြောင်း စီကာပတ်ကုန်း သူပြောဖြစ်သည်)

သား အဖေ ဖြစ်စေချင်တဲ့ လက်ရွေးစင်ဖြစ်ဖို့ ကြိုးစားနေတယ်နော် အမေ

အဖေ ဆိုတဲ့ စကားကြားတော့ အမေ သတိရသွားဟန် တူသည် ငြိမ်ကျသွားသည်

မိုးကျော် အလိုက်တသိပင် ဒါဆို နားတော့နော် အမေ နောက်ဆို နေမကောင်းရင် ဖုန်းဆက် အုံး သားဒီက ဆေးဖိုး လှမ်းပို့ပေးထားမယ်နော်

အေးပါသားရယ်

ဟုဆိုကာ ဖုန်းချ သွားလေသည်

တကယ်တော့အမေ ဘာလို့ နေမကောင်းလဲ ဆိုတာ အမေ ပြောမသွားလဲ မိုးကျော်သိနေသည်

ဖိုးသား လာတုန်းက ရွာက လယ်တွေကို ဘောစိ ဦးဌေးမြိုင်က အတင်းလိုက်ဝယ်နေတယ်နော် ဟေ့ရောင် မင်းတို့လယ် မြေနေရာတွေလဲ ပါတယ် မင်းအမေကတော့မရောင်းဖူးကြားတယ် တချို့ကတော့ ဈေးကောင်းပေးတော့ ရောင်းကြတယ် တချို့က လယ်ပဲလုပ်တတ်တော့ မရောင်းကြ ပေ မရောင်းတဲ့ လယ်တွေ ရေမရအောင် နဲ့ တခြားနည်းလမ်း တွေနဲ့ ဖိအားပေးနေကြောင်း ဖိုးကျော် က ပြောပြသွားလို့ သူသိပီးသားပင်ဖြစ်သည်

ဘာစီမံကိန်းဆိုလား မသိပါဘူးကွာ ဟု ရေရေရာရာ ပင် သူမပြော သွားပေမယ့် ဒါမျိုး ရွာနီးစပ်ချုပ်မှာ ဖြစ်နေကြ ဆိုတော့ ငယ်ငယ် ထဲက မိုးကျော်ကြားဖူးနားဝရှိနေသည်။

ရွာအကြောင်းနဲ့ အမေ့အကြောင်း တွေးမိရင်း စိတ်ညစ်နေတုန်း ဆရာအောင်အောင် ရောက်လာပီး

မိုးကျော် ယူ (၁၈) လူရွေးတာ နောက်တပတ်ဆို အဖွဲ့ချုပ်က ထုတ်ပြန်မယ် ကြားတယ်နော်

ဟုတ်လားဆရာ ကျွန်တော်အရွေးခံရရင် ကောင်းမယ်နော်

မင်းဒီတပတ်ပွဲ မှာ ခြေစွမ်းထပ်ပြလိုက်ပေါ့ကွာ စောင့်ကြည့်ရမယ့် လူငယ်တွေထဲ မင်းလဲ ပါလောက်တာပဲ

မိုးကျော် စိတ်ကူးနဲ့ ပျော်လို့မရမှန်းသိပါသည်
လာမည့် ပွဲမှာ သူအစွမ်းကုန်ကြိုးစားပြမယ်လို့ ဆရာအောင်အောင့်ကို ကတိပေးလိုက်သည်

စိတ်ချပါဆရာ လာမယ့်ပွဲ မိုးပျံနေတဲ့ မိုးကျော် ကိုဆရာတွေ့ရစေမယ်

ဟားဟား တယ်ဟုတ်ပါလားဟေ့ အေးပါ ကြည့်ရတာပေါ့ကွာ ဟုပြောရင်း ဆရာ ပြုံးကာထွက်သွားလေသည်


အပိုင်း (၁၈)

ဒီနေ့ ပွဲက မိုးကျော် အတွက် အရေးပါတဲ့ပွဲ ဖြစ်ကာ ခြေစွမ်းပြ ကစားနိုင်မည်ဟု သူယုံကြည်ထားသည်။

ကန်ရမည့်ပြိုင်ဘက်အသင်းက သူတို့လိုပင် တန်းတက်လာသည့်အသင်းဖြစ်သည့်အတွက် League 2 တုန်းက ပြိုင်ဘက် အသင်းဟောင်းဖြစ်သည်

ပြိုင်ဘက် အသင်း နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ ဖူးကာ မိမိ တို့အသင်းကပင် (၂-၀) ဖြင့် (၂) ကြိမ်လုံး အနိုင်ယူနိုင်ခဲ့သည် အတွက် အသင်းသားများက ယနေ့ပွဲအတွက် ဖိအားမရှိကြပဲ ပေါ့ပေါ့ပါးပါးပင် ကွင်းထဲဝင်လာကြသည်။

ပထမ (၁၁) ယောက်လူစာရင်း မှာ မိုးကျော်မပါ ဒုတိယပိုင်းကျမှ ဝင်ကစားရမည်ဟု နည်းပြက ပြောထားသည့်အတွက် ပထမပိုင်း ကို အရန်ခုံမှာ သူစောင့်ကြည့်ယုံသာရှိသည်

ပွဲစပါပီ

တဖက်အသင်းက အရင် League 2 တုန်းက အသင်းကို ငွေအားဖြင့် ပြောင်းလဲ ပြင်ဆင်ထားတဲ့အသင်းဖြစ်လို့ မိုးကျော်တို့ထင်သလို လွယ်ကူမနေတော့တာ ကို ပထမပိုင်း မိနစ် ၃၀ မှာပင် မြင်တွေ့လိုက်ရသည်

တဖက်အသင်းက (၁-၀) ဖြင့် အနိုင်ရနေသလို မိမိတို့အသင်းဖက်ကို တရစပ် ဆိုသလို ထိုးဖောက်ကာ ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရနေသည်

ဂိုးသမား ကောင်းလွန်းလို့သာ (၁) ဂိုး ပဲ ပေးထားရတဲ့ အဖြစ်ကို နည်းပြလဲ သုံးသပ် မိပီး မိုးကျော် ထထ Warmup မြန်မြန်

ဒီလို တဖက်သတ်အဖိ ခံနေရချိန် မိုးကျော်လို လျင်မြန်ပီး ကောင်တာ ကစားတတ်တဲ့ ကစားသမားကို သူထုတ်သုံးမှ ရတော့မည်ကို တွေးမိတာကြောင့် ပထမပိုင်း မိနစ် (၃၀) ကျော်လေးမှာ မိုးကျော်ကို လူစားဝင်ခိုင်းလိုက်သည်။

ဒါပေမယ့် ပထမပိုင်းသာ ပီးသွားသည် ရလဒ်က မပြောင်းလဲ မိုးကျော်အစွမ်းကုန် ကြိုးစားကျော်ဖြတ်ပေမယ့် တဖက်နောက်တန်းနဲ့ဂိုးသမားတို့က ကျစ်ကျစ်လစ်လစ် နဲ့ ပိတ်ဆို့ထားတာကြောင့် အလုပ်မဖြစ်ခဲ့ပါ။

နည်းပြက မိမိတို့အသင်း အဖိခံထားရတာကို အားသာချက် ပြန်ဖြစ်အောင် နောက်တန်းကို ပြန်လည် ပြင်ဆင်ပီး မိုးကျော် မင်း ရှေ့မှာပဲနေ သူတို့တွေ ကို ဖိအားမရှိပဲ ကစားခိုင်းနေလို့မဖြစ်ဘူး ဘောလုံးရတာနဲ့ ရအောင်ထိန်းထားပီး ကိုယ့်လူတွေကိုစောင့် တောင်ပံ ၂ ဖက်ကို ဖြန့်ကစားမယ် ကြားတယ်နော်

ဟုတ်ကဲ့ပါဆရာ

ဒုတိယပိုင်း ပြန်စတော့ ထင်သလိုဖြစ်မလာပဲ တဖက်အသင်းက လူစားလဲ ဝင်ရောက်လာတဲ့ နိုင်ငံခြား ကစားသမား ဂျပန်တိုက်စစ်မှုးဟာ အလွန်လျင်မြန်တာကြောင့် မိမိတို့ ခံစစ် ကမနည်းပင်ထိန်းနေရသည်

ဂျပန်တိုက်စစ်မှူး ဂိုးစည်းထိပ်က လှမ်းအကန် တိုင်ထိပီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမား ခုန်ဖမ်းလိုက်ပီး ရှေ့မှာ စောင့်နေတဲ့ မိုးကျော် ဆီသို့ လှမ်းတင်လိုက်လေသည်

မိုးကျော် ဘေးမှာ ကပ်ထားတာ မရှိသဖြင့် အသာအယာပင် ထိန်းလိုက်ပီး ဘယ်ဘက်က ပြေးတတ်လာသည့် ကစားသမားဆီ ထိုးပေးလိုက်သည်

ဘယ်တောင်ပံကစားသမားကလည်း လျင်မြန်စွာ ဆွဲပြေးသွားပီး ဂိုးဧရိယာထဲ လွတ်လွတ်ကျွတ်ကျွတ် ထိုးပေးလိုက်ရာ နောက်ကနေ ပြေးတက်လာတဲ့ အသင်းခေါင်းဆောင်က ခေါင်းတိုက်ကာသွင်းယူနိုင်ခဲ့သည်

ဂိုး

(၁-၁) သရေ ဖြစ်သွားပီးနောက် (၂) သင်းစလုံး ကစားတာမြိုင်ဆိုင်လာသည်

တဖက်နှင့်တဖက် အပြန်အလှန် ထိုးဖောက်ရင်း ပွဲချိန် က မိနစ် ၉၀ နား ကပ်လာပီး

ဒိုင်က အချိန်ပို (၃) မိနစ်သာ ပေးထားသည်

တဖက်အသင်းတိုက်စစ်က ဖိအားပိုပေးလာသလို သူတို့ဂိုးသမားပါ ကွင်းလည်ထိတက်လာပီး ဂိုးရဖို့ပိုကြိုစားလာတာကြောင့် မိုးကျော် နောက်တန်းကိုဆင်းကူနေရသည်

ဘောလုံးက မိမိတို့နောက်ခံလူတွေကြားရှုပ်ထွေးနေရင်း အမှတ်မထင် မိုးကျော် ဆီ ရောက်လာသည်

ကွင်းလည်စက်ဝိုင်းထိ မိုးကျော်ပြေးဆွဲလာရင်း လူပေးဖို့ရှာတော့ တယောက်မှပါလာတာမတွေ့ရ ရှေ့ကို ကြည့်လိုက်တော့ တဖက်အသင်း ဂိုးသမားက ကွင်းလည်ကနေ ပြန်ပြေးနေတာ ဂိုးဆီသို့မရောက်ခင် လမ်းခုလတ်မှာ

မိုးကျော် အများကြီး မစဉ်းစားတော့ပဲ ရှိသမျှ အားကုန်ထုတ်ကာ ဂိုးဆီသို့ မှန်းကန်လိုက်လေသည်

ဘောလုံးက မြောက်တက်သွားပီး ဂိုးသမားကိုကျော်ကာ ဂိုးရှေ့မှာ ကျသောကြောင့် ဂိုးသမား ဒိုင်ဗင် ထိုးကာဖမ်းလိုက်သော်လည်း မမှီလိုက်ပဲ ဂိုးထဲသို့ လိမ့်ကာလိမ်ကာ ဝင်သွားလေသည်

ဂိုး

မိုးကျော် မိုးကျော် မိုးကျော် ပွဲကြည့်စင်ဘက်မှ အသံ အုပ်အုပ်ကလေးထွက်လာတာ ကြားလိုက်သည်

ဒါ မိုးကျော် ဘဝမှာ မိမိနာမည်ကို အော်ပီး အားပေးတာ ပထမဆုံး ကြားဖူးတာဖြစ်သောကြောင့် ကြက်သီး များပင်ထမိလေသည်။

ပွဲပီးခါနီး သွင်းဂိုးနဲ့အတူ မိုးကျော်တို့အသင်း အနိုင်ရရှိခဲ့ပီး အမှတ်ပေးဇယား အဆင့် (၁၀) နေရာမှာ ရပ်တည်နေနိုင်ခဲ့သည်။

Pro League ကို တန်းတက်လာတဲ့ အသင်း (၃) သင်းမှာ မိမိ တို့အသင်းက ငွေအင်အားသုံးကာ ပြင်ဆင်မှု့ အားအနည်းဆုံး ဖြစ်သည် ကျန် (၂) သင်းမှာ နိုင်ငံခြားကစားသမား (၂) ဦးစီ အသီးသီးခေါ်ယူထားတာတွေ့ရပီး ပရိတ်သတ်အားပေးမှု့ကလဲ အသင့်အတင့်ရှိသည့် အသင်းများဖြစ်ကြသည်။

မိမိတို့အသင်းကတော့ ယခင် လိဂ် (၂) မှ ကစားသမား များနှင့် မိုးကျော်တို့လို လူငယ်များ ကို ပူပေါင်းကား ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားသော် ငြားလည်း ထို (၂) သင်းထက်စာရင် အစစအရာရာ အားနည်းနေသေးသည်။

အသင်းတွင် ကစားသမားများအတွက် Fitness လုပ်ရန် အတွက် အခြေခံ အဆောက်အဦးများ လိုအပ်နေသလို သင်ထောက်ကူပစ္စည်းများလဲ များစွာလိုအပ်နေသေးသည်။

မိုးကျော် နဲ့ ကစားသမားတချို့ကတော့ နည်းပြဆရာကို တောင်းဆိုကာ ပြင်ပရှိ GYM တစ်ခုမှ သွားရောက် ကာကစားရသောကြောင့် တော်တော်လေးအဆင်ပြေသည် လစာထဲကနေ တစ်လ ၂ သောင်းကတော့ GYM လခ အဖြတ်ခံရသည်။

ဒီနေ့ ဟာ ယူ (၁၈) အာရှ ပွဲ ပြိုင်ဖို့ အဖွဲ့ချုပ်က လူစာရင်းထုတ်ပြန်မယ့်နေ့ဖြစ်သည်

ပဏာမ လူစာရင်းကို ထုတ်ပြန်မှာ ဖြစ်ပီး အပီးသတ် လူစာရင်းကတော့ ပွဲစခါနီးမှ ထုတ်ပြန်လေ့ရှိသည်

မိုးကျော်တို့လို ၁၈ နှစ်အောက် လူငယ်ဘောလုံးသမားတွေ ရင်ခုန်ရတဲ့နေ့ဖြစ်ပီး မကြာခင် ကြားရတော့မယ့် လူစာရင်းကို စောင့်မျှော်နေမိသည်။

သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု့ (၄) ကြိမ် ဆိုသည့် အရာမှာ လူငယ် တိုက်စစ်မှုးတွေအတွက် မလွယ်ကူသည့် အရာဖြစ်လေသည် ဒါဟာ မိုးကျော်အပေါ်မှာ ယုံကြည်ပီး ကစားခွင့်ပေးသည့် နည်းပြအဖွဲ့ကို ကျေးဇူးတင်နေမိသည်။


အပိုင်း (၁၉)

လူစာရင်း ထုတ်ပြန်သောနေ့ဖြစ်သည်

မိုးကျော် ရေ

ဗျာဆရာ

ဆရာအောင်အောင် စာရွက်တစ်ရွက် ကိုင်ကာအဆောင်သို့ရောက်လာပီး မိုးကျော် အခန်း ရှေ့ ရောက်နေသည် မျက်နှာကသိပ်မကောင်း

ငါထင်တော့ထင်တယ် ဒီလိုဖြစ်မယ်ဆိုတာ

ဘာဖြစ်လို့လဲဆရာ

မင်းအရည်အချင်း ရှိပေမယ့် ယူ(၁၈) အတွက် အရွေးမခံရဘူး မိုးကျော်ရေ စိတ်ဓါတ်တော့ မကျပါနဲ့ကွာ

ငါတို့ရော ပိုင်ရှင်ကပါ မင်းခြေစွမ်းနဲ့ သွင်းဂိုးတွေကြောင့် သေချာပေါက် ရွေးခံရမယ်ထင်ထားခဲ့တာ

ငါတို့တောင် ဒီလောက် စိတ်ပျက်ရင် မင်းဆိုပိုခံစားရမှာ သိပါတယ်ကွာ ခေါင်းထဲသိပ်မထည့်နဲ့ ဒီလောက က ဒီလိုပဲ

ဟုတ်ဆရာ
မိုးကျော်အသံပင် ကျယ်ကျယ် မပြောနိုင်တော့ပါ

ကဲ သွားအုံးမယ်ကွာ နောက်ပိုကြိုးစားဖို့ အားဖြစ်တယ်လို့ပဲ မှတ်ပါကွာ နော်

ဟုတ် လူစာရင်းစာရွက်လေး ပေးခဲ့လို့ရလားဆရာ

အော် အေးယူလေ
စာရွက်ပေးပီး ဆရာအောင်အောင် ကျောခိုင်းထွက်သွားသည် သူ့တပြည့်အတွက် စိတ်မကောင်းဖြစ်နေမှာ ကတော့ သေချာသည်

မိုးကျော်လဲ လက်ရွေးစင်မျှော်လင့်ချက် ကြောင့် အစွမ်းကုန် ကြိုးစားခဲ့သည် အမှတ်ပေးဇယား ပြိုင်ပွဲတွေမှာ သက်တမ်းအလိုက် ဂိုးသွင်းအများဆုံး ကလဲ မိုးကျော်ပင်ဖြစ်သည် သူ​၏ သွင်းဂိုးကြောင့် အရေးပါတဲ့ နိုင်ပွဲများရခဲ့ပီး အသင်းအဆင့်ရပ်တည်မှု့လဲ မြင့်တတ်လာခဲ့သည်ကို အားလုံးသိကြသည်

ဒါပေမယ့် သူအရွေးချယ်မခံခဲ့ရပါ

သူမျက်ဝန်းထဲ မျက်ရည်စ တချို့ကျလာသည် ဘာကြောင့်လဲတော့ဝေခွဲမရ အဖေ ပြောခဲ့တဲ့စကားနဲ့ အမေ့ရဲ့မျှော်လင့်ချက် ကို သူမဖြည့်စည်းပေးနိုင်သေးလို့ ဝမ်းနည်းလာမိသည်

ရှေ့တန်းနေရာအတွက် သူ့နေရာမှာ ဘယ်သူရွေးချယ်ခံလိုက်ရလဲဆိုတာ သိချင်စိတ်ကြောင့် လူစာရင်းစာရွက် ကို သူဖြန့်ကြည့်လိုက် တော့

တိုက်စစ် အောင်နိုင် လို့ တွေ့လိုက်ရသည်

အေးပါ မြို့ကလူရွေးပွဲတုန်းကလဲ ငါ့နေရာမှာ မင်းပါသွားတယ် ခုလဲ ငါ့နေရာမှာ မင်းပါသွားပြန်ပီပေါ့

စာရွက် ကို ဆွဲဖြဲကာ မိုးကျော် အမှိုက်ပုံးထဲ ထည့်လိုက်တော့သည်

နောက်တနေ့ရောက်တော့

အမေ့ဆီက ဖုန်းလာသည်

သူကြိုးစားပေမယ့် အရွေးမခံရကြောင်း ရွာကအောင်နိုင် အရွေးခံရကြောင်း အမေ့ကို လွမ်းကြောင်းတွေပြောဖြစ်သည်

အမေကတော့ သူ့သား ဝမ်းနည်းနေမှန်းသိတော့ တည်တည်ငြိမ်ငြိမ် ပင်

သားရယ် ဒီလိုပဲပေါ့ ခုတခါမပါ နောက်တခါပေါ့ ဘာခက်လို့လဲ ငါ့သားလုပ်နိုင်ပါတယ်

အောင်နိုင်တို့က အရင်ထဲက သူဌေးတွေလေ ခုလဲ စီမံကိန်းအတွက်ဆိုလား လယ်တွေယာတွေ ရောင်းချထားတော့ သူတို့သားအတွက် အထောက်အပံ့ ပိုပေးနိုင်တာပေါ့ သားရယ်

အမေတို့က မျက်နှာမွဲတွေလေ အဲဒါတွေသားတွေးပီး ပိုကြိုးစားရမယ်နော်သား

ဟုတ်ကဲ့ပါအမေ သား ပိုကြိုးစားပါ့မယ်

အမေ့ဆုံးမစကားတွေကြား မိုးကျော်ရင်ထဲမှာတော့ မကျေနပ်မှု့ ကြိုးစားလိုမှု့တွေ ပြည့်နှက်လို့လာပါတော့သည်

အဲဒီနောက်ပိုင်း ခံစားချက်တွေကြောင့် GYM ကို ပျက်ရက်မရှိ သွားသလို ကွင်းအတွင်းလေ့ကျင့်ခန်းတွေကို မိုးကျော် နေ့ရောညပါ မနေမနား လေ့ကျင့်ခန်းတွေလုပ်ဖြစ်သည်

မိုးကျော်အရမ်းကြိုက်တဲ့ ကြက်ကြော် နဲ့ ကိုလာ ကိုတောင် ဖြတ်လိုက်ပီး ကျန်းမာရေးအတွက် စားရမည့် အစားအသောက်များကို ဆရာ့အောင်အောင် နဲ့ တိုင်ပင်ကာ စားသောက်သည်

အခုအချိန်မှာ မိုးကျော် ရင်ထဲမှာရှိတာက အဖေ့ ဆန္ဒအတွက် အမေ့ မျှော်လင့်ချက် အတွက် နဲ့ မိုးကျော် ဘဝ အတွက် သူနှစ်ဆ ကြိုးစားမည်ဟုပင်

ဒါပေမယ့်လည်း သူထင်သလိုကြိုးစားခွင့်တော့ အများကြီး မရခဲ့ပေ

အသင်း လူစားဝင် ကစားသမားအဖြစ်သာ နည်းပြက သူ့ကို လျာထားပီး မိနစ် ၇၀ နောက်ပိုင်း မှသာ လူစားဝင်ရသလို လူစားပင်မဝင်လိုက်ရသည့် ပွဲပင် ရှိလာသည်။

ရာသီ ပီးဆုံးဖို့ သိပ်မလိုတော့ပဲ သူတို့အသင်းကလဲ အဆင့် (၁၅) နေရာမှာ သာရပ်တည်နေတာကြောင့် မိုးကျော် အားမလိုအားမရဖြစ်ကာ သူ့အသင်းကို စိတ်ပျက်လာမိသည်

နောက်ရာသီ အသစ်မှာ တိုက်စစ်မှုး တစ်ဦး ခေါ်ယူဖို့ နည်းပြကြီးက စီစဉ်နေတာကြောင့် မိုးကျော် နေရာ အတွက်ပင် မသေချာမရေရာ ဖြစ်လာသည် လူငယ်လဲဖြစ်သလို ယူ (၁၈) အတွက် အရွေးလဲ မခံရတော့ နည်းပြကြီးက သူ့ကို ဦးစားမပေးတော့ပဲ အတွေ့အကြုံရှိ တိုက်စစ်မှုး တစ်ဦး ကိုသာ ခေါ်ယူပေးဖို့ အသင်းပိုင်ရှင်ဆီ တောင်းဆိုထားတာဖြစ်သည်

အသင်းပိုင်ရှင် ကလည်း ဒီရာသီ တန်းမဆင်းရရင် တိုက်စစ်ဖြည့်တင်းပေးမည်ဆိုတဲ့ ဂတိစကားကြောင့် နောက်ရာသီ မိုးကျော် အတွက် အတော်ပင်ခက်ခဲသည့် အနေအထားသို့ ရောက်လာခဲ့သည်။

ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာတော့ အမှတ်မလိုတော့တာကြောင့် မိုးကျော် နဲ့အတူ အရန်ကစားသမား အများအပြား ကို နည်းပြ က ပွဲထုတ်လာခဲ့သည်။

ပြိုင်ဘက် အသင်းက တော့ အဆင့် (၃) နေရာမှာရပ်တည်နေပီး ဒီနေ့ပွဲကတော့သူတို့အတွက် အာရှ တနေရာ ရဖို့ အရေးကြီးသည့် ပွဲဖြစ်တာကြောင့် လူစုံထုတ်လာခဲ့သည်။

ပွဲစပါပီ

ပြိုင်ဘက် အသင်းက ပွဲစတာနဲ့ တောင်ပံ (၂) ဖက်က တောက်လျောက်ဖိအားပေး ကစားတာကြောင့် မိုးကျော်တို့ အသင်း ဂိုးမပေးရရေးကိုသာ ပိတ်ဆို့ကစားနေရသည်

တရစပ်ထိုးစစ်ကြောင့် ကြာကြာတောင့်မခံနိုင်ရှာ

၁၀ မိနစ်မှာ (၁-၀)

၃၆ မိနစ်မှာ (၂-၀)

၄၅ မိနစ်မှာ (၃-၀) နဲ့ပထမပိုင်းပီးဆုံးခဲ့သည်။

ဒုတိယပိုင်းပြန်စတော့ မိုးကျော်တို့ ဘောလုံးအသာစီး ပြန်လည်ရရှိလာခဲ့ပီး တောင်ပံတိုက်စစ်မှ တဆင့် မိုးကျော် ခေါင်းတိုက်သွင်းကာ ချေပဂိုး တစ်ဂိုး စတင်ရရှိလာခဲ့သည်။

နှစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားရင်း ပွဲချိန် မိနစ် (၈၀) အရောက်မှာ ထောင့်ကန်ဘော ရရှိတာကြောင့် မိုးကျော် ဂိုးနဲ့ မလှမ်းမကမ်း မှာ နေရာယူလိုက်သည် ထောင့်ကန်ဘောကန်မယ့် ကစားသမားက အသင်းခေါင်းဆောင် ဖြစ်တာကြောင့်လဲပါသည်

သူကန်တိုင်း ဂိုးရှေ့သို့မကျတတ်ပဲ အနည်းငယ် ကျော်ကာကျတတ်တာကို သူသိတာကြောင့် မိုးကျော် ဘောလုံး ကျလောက်မယ်ထင်သည့်နေရာ မှာ စောင့်နေလိုက်သည်

ရွှီ ဆိုသည် ဝီစီသံနှင့်အတူ ဘောလုံးကမြောက်တက်လာသည်

သူမှန်းထားသည်မှာ ကွက်တိပင်ဖြစ်သည်

ဘောလုံးကသူ့ဆီအကျ မြေသို့ပင်မထိလိုက် မိုးကျော် တယောက် လေထဲဝဲပျံကာ အပျံစားကန်ချက်ဖြင့် ကန်လိုက်လေသည်

ဂိုးသမား ဖမ်းချိန်ပင်မရလိုက်ပေ အားပါသော ကန်ချက်ဖြစ်တာကြောင့် ဘောလုံးဂိုးထဲ ဝင်သွားတာကိုသာ ရပ်ကြည့်နေလိုက်ရလေသည်

ဟာ ဆိုသော အသံများ ပရိတ်သတ်တွေဆီကတပြိုင်ထည်းထွက်လာကြသည်

မိနစ် ၈၀ မှာ (၃-၂) ဖြစ်သွားတော့ ပြိုင်ဘက်အသင်း နည်းပြခုံတန်းနဲ့ ပရိတ်သတ်တို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားပီး လူစားလဲဖို့ အချိန်ဆွဲဖို့ စသည့် အော်သံလေးများ မိုးကျော်ကြားလိုက်ရသည်

တကယ်လို့ သရေရလဒ်သာ ထွက်ပေါ်သွားပါက ပြိုင်ဘက် အသင်းအနေနဲ့ အဆင့် (၄) သို့ ဆင်းပေးလိုက်ရမှာ ဖြစ်ပီး အာရှ ဝင်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်

ဒါပေမယ့် ပွဲပီးတော့ မိုးကျော်သွင်းဂိုး (၂)ဂိုးရခဲ့ပီး (၃-၂) ဖြင့်ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၁၆) နဲ့ ရာသီသိမ်းခဲ့ရသလို မိုးကျော် အတွက်လည်း ကောင်းမွန် တဲ့ ပြိုင်ပွဲတစ်ခုတော့မဖြစ်ခဲ့ပါဘူး။

ပြိုင်ပွဲတွေပီးတော့ ခွင့် ရတာနဲ့ မိုးကျော် ရွာပြန်ဖို့ ပြင်ဆင်နေတုန်း

အဆောင်မှူးရောက်လာပီး

မိုးကျော်ရေ နည်းပြက မနက်ဖြန် ၈:၀၀ နာရီ ရုံးခန်းလာခဲ့ဖို့ ဖုန်းဆက်တယ်နော်

ဟုတ်ကဲ့ ကျွန်တော် သွားလိုက်ပါ့မယ်

တဆောင်ထဲအတူနေ တသင်းထဲတူတူကစားသည့် ကစားဖော်တွေ ဆီက မိုးကျော် ကြားပီးပါပီ

နည်းပြက ကစားသမားတွေနဲ့ တယောက်ချင်း ဆွေးနွေးပီး သူ့ရဲ့ ကစားကွက် မှာ မပါဝင်သင့်ဘူးလို့ ထင်တဲ့ ကစားသမားတွေကို စာချုပ်ဖျက်သိမ်းတာ နဲ့ ပါဝင်တဲ့ လူတွေကို သက်တမ်း တိုးတာမျိုးအတွက် ခေါ်တွေ့တာ (၂) ရက်မြောက်နေ့ပါ မိုးကျော်က (၃) ရက်မြောက်နေ့ မနက် (၈:၀၀) နာရီ သွားတွေ့ရပါမယ်

အများကြီးတော့သူမမျှော်လင့်ထားခဲ့ပါ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း နောက်လဆို ကုန်ပီဖြစ်သလို ဒီရာသီလဲ အသင်းမှာ သူ နေရာမရခဲ့သလို နောက်လာမည့် ရာသီအတွက်လည်း တိုက်စစ်မှူးအသစ်ရှာဖွေနေပီမို့ သူ့နေရာက မသေချာမှန်း မိုးကျော်သိနေပါသည်

မနက် (၈:၀၀) နည်းပြနဲ့ တွေ့မည် ပီးရင် ၁၀ နာရီကားဖြင့် သူရွာပြန်မည်ဟုသာတွေးမိပီး

ဒီနေ့ညအဖို့ တော့ မိုးကျော်တယောက် အိပ်မပျော်ချင်းများစွာဖြင့် အိပ်ယာဝင်ခဲ့ပါတော့သည်။


အပိုင်း (၂၀)

မနက် (၈:၀၀)

ဆရာ ကျွန်တော် ရောက်ပါပီ ဝင်ခဲ့မယ်နော်

အေး မိုးကျော် လာထိုင်

ဆရာ မင်း ကိုခေါ်တယ်ဆိုတာက အသင်းနောက်နှစ် တည်ဆောက်မည့်ပုံစံ နဲ့ ယူရမယ့် တာဝန် တွေကိုဆွေးနွေးဖို့ပဲ

ဒီရာသီမှာ ကြိုးစားတဲ့ လူငယ် အဖြစ် ဆရာတို့အသိအမှတ် ပြုပေမယ့် Pro League လို နေရာမျိုးမှာ အမြဲတမ်း နေရာရဖို့ဆိုတာ မလွယ်ဘူးဆိုတာ မင်းလဲ သိမှာပါ အခု အသင်းမှာ တိုက်စစ်ကစား နိုင်တာ (၃) ယောက်ရှိတယ် ဆရာတို့ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှုးတစ်ဦး ထပ်ခေါ်ဖို့ရှိတယ်

အဲတော့ မိုးကျော် အနေနဲ့ လာမည့်ရာသီ လည်း ပီးခဲ့တဲ့ရာသီလို့ အရန်ခုံမှာ ဆရာတို့အတွက် အသင့်ဖြစ်ပေးဖို့ ဆန္ဒရှိလား ဒါမှမဟုတ် ယူ (၂၀) လိဂ် မှာ ကစားချင်လား အဲဒီမှာ ကစားမယ်ဆိုရင်တော့ Lineup ဝင်မယ် ဆရာကတော့ မင်းကို ယူ (၂၀) လိဂ် မှာကစားစေချင်တယ်

ဟုတ်ကဲ့ဆရာ

ဆရာထွန်းက လာမည့်ရာသီ မှာ အသင်းက ဘယ်လို ဘယ်ပုံစံ စသည်ဖြင့် အများကြီးဆက်ရှင်းပြနေသည်

မိုးကျေားနားထဲမှာတော့ အရန်ခုံ အရန်ကစားသမား စသည်ကိုသာ နားထဲ တွင်တွင်ကြားနေရသည်

မိုးကျော် ဆရာပြောတာ သဘောပေါက်တယ်မလား

ဟုတ်ကဲ့ဆရာ

အဲဒါလေး ဆွေးနွေးချင်လို့ပါ အခုတော့ ခွင့်ယူထားတယ် မလား ရွာပြန်အနားယူလိုက်အုံးပေါ့ ဆရာတို့ဆီကို နောက်၂၈ ရက်နေ့ နောက်ဆုံးထားပီး မင်းရဲ့ ဆန္ဒကို ပြန်ပီး လာဆွေးနွေးပေးဖို့ပါပဲ အသင်းနဲ့ စာချုပ်ကလဲ တစ်နှစ် ချုပ်ထားတာက နောက်လဆို ပြည့်ပီဆိုတော့ ဆရာတို့ သားကိုစဉ်းစားချိန်ပေးပီး ပြန်လာမှ ဆွေးနွေးကြတာပေါ့

ဟုတ်ကဲ့

မိုးကျော် ခေါင်းငိုက်စိုက်ချကာ ရုံးခန်းထဲမှ ထွက်လာပီး အဆောင်ကိုပြန်ကာ အထုတ်ဆွဲ ၍ ကားဂိတ်ဘက်ဆီသို့ထွက်လာခဲ့သည်

ခေါင်းထဲ ဘာမှ မစဉ်းစားချင်ပေမယ့် Pro League မှာ ဆို အရန် ကစားသမား ၊ ပွဲထွက် ချင်ရင် အခုမှ စတင်ကျင်းပမှာ ဖြစ်တဲ့ လိဂ်အသစ် ယူ (၂၀) အသင်းမှာ ကစားရမည် သေချာစဉ်စားတော့ ဒါလဲ အသင်းကြီးရဲ့ အရန်အသင်းပင်ဖြစ်သည်

(၂) ခုလုံး က သူ့အတွက် တက်လမ်းရယ်လို့မမြင် ဘာမှ မရွေးပြန်ရင်လဲ စာချုပ်ဖျက် ရွာပြန် လယ်စိုက်ဖို့သာ ရှိသည်

ခရီးသည်များ ကားပေါ်တက်လို့ရပါပီ

ကားဆရာ အော်သံကြောင့် မိုးကျော် အတွေးတွေလွင့်ပြယ်ကာ ကားပေါ်သို့တက်လိုက်လေသည်

ညကမအိပ်ရတာကြောင့် ကားပေါ်ရောက်ကတည်းက ဘာမှမတွေးတော့ပဲ မိုးကျော် အိပ်ပျော်သွားတာ ဘယ်လောက်ပင်ကြာသွားသည်မသိ မိုးကျော် ဆင်းရမည့် မြို့ရဲ့ ကားဂိတ်သို့ပင် ကားကဝင်နေပီဖြစ်သည်

--မြို့ရောက်ပီနော် ဆင်းမယ့်လူတွေ အဆင်သင့်လုပ်ထားပေးပါ အောက်မှာ အထုပ်ယူမယ့်လူတွေက ခဏစောင့်ပေးပါ

စပါယ်ယာ အော်သံအဆုံး မိုးကျော် အထုတ်ဆွဲကာ ဆင်းလိုက်သည်

ကားပေါ်အဆင်း မလှမ်းမကမ်း မှာ ဆိုင်ကယ်တစ်စီးနဲ့ စောင့်နေတဲ့ ဖိုးသားကို လှမ်းတွေ့လိုက်သည်

ဟေ့ရောင် မိုးကျော်

ဖိုးသား ငါ့ကိုလာကြိုတာလား

အေး ဟုတ်တယ် အရီးလေး ရယ် ကြိုခိုင်းလိုက်လို့လေ

မင်းကဆိုင်ကယ်တွေဘာတွေနဲ့ပါလားဟ

ငါက ကယ်ရီဆွဲနေတာလေ ရွာနဲ့ မြို့ကို

( ဘောလုံးသမား သိပ်ဖြစ်ချင်ခဲ့တဲ့ ဖိုးသားတစ်ယောက် ခုတော့ ကယ်ရီသမားဖြစ်နေလေပီ မိုးကျော် သူငယ်ချင်းကို ကြည့်ပီးစိတ်မကောင်း)

ဟေ့ရောင် ဘာငိုင်သွားတာလဲ ဘာလဲ ငါ ဘောလုံးသမားမဖြစ်ပဲ ကယ်ရီ ဆွဲနေရလို့လား ဟားဟား

အေးကွာ မင်းက ငယ်ငယ်က ဘောလုံးသမားဖြစ်ချင်တာငါနဲ့တူတူပဲလေကွာ

စိတ်မကောင်းမဖြစ်နဲ့ငါ့ကောင် ဘောလုံးကန်ရင် တပဲခြောက်ပြားပဲရမှာ ခုငါရှာနိုင်ရင် ရှာနိုင်သလောက် တစ်လ ၅ သိန်းဆိုလဲဟုတ်တယ် ၆ သိန်းဆိုလဲ ဟုတ်တယ်ကွ

ဟေ တယ်ဟုတ်ပါလား ဒါဆို ငါလဲ ရွာပြန်ပီး မင်းနဲ့တူတူ ကယ်ရီ ပဲလိုက်မောင်းတော့မယ်ကွာ

ဟားဟား တက်တက် သွားကြမယ်

သူငယ်ချင်း (၂) ယောက် ရောက်တတ်ရာရာ စကား တွေပြောရင်းနဲ့ပင် ရွာသို့ရောက်လာခဲ့လေသည်

အိမ်ရှေ့ရောက်တော့ အိမ်က ယောက်ကျားသားမရှိ အမေ တစ်ယောက်ထဲနေရတော့ အတော်ယိုယွင်းပျက်စီးနေသည် မိုးကျော် ရှိစဉ်ထဲကပင် မိုးကယို ခေါင်းကပေါက်နဲ့ပင် မဟုတ်ပါလား

အမေ ရေ

အေး သား မိုးကျော် ရောက်လာပီလား

လာလာ အမေ ထမင်းစားဖို့ပြင်ထားတယ် ဖိုးသားပါ တခါတည်းဝင်စားသွား အမေ အများကြီးချက်ထားတယ်

ဟား စားရကံကြုံပီဟေ့ လာပီ အရီးလေးရေ

ဖိုးသားက သူ့အထုပ် တွေဆွဲကာ အိမ်ထဲဝင်ချသွားလေသည်

သုံးယောက်သား ထမင်းဝိုင်းမှာ ရယ်လိုက်မောလိုက် စကားပြောရင်း ရွာစီမံကိန်း အကြောင်းရောက်သွားရာ မိုးကျော်က ရုတ်တရက်

ဖိုးသား မင်းအားရင် ငါ့ကို အဲဒီ စီမံကိန်းမြေတွေနား မမှောင်ခင် ခဏလိုက်ပို့ကွာ ငါကြည့်ချင်လို့

ဟယ်တော် မိုးကျော် ပင်ပန်းရပင်ပန်း နဲ့ ဘာသွားလုပ်မှာတုန်းသားရဲ့ အိမ်မှာနားစမ်းပါအေ

ခဏလေးပါ အမေရ ချက်ချင်းပြန်လာခဲ့မယ်

-----------
နှစ်ယောက်သား ထမင်းစားပီး အိမ်က ထွက်လာကြကာ ၅ မိနစ်သာသာ ဆိုင်ကယ်စီးလာကြပီးနောက်

ဖိုးသားက သူ့ရဲ့ဆိုင်ကယ်ကိုလမ်းဘေးတနေရာမှာရပ်လိုက်ပီး

ဒီနားပဲ မိုးကျော်ရေ စီမံကိန်း နေရာက ရွာနဲ့နီးတယ် နေရာက ဘာအတွက်လဲတော့ ငါတို့လဲ မသိဘူး ခြံတွေ ခတ်ထားတာကလဲ အမြင့်ကြီးပဲ မင်းတွေ့တဲ့အတိုင်းပဲ

ဒါငါတို့ ကန်နေကြ သဲကွင်းတွေနေရာမလား

အေးဟုတ်တယ်လေ ခုတော့ ကန်စရာ မြေ မရှိတော့လို့ ငါတို့တောင် မကန်ရတာကြာပီလေကွာ

အေးကွဟုတ်တယ် ရွာနဲ့နီးပီးနေရာကောင်းကို ယူထားတာပဲ ဟိုဘက်နားလေးက ငါတို့လယ်နားရောက်နေပီပဲ

အရီးလေး လဲ အဲဒါပဲ စိတ်ညစ်နေတာလေ

မိုးကျော်တစုံတစ်ရာကို တွေးရင်း သက်ပြင်းချကာ ပြန်ရအောင်ကွာ

-------

မိုးကျော်ရွာရောက်တာ ၁၀ ရက်ခန့်ရှိနေပီဖြစ်သည်

ရောက်တုန်းရောက်ခိုက် အိမ်ပြင်ပေး အမေ့ကိုကူရင်း ရွာက ကလေးတွေနဲ့ လေ့ကျင့်ခန်းသဘောမျိုး ဘောလုံးကစားဖြစ်သည်

သားမနက်ဖြန် ရန်ကုန်ပြန်မယ်အမေ

တစ်ပတ်လောက် ထပ်နေပါအုံးသားရဲ့

မရလို့အမေ သဘက်ခါ ဆို သား နည်းပြနဲ့ စကားပြောဖို့ရှိတယ်အမေ

အေးပါ ငါ့သားလဲ လူကြီးဖြစ်နေပီပဲ ကိုယ်ဘာကို ဘဝကိုရှေ့ဆက်နိုင်အောင်ကြိုးစားပေါ့သားရယ်

အမေက အသက်လဲကြီးပီ သားတို့ကိစ္စတွေလဲ နားမလည်ဘူးလေ ငါ့သားကိုလက်ရွေးစင် တော့ ဖြစ်စေချင်သား ဒါပေမယ့်လည်း အမေတို့လို မျက်နှာမွဲ ဆင်းရဲသား တွေကျ သူများနဲ့ မယှဉ်နိုင်ဘူးလေ

သား ကိုစိတ်ချပါအမေရ သား ဒီထပ်အများကြီး ပိုကြိုးစားပီး အမေ့ကို ရန်ကုန်ခေါ်ထားမယ်နော်အမေ

ရွာကလယ်တွေကိစ္စ ခေါင်းထဲသိပ်မထည့်နဲ့ ကျန်းမာရေးဂရုစိုက်နော်

အေးပါသားရယ်

အမေ့ကို မှာစရာရှိတာမှာပီး နည်းပြနဲ့ တွေ့ရင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ သူဘာမှ မစဉ်းစားရသေးတာကို တွေးမိသည်

ရွေးချယ်စရာ နှစ်ခုရှိသည်က မှန်သော်လည်း နှစ်ခုလုံးက အရန်ကစားသမား သာဖြစ်နေသည်

ဟင်း သက်ပြင်းချသံ ကျယ်သောကြောင့် အမေက လှည့်ကြည့်သည် အမေ့ကို ပြန်မကြည့်ပဲ မသိချင်ယောင်ဆောင်ရင်း အိပ်ယာဝင်ခဲ့တော့သည်။

----------
နောက်တနေ့

မနက်အစောပိုင်းကား နဲ့ မိုးကျော် ရန်ကုန်ပြန်လာသောကြောင့် နေမစောင်းခင် အဆောင်သို့ ပြန်ရောက်နေပီ ဖြစ်သည်

အဆောင်မှူးက မနက်က ဆရာအောင်အောင် လာမေးသွားသည် ဟုပြောလာသောကြောင့် ဆရာ့ဆီ ဖုန်းခေါ်လိုက်သည်

ဆရာ မိုးကျော်ပါ

အေး မိုးကျော် ပြန်ရောက်ပီလား

ဟုတ်ကဲ့ ခုပဲ ပြန်ရောက်တယ်ဆရာ

သား မနက်ဖြန်အတွက် စဉ်းစားပီးပီလား

အမှန်အတိုင်း ပြောရရင် ဘာကိုရွေးချယ်ရမလဲ မသိသေးဘူးဆရာ နှစ်ခုလုံးက ကျွန်တော်နဲ့ အဆင်မပြေဘူး

အေးပါ ဆရာ အဲဒါပြောချင်လို့ဖုန်းဆက်တာ ခေါင်းထဲသိပ်မထည့်နဲ့ သားအတွက် ရွေးချယ်စရာ တစ်ခု ထပ်တိုးလာတယ် မနက်ဖြန်ကျ သားသိလိမ့်မယ် ဟုတ်ပီလား ဆရာကတော့ အခွင့်အရေးပိုကောင်းမယ်လို့မြင်မိတယ်

ဟုတ်လားဆရာ

အေးကွာ မနက် ရုံးခန်းရောက်မှ ဆရာထွန်းက ပြောမှာ ဆိုတော့ ဆရာကြိုမပြောတာ ဟုတ်ပီလား
မနက်မှတွေ့မယ်ဟေ့ ဒါပဲ

ဟုတ်

မိုးကျော် ဇဝေဇဝါ နဲ့ ဖုန်းသာချလိုက်ရတယ် ဆရာအောင်အောင်ပြောသွားတာ သူနားမလည် ရွေးချယ်စရာ တစ်ခု ထပ်တိုးတယ် ဘာများပါလိမ့်ဟုတွေးနေမိသည်။


အပိုင်း (၂၁)

မိုးကျော် ဒီနေ့မနက် စောစော နိုးနေသည် ဘာလို့ဆို သူ့ဘဝအတွက် အရေးပါသည့်ဆုံးဖြတ်ချက် က ဒီနေ့ ချရမည်မဟုတ်ပါလား

နာရီကြည့်တော့ ၇ နာရီ

အချိန်စောသေးတာနဲ့လမ်းထိပ်က လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့သည်

ဆိုင်ထဲသို့အဝင်

ဟေ့မိုးကျော် လာလေဒီဘက်

လှမ်းကြည့်လိုက်တော့ တဆောင်တည်းအတူနေ ကိုဝေလင်း ကိုတွေ့လိုက်သည်

ဘယ်တုန်းက ရွာက ပြန်လာတာလဲကွ

မနေ့ကပဲ ရောက်တယ် ကိုလင်း

အော် ဒါဆို မင်း ဒီနေ့မှ ဆရာတို့နဲ့ တွေ့ရမယ်ထင်တယ်

ဟုတ်တယ်ဗျ ကိုလင်းရော

ကိုလင်း တချက်မှိုင်သွားပီး တွေ့ပီးပီ အဆင်မပြေပါဘူးကွာ စာချုပ်ဖျက်ပီး တခြားအသင်းပြောင်းချင်ပြောင်း ဒါမှမဟုတ်လဲ ရွာပြန်ဖို့ပဲရှိတာပေါ့ကွာ

ဆရာထွန်းက ငါတို့ League 2 ကနေ Pro League ကိုရောက်အောင် ကြိုးစားခဲ့တဲ့ ကစားသမားတွေကို အထင်မကြီးဘူးကွ နာမည်ကြီး ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ချင်တယ်တဲ့

ငါတို့နေရာပျောက်တာပေါ့ကွာ ဘောကန်တာကလွဲပီး ငါလဲ ဘာမှ မလုပ်တတ်တော့ လဲ ခက်တယ်ကွာ

ကြားရတာ စိတ်မကောင်းပါဘူးဗျာ

ကျွန်တော်လဲ ဘာဆက်ဖြစ်မယ် မသိသေးပါဘူးကွာ

မင်းကစားတာ ဒီလောက်ကောင်းတာ တစ်သင်းလုံးသိပါတယ် မိုးကျော်ရာ မင်းအတွက် အခွင့်အရေးကောင်းတွေရှိမှာပါကွ

မိုးကျော် တချက်ပြုံးလိုက်သည် မထင်ပါဘူး ကိုလင်းရာ

ရောက်တတ်ရာရာ စကားတွေပြောရင်း ကိုလင်းက ဆေးလိပ်တလိပ်ပီးတလိပ် ဖွာကာ မီးခိုးငွေ့များမှုတ်ထုတ်ရင်း ငေးငိုင်နေသည်

နာရီကိုငုံ့ကြည့်လိုက်တော့ ၈:၃၀ ပီ

ကိုလင်းရေ ကျွန်တော်ပြန်နှင့်မယ်ဗျာ

ကိုလင်းက ခေါင်းတချက်ငြိမ့်ပြသည် သူ့မျက်ဝန်းအစုံကတော့ သူ့အနာဂါတ်လိုပဲ ဝေဝါးလျက်

---------

မနက် ၉:၀၀

ဒေါက် ဒေါက်

ဝင်ခွင့်ပြုပါ ဆရာ

အေး မိုးကျော်လာကွာ

အခန်းထဲဝင်လိုက်တော့ အသင်းပိုင်ရှင် နဲ့ ဆရာထွန်း ကိုတွေ့လိုက်ရသည်

အသင်းပိုင်ရှင်က
ထိုင်မိုးကျော် အတော်ပဲ မင်းကိုပြောပြစရာလေးတွေရှိတာနဲ့

ဟုတ်ကဲ့ဆရာပြောပါ

ကိုထွန်း ကျွန်တော်ပဲ ပြောလိုက်မယ်နော်

ဆရာထွန်းက ခေါင်းငြိမ့်ပြသည်

မင်းကို အရင်က အသင်းကြီး အရန်ခုံ နဲ့ ယူ (၂၀) ကို ရွေးချယ်ခိုင်းထားတယ်လို့ ဆရာထွန်းကပြောတယ်

မင်းလိုအရည်အချင်းရှိတဲ့ လူငယ် ကိုဆရာတို့ နေရာမပေးနိုင်တာကြောင့် စိတ်မကောင်းပါဘူး
ဒါဟာလည်း ဆရာတို့အသင်း အောင်မြင်ဖို့အတွက် လက်ရွေးစင်တချို့ခေါ်ယူပီး အသင်းကိုတည်ဆောက်ဖို့ရှိလို့ပါ

အခု မင်းအတွက် အခွင့်အလမ်းကောင်းတစ်ခုရှိတယ်ကွ Lion FC အသင်းက မင်းကိုစိတ်ဝင်စားတယ် ဆိုပီး ဆရာတို့ဆီ ဆက်သွယ်လာတယ်

Lion FC ဆိုတာ Pro League နောက်ဆုံးပွဲစဉ်မှာ မိုးကျော်တို့အသင်းကို (၃-၂) နဲ့ အနိုင်ရပီး အဆင့် (၃) ရကာ အာရှ ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရရှိထားသည့်အသင်းဖြစ်သည် ။ အဲဒီပွဲမှာ မိုးကျော် (၂) ဂိုး သွင်းယူခဲ့လို့ သူ့တို့ နည်းပြ သတိထားမိဟန်တူသည်။

ဟုတ်ကဲ့ဆရာ Lion FC ဘက်က ဘာပြောလဲဆရာ

အင်း မင်းက အသင်းနဲ့ စာချုပ် ကကုန်ခါနီးဆိုတော့ သူတို့ဘက် က ခေါ်ယူဖို့ စိတ်ဝင်စားတယ် လို့ တရားဝင်ကမ်းလှမ်းထားတယ်ကွ ဆရာထင်တာတော့ သူတို့လဲ ပြိုင်ပွဲအတွက် အရန်အင်အားတောင့်တင်းအောင် တည်ဆောက်ဖို့လူငယ်တွေလိုလို့ထင်တယ်

ဒီမှာ အရန်အဖြစ်ဆက်နေမယ် လို့ဆုံးဖြတ်ရင်တော့ ခုတခါတည်း ဆုံးဖြတ်လို့ ရတယ် နော် ဒါပေမယ့် ခေါ်တဲ့ အသင်းကလဲ အသင်းကောင်းဆိုတော့
ဆရာတို့ဘက်ကတော့ ဘာမှပြောစရာမရှိပါဘူး မင်းကိုယ်တိုင်ပဲ အသင်း ပြောင်းချင်စိတ်ရှိရင် သူတို့နဲ့ ဆက်ညှိနိုင်းပေါ့ ဆရာအောင်အောင်က မင်းကိုကူညီပေးလိမ့်မယ်

(အသင်းပိုင်ရှင်က ဆရာထွန်းဘက်လှည့်ကာ)

ဆရာထွန်း ဘာဆက်ပြောချင်သေးလဲ

အကိုပြောတာ ပြည့်စုံနေပါပီ မိုးကျော် လို လူငယ်ကစားက တတ်လမ်းရှိပါတယ် အတွေ့အကြုံနည်းနေသေးတော့ ဆက်ကြိုးစားပေါ့ကွာ

( ဆရာထွန်းရဲ့ စကားထဲမှာ သူ့ကို အထင်သေးတဲ့ အသံကြားနေရဆဲပင်)

ဟုတ်ကဲ့ပါ ဆရာ ကျွန်တော်ဆရာအောင်အောင်နဲ့ ပဲသွားတွေ့လိုက်ပါ့မယ်

မိုးကျော် ဆရာတို့ကို နူတ်ဆက်ကာ ဆရာအောင်အောင် ရှိမယ့်ထင်တဲ့ လေ့ကျင့်ရေးကွင်းစီသို့ထွက်လာခဲ့သည်

ဆရာ အောင်အောင်

ဟေး မိုးကျော် ခဏစောင့်ကွာ ငါပြေးဖို့ (၁) ပတ်လိုသေးတယ်

ဆရာအောင်အောင်က ပိတ်ရက်တွေဆို လေ့ကျင့်ရေးကွင်းမှာ ပုံမှန်လေ့ကျင့်ခန်း လုပ်လေ့ရှိတာကို မိုးကျော်သိနေတာကြောင့် ကွင်းထဲလိုက်လာခဲ့ခြင်းဖြစ်သည်

ခဏကြာတော့ မိုးကျော်စီ ပြေးလာရင်း မောနေဟန်ဖြင့်

ဘယ်လိုလဲ ငါ့ကိုလာရှာတယ်ဆိုတော့ဆရာထွန်း တို့နဲ့ တွေ့ပီးပီပေါ့

ဟုတ်တယ်ဆရာ ကျွန်တော် Lion FC ကိုပြောင်းချင်တယ်

ဟ ငါ့ကောင်ရ ဘယ်လိုဖြစ်တာလဲ ဆုံးဖြတ်တာ မမြန်လွန်းဘူးလား အချိန်ရှိပါသေးတယ်ဟ

ဆရာထွန်းက ကျွန်တော့်ကို မယုံကြည်ဘူး ဆရာ သူ့ကစားကွက်ထဲမှာ မနှစ်ကကျွန်တော်ပါတာတောင် ဘယ်နပွဲမှ ဝင်မကစားရဘူး ဒီရာသီ ပိုဆိုးမယ်ဆရာ

အေးငါလဲသိပါတယ်သူက လက်ရွေးစင်မှ အထင်ကြီးတာကွ လူငယ်တွေကိုနေရာမပေးချင်ဘူး

ဆရာ ကူညီပေးအုံးနော်

အေးပါ သူတို့ဘက်က မင်းကိုကမ်းလှမ်း ထားတယ်ဆိုပေမယ့် မင်းနဲ့ အသေးစိတ် ဆွေးနွေးဖို့ လိုအပ်တော့ ဆရာ သူတို့ဆီ တရားဝင်အကြောင်းပြန်ထားပေးမယ်လေ ဒီရက်ပိုင်းထဲတစ်ရက် ချိန်းလိုက်တာပေါ့

ဟုတ်ကဲ့ဆရာ ကျေးဇူးပါ

မိုးကျော်တစ်ယောက် သူ့ဆုံးဖြတ်ချက်ကိုသူကျေနပ်နေသည် ဒီအသင်းမှာ အရန်အဖြစ်နဲ့ နေရမယ့်အတူတူ Lion FC မှာပဲ အရန်အဖြစ်နေတာက ပိုတိုးတက်အုံးမယ်လို့ သူတွေးမိသည် ဒါပေမယ့် အသင်းနဲ့ ဆရာအောင်အောင် တို့ကို ခွဲရမယ်ဆိုတော့သူစိတ်မကောင်း

သူဘဝရဲ့ပထမဆုံး ဘောလုံးအသင်း မဟုတ်ပါလား

------------------

မိုးကျော်နဲ့ ဆရာအောင်အောင်တို့ နှစ်ယောက်သား ရန်ကုန်မြို့တစ်နေရာက ဟိုတယ်တစ်ခုရဲ့ အစည်းအဝေးအခန်း ထဲတွင် ထိုင်နေကြသည်

မကြာမီ စားပွဲထိပ်မှာ Lion FC အသင်းရဲ့ နိုင်ငံခြားသားနည်းပြ ၊ အတွင်းရေးမှုး နဲ့ စကားပြန်တို့က ဝင်ထိုင်လိုက်ပီး မိုးကျော်တို့ နှစ်ယောက်ကို နူတ်ဆက်လိုက်သည်

နည်းပြကြီးက ဖော်ဖော်ရွေရွေပင် သူပြောလိုသည်များကိုတောက်လျောက်ပြောသွားပီး စကားပြန်မှတဆင့်ဘာသာပြန်ပေးရာမှာတော့

မိုးကျော်ကို သူသတိထားစောင့်ကြည့်နေသည်မှာ ရာသီဝက်ခန့်ရှိနေပီဖြစ်ကြောင်း ရာသီပိတ်နောက်ဆုံးပွဲမှာ မိုးကျော်ရဲ့ သွင်းဂိုးတွေကြောင့်သူတို့အသင်း အာရှ ပွဲဝင်ခွင့်အတွက်စိုးရိမ့်ခဲ့ရကြောင်း စသည်ဖြင့်ပြောဆိုပီး အသင်းအတွက် ကစားသမားကောင်းဖြစ်လာမယ်လို့မျှော်လင့်ပီး မိမိမှာ နောက် အစည်းအဝေး တစ်ခုရှိတာကြောင့် အသေးစိတ်အချက်အလက်တွေကို အတွင်းရေးမှူး နဲ့ ဆက်လက် ဆွေးနွေး ဖို့ မှာကြားပီး ထွက်သွားပါတယ်

အမှန်တော့ ဆရာအောင်အောင်ရော မိုးကျော်ပါ ဒီနေ့ လာတွေ့မယ့်သူက နည်းပြကြီးမှန်း သူတို့မထင်ထားခဲ့ အရန်အတွက် ခေါ်ယူမယ့် မထင်မရှားလူငယ်လေးတယောက် ကို အရေးတယူ ရှိတာ တွေ့ရတော့ အခွင့်အရေးကောင်းတွေ ရှိနေတယ် ဆိုတာ

မိုးကျော်စိတ်ထဲ ရိပ်မိသလို ဆရာအောင်အောင်ကလဲ သိသည် စာချုပ်ပါ အချက်အလက်များကို ရှင်းရှင်းလင်းလင်း သိရအောင် အတွင်းရေးမှုး နဲ့ ဆရာတို့ ဆွေးနွေးနေတာကြောင့် မိုးကျော် နားထောင်နေမိသည်။

အတွင်းရေးမှုးဦးရန်နိုင်က

မိုးကျော် ညီလေးကို နည်းပြကြီးက အရန်ခုံတန်းမှာ အမြဲထိုင်ခိုင်းဖို့ ခေါ်တာမဟုတ်ဘူး ကွ သူက အရည်အချင်းရှိတဲ့ လူငယ်တွေကို ပိုရှိလာအောင် သင်ပေးတဲ့နေရာမှာတော့ အရမ်းတော်တယ်

အခုလဲ အာရှပြိုင်ပွဲအတွက် လူငယ်အင်အား လိုအပ်လို့ မင်းတို့လို လူငယ်တွေကို နေရာပေးချင်နေတာ

ဟုတ်ကဲ့ပါ ကျွန်တော်လဲ Lion FC အသင်းရဲ့ ကမ်းလှမ်းချက်တွေကို သဘောကျပါတယ် မိုးကျော်လဲ သဘောကျမှာပါ

စာချုပ်ကိစ္စနဲ့ လစာအကြောင်း လေး ဆက်ဆွေးနွေးလိုက်ရအောင် ဟု စကားဆိုလာသူက ဆရာအောင်အောင်ပင်

သူတပြည့် ကို အသင်းကောင်းတစ်သင်းက လိုလို ချင်ချင် ခေါ်ယူချင်နေတယ် ဆိုတာ သိရတော့ ဆရာ့မျက်နှာမှာ ပေါ်နေတဲ့ ပီတိ ကို မိုးကျော်မြင်လိုက်ရသည်။

(၁) နာရီခန့် အကြေအလည်ဆွေးနွေးအပီး (၃) နှစ် စာချုပ်နဲ့ လစာ (၇) သိန်း ကို မိုးကျော်တို့ သဘောတူညီလက်မှတ်ထိုးခဲ့ကြသည်။

မိုးကျော် တယောက် ကံကြမ္မာအလှည့်အပြောင်း မှာ Lion FC အသင်းသားတစ်ယောက်ဖြစ်ခဲ့လေပီ

အသင်းသစ်က သူ့ကို ဘယ်လိုကြိုဆိုမလဲ သူရောဘယ်လောက်လုပ်ပြနိုင်မလဲ ဆိုတာ တွေးရင်း မိုးကျော်ရင်တွေခုန်နေမိသည်။ 


အပိုင်း (၂၂)

ဆရာအောင်အောင် ကူညီပေးလို့ စာချုပ်စာတမ်း ကိစ္စတွေပီးတော့ Lion FC အသင်း ကို အထုပ် တစ်ထုပ် ဆွဲပီး မိုးကျော် ရောက်လာခဲ့သည်

တစ်ယောက်တည်းသမားမို့ အသင်းက ပေးတဲ့ အဆောင်မှာ နေမည် အသင်းကကျွေးတာစားမည်

နေရမည့်အဆောင်က သုဝဏ္ဏဘက်မှာ ခြံဝင်းက အတော်ကျယ်သည် ၆ ထပ်တိုက် တိုက်တန်းလျား ၅ တိုက် ပါသည်

မိုးကျော်နေရမည့် အဆောင်နဲ့ အခန်းမှာ အရင်အသင်းထက် များစွာပိုကောင်းတော့ကျေနပ်မိသည်

ရောက်ရောက်ချင်း နည်းပြအဖွဲ့က အသင်းသားများနဲ့ မိတ်ဆက်ပေးသည့်အခါ အသင်းသားအားလုံးက မိုးကျော်ကို အသက်ငယ်ပေမယ့် Respect ရှိစွာ ကြိုဆိုကြသည်

လာမည့်အပတ် ထဲ ခြေစမ်းပွဲ (၂) ပွဲရှိသည် မိုးကျော်ကို ဒုတိယ ပွဲတွင် Lineup ပေးပါမည်ဟု နည်းပြကြီးက ကတိပေးထားသည်

မိုးကျော် အသင်းကိုရောက်ခါစမို့ နားရက် ၁ ရက်ပေးသည်ကိုပင် မယူပဲ Training ပုံမှန်ဆင်းသည် GYM ပုံမှန်ဆော့ကာနည်းပြသဘောကျသည် ပုံစံဖြစ်အောင်ကြိုးစားနေသည် နည်းပြက သူ့ကို Right inside forward နေရာနဲ့ Second Stricker နေရာ ကို Training Match တွေမှာ အဓိကထားကစားခိုင်းတော့ မိုးကျော် နဲ့ အတော်လေး အံဝင်တာတွေ့ရသည်

ခြေစမ်းပွဲ ပထမပွဲမှာ မိုးကျော် တို့လူငယ်ကစားသမားတွေ မပါရ ပဲ ပွဲကြည့်ပရိတ်သတ်နေရာကသာ အားပေးရသည် သူတို့အသင်း (၂-၀) နဲ့ အနိုင်ရခဲ့သည်

ပွဲပီးတော့ နည်းပြကြီးက

ဒီနေ့ပွဲ ကို သိပ်အားမရကြောင်း အသင်းမှာပုံမှန်နေရာရလိုရင် ကြိုးစားအားထုတ်ဖို့လိုကြောင်း သိပ်မကြေနပ်ဟန်ဖြင့် ပြောဆိုသွားတော့ မိုးကျော်တို့လူငယ်ကစားသမားတွေ အနည်းငယ်တော့ ရှိန်မိသည် (၂-၀) နဲ့ အနိုင်ကိုသူမကျေနပ်ဘူး ပြောခဲ့ပေမယ့် မိမိတို့အသင်းနဲ့ ခြေစမ်းကစား ခဲ့သည့်အသင်းက မြန်မာ ယူ (၂၃) အသင်း နှင့်ဖြစ်သည်။

နောက် (၃) ရက်ကြာရင် ယူ (၂၃) အသင်း နဲ့ပဲ ထပ်ခြေစမ်းကြရမည်ဖြစ်ပီး ဒီတစ်ခါနည်းပြကြီးက မိုးကျော်တို့လို လူငယ် ကစားသမားများ ကိုပွဲထွက်ခိုင်းမည်ဟုသိရသည်။

--------

နောက် ရက်ရောက်တော့ ဆရာ အောင်အောင် ဖုန်းဆက်လာသည်

မိုးကျော်

ဗျာ ဆရာ

အဆင်ပြေရဲ့လား အသင်းသစ်နဲ့

မိုးကျော် Lion FC မှာ အဆင်ပြေကြောင်း မနက်ဖြန် မြန်မာ ယူ (၂၃) နဲ့ ခြေစမ်းပွဲကစားရမှာ ဖြစ်ကြောင်း စသည်ဖြင့် သူပျော်နေကြောင်း ပြောဖြစ်သည်။

အဆင်ပြေရင်ပီးတာပါပဲကွာ ဆရာက မင်းကို နူတ်ဆက်ချင်လို့

ဆရာမြန်မာပြည်မှာ အတွေ့အကြုံလဲ ယူသင့်သလောက် ယူပီးပီ ဆိုတော့ ထိုင်းက Sport Complex တစ်ခုမှာ အလုပ်လျောက်ထားတာ ခေါ်စာရပီလေ

အဲဒါ မနက်ဖြန် ဆရာ သွားရတော့မှာ မို့ မင်းကိုနူတိဆက်ဖို့ ဖုန်းခေါ်လိုက်တာ

ဟာ ဟုတ်လား ဝမ်းသာစရာပေါ့ဆရာ ထိုင်းက ကျွန်တော့်ကို စောင့်နေနော် ဆရာ

ဟားဟား အေးပါကွာ စောင့်နေပါ့မယ်

တကယ်တော့ မိုးကျော်ရော ဆရာပါ စိတ်ထဲမကောင်းကြ မိုးကျော် ဆိုတဲ့ ချာတိတ်ကို ဘောလုံးသမားဖြစ်လာအောင် သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာ ဖြစ်ပီး အချိန်ရရင် သွား ကန်တော့ ချင်ပေမယ့် ဆရာက မနက်ဖြန် သွားရတော့မည်ဖြစ်သလို မိုးကျော်ကလဲ မနက်ဖြန် ပွဲရှိလေသည်။
---------

ပွဲနေ့ ရောက်တော့ မိုးကျော်ရင်တွေခုန်နေပီး ယူ (၂၃) လိုအသင်း နဲ့ ရင်ဆိုင်ရမှာဆိုတော့ စိတ်လှုပ်ရှားနေသည်
တစ်နေ့ အဲလိုအသင်းမှာ ကစားနိုင်ဖို့ ဆိုတာ သူ့ရဲ့ အိပ်မက်ပင်

ကစားမည့် ပွဲထွက် (၁၁) ယောက်ထဲမှာ

တိုက်စစ်မှူး မိုးကျော် (၁၃) ဟု ထင်ထင်ရှားရှား ပါတဲ့ စာရွက် ကို နည်းပြက ကိုင်ထားပီး ကစားမည့်ပုံစံကိုအထပ်ထပ်ရှင်းပြနေသည်

မိုးကျော် Lion FC မှာ ဝတ်ဆင်ကစားမည့် နံပါတ်က (၁၃) ဖြစ်ပီး အရင်အသင်းတုန်းက (၂၃) ကို ဝတ်ဆင်ကစားခဲ့သည်

ပွဲစပီး ပထမပိုင်းအထိ ယူ (၂၃) နဲ့ မိုးကျော်တို့ လူငယ်အသင်း သူတင်ကိုယ်တင် ကစား နိုင်ခဲ့ပီး (၂) သင်းလုံးက ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးကိုယ်စီ ရခဲ့ကြကာ (၀-၀) သရေရလဒ် ထွက်ပေါ်နေသည်။

ဒုတိယပိုင်းမစခင် Team Briefing မှာ မိုးကျော်တို့ မိုးမွန်အောင် အဆူခံရလေသည် နည်းပြကြီးက ရှေ့ လယ် နောက် ကိုရစရာမရှိအောင် အပြစ်ပြောပြီး

နိုင်လိုစိတ်မရှိရင် အကုန်ပြန်ကြ ကန်မနေနဲ့

ဒါလား ဘောလုံးသမားစိတ်ဓါတ်

ဒုတိယပိုင်း ဒီပုံစံဆက်ကန်ရင် အကုန် စာချုပ်ဖျက်သိမ်းပြစ်မည်ဟုပါကြိမ်းပါလေတော့သည်

မိုးကျော်စိတ်ထဲမှာ ဒီပွဲကိုသာမာန် ခြေစမ်းပွဲတစ်ခုလိုသာ သဘောထားပေမယ့် နည်းပြရဲ့ စိတ်ထဲမှာတော့ ဗိုလ်လုပွဲ တစ်ပွဲ ယှဉ်ပြိုင်နေသလို ပြင်ဆင်ကာ ကစားခိုင်းနေသည် ကို မိုးကျော် မြင်တွေ့လိုက်ရသည် ကစားသမား တွေအကုန် ပွဲတိုင်း ကို ဒီလို စိတ်ဓါတ်မျိုး နဲ့ ကစားဖို့လိုအပ်ပါလားဟု တွေးမိသည်

ဒုတိယပိုင်းစတော့ မိုးကျော်တို့အသင်း နိုင်လိုစိတ်အားမာန် အပြည့်ထည့်ကာ အချိတ်အဆက် မိမိ ကစားနိုင်ခဲ့ပီး

မိုးကျော်ရဲ့ နောက် တန်း (၂) ယောက် ကို လိမ်ခေါက် ဖြတ်ကျော်ကာ ဂိုးသမား ကာထားသည့်ကြားမှ ပေါင်ကြားထဲထည့်ကာ အဖွင့်ဂိုး ကိုသွင်းယူပေးလိုက်သည်

လူငယ် (၂) သင်း တွန်းတွန်း တိုက်တိုက် အပြန်အလှန် ကစားရင်း ဖရီးကစ်မှ ဒုတိယဂိုး နဲ့ မိုးကျော် ကို လူချကစားသောကြောင့် ပင်နယ်တီရကာ မိုးကျော် ကိုယ်တိုင် ကန်သွင်းယူပီး တတိယဂိုး ရရှိခဲ့ကာ ပွဲအပီးမှာတော့ (၃-၀) နဲ့ အနိုင်ရရှိခဲ့ပါတယ်

Moe Kyaw Good Game! Good Game!

မိုးကျော် အသံကြားလို့ လှည့်ကြည့်လိုက်တော့ နည်းပြကြီးကို အပြုံးနဲ့ လက်မထောင်ပြတာ တွေ့လိုက်ရတော့မှ သက်ပြင်းချနိုင်ခဲ့တော့သည် မဟုတ်ရင် စာချုပ်တကယ်ဖျက်မယ့်ပုံရှိသည်မဟုတ်ပါလား

ဘောလုံးရာသီပွဲစဉ်တွေစလေပီ

ရာသီစတော့ မိုးကျော် ပွဲတိုင်း တော်တော် များများ ပါရသည် မိုးကျော် လူစားဝင်ပီ ဆို ပြိုင်ဘက်အသင်းက နောက်ခံလူ (၂) ယောက် ကပ်ကစားရတဲ့ အထိ Super Sub မိုးကျော် ဟု ပြိုင်ဘက်တွေကြား နာမည်ကြီးလာခဲ့သည်

အသင်းကလဲ ရာသီဝက်ထိ ရှုံးပွဲမရှိသေးပဲ အနိုင် နဲ့ သရေပွဲသာရှိကာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပီး ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ လည်း မိုးကျော်က ၈ ဂိုး နဲ့ အဆင့် (၄) မှာ ရပ်တည်နေခဲ့သည်။

နောက် ကန်ရမည့်ပွဲက AFC ပွဲဖြစ်ပီး အဝေးကွင်း ဘန်ကောက်မှာ ကန်ရမည့်ပွဲစဉ်ဖြစ်သည်။

နည်းပြကြီးကလဲ ပွဲစဉ်တော်တော်များများမှာ မိုးကျော်ကို တိုက်စစ်အတွက် အတော်လေး အားထားလာသည် ထိုင်းဆိပ်ကမ်း အသင်း နဲ့ ပွဲ ထွက်လူစာရင်းမှာ မိုးကျော်ကို ထည့်သွင်းထားပီး အဖွင့်ပွဲဖြစ်သည့်အလျောက် အနိုင်ရလဒ်ပဲ လိုချင်သည်ဟု တစ်သင်းလုံးကိုမှာကြားထားပီးဖြစ်သည်။

မိုးကျော် ရဲ့ ပထမဆုံး နိုင်ငံတကာ အတွေ့အကြုံပွဲစဉ်ဖြစ်ပီး သူ့ကို Lineup ထည့်ကစားထားသောကြောင့် သူ့အတွက် တာဝန်ကြီးသည့်ပွဲတစ်ပွဲပင်ဖြစ်သည်။

ပွဲမကန်ခင် (၃) ရက်အလို

မနက်စောစော မိုးကျော်တို့ တသင်းလုံး လေဆိပ် ကို အသင်းဘတ်စ်ကားဖြင့် ထွက်လာခဲ့ကြသည်

လေဆိပ်ရောက်တော့ အသင်းလိုက် ဓါတ်ပုံရိုက် အပီး မိမိတို့ကစားသမားတွေ အချင်းချင်း စလိုက် နောက်လိုက် နဲ့ လွတ်လပ်စွာနေရင်း ပထမဆုံးလေယဉ်စီးမယ့်မိုးကျော်တစ်ယောက် စိတ်သက်သာရာရမိသည်

လေယဉ်ပေါ်ရောက်တော့ (၃) ယောက် တတန်းထိုင်ရပီး လျောက်လမ်းဘေးက မိုးကျော်ဘေးခုံ မှာတော့ လေယဉ်ထွက်ခါနီးထိ လွတ်နေသေးသည်

လူမရှိဘူးထင်တယ်ဟ

အသင်းဖော်က လှမ်းပြောသည်

မရှိတော့ ကောင်းတာပေါ့ကွာ ငါတို့ (၂) ယောက် အကျယ်ကြီးထိုင်ရတာပေါ့

မိုးကျော်စကားအဆုံး အမိုက်စား ဝတ်စားထားတဲ့ အသက် ၁၉-၂၀ အရွယ် ကောင်မလေးတစ်ယောက် လပ်တော့လေးပိုက်ကာ သူတို့ဆီသို့ တန်းတန်းမတ်မတ်လျောက်လာကာ မိုးကျော်ဘေးနား ဝင်ထိုင်လိုက်သည်

ထိုအချိန် ဘောလုံး တသင်းလုံးအကြည့်က မိုးကျော်စီ ရောက်နေမှန်း မိုးကျော်သိသည်

အသင်း ဂိုးသမားဆီက တောက် ခေါက်သံ တချက် ကြိတ်မနိုင်ခဲမရထွက်လာသည်

ငါကွာ နေရာချင်းသာလဲလိုက်ချင်တယ်

မိုးကျော်ကတော့ ခပ်တည်တည်ပင် အသင်းဖော်ဖက် ကို အနည်းငယ် တိုးပေးလိုက်ပီး နူတ်ဆက်သည့်အကြည့်နှင့် တချက်ကြည့်လိုက်သည်

မိန်းကလေးက ပဲ ဖော်ဖော်ရွေရွေ အပြုံးနှင့် ပြန်ကြည့်တော့ မိုးကျော် ရင်ခုန်သွားမိသည်

အတော်လှသည့် မျက်နှာပေါက်လေးပါလား

အရပ်က ၅ ပေ ၈ လောက် ရှိမည်ထင်မိသည် သာမာန် မိန်းကလေးတွေထက် ပိုမြင့်တာကတော့သေချာသည်

အဆိုပါ မိန်းကလေးက ခုံမှာဝင်ထိုင်လိုက်ပီး နားကျပ် တပ်ကာ မိုးကျော်တို့ ဘောလုံးသမားတသိုက်ကို ဂရုမစိုက်သလိုခပ်တည်တည်ပင် သီချင်းနားထောင်နေသည်

မိုးကျော်က တော့ ရင်ထဲ ဘလွန်းဒီအောလ် ဆုရသလို တဒိန်းဒိန်း ဖြစ်နေတုန်း လေယဉ်က ပြေးလမ်းပေါ်မှတဆင့် ဘန်ကောက်မြို့ကို စတင်ပျံသန်းလာပီဖြစ်ပါတော့သည်။


အပိုင်း (၂၃)

ဘန်ကောက်ရောက်တော့ အသင်းနေထိုင်ရာ ဟိုတယ်က မြက်ခင်းပြင်မှာပဲ အပေါ့စားလေ့ကျင့်ခန်းဆင်းရပီး ညနေကျမှ ဆိပ်ကမ်းအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ Training ဆင်းရသည်။

အသင်းရဲ့ အဆောက်အဦး လေ့ကျင့်ရေးကွင်းနဲ့ GYM တို့က အားကျစရာကောင်းလှပီး သူတို့တွေဘာကြောင့်အောင်မြင်နေလဲဆိုတာ သည်လိုအရာတွေက ဖော်ပြနေသည်

အသင်းဖော်တွေက ဘန်ကောက်ရောက်တုန်း လျှောက်လည်ချင်ပေမယ့် နည်းပြကြီးက အသင်းမနိုင်ရင် ဟိုတယ်အပြင် တစ်ယောက်မှ မထွက်ရဘူးဆိုတာကြောင့် အားလုံးငြိမ်နေကြရသည် ပြိုင်ဘက်အသင်းက City Tour Bus စီစဉ်ပေးတာတောင် နည်းပြကြီးက Cancel လုပ်ပြစ်ခဲ့သည်ထိ စည်းကမ်းကြီးလှသည်

ပွဲနေ့ရောက်ပီ

ပထမ (၁၁) ယောက်စာရင်းမှာ မိုးကျော် ပါလာပီး အထောင်တိုက်စစ်မှူးနေရာမှာ ကစားရသည်
မိုးကျော်တို့ ကွင်းထဲ ဝင်လာတော့ ပရိတ်သတ်အားပေးသံက ညံနေသည်

ထိုင်းနိုင်ငံ က ပရိတ်သတ်တွေက သူတို့ အားပေးသည့် ကလပ်အသင်း ကို အများအပြားလာရောက်အားပေးတာတွေ့ရတော့ သုဝဏ္ဏကွင်းထဲက လက်တဆုပ်စာ လူတစ်စု လေးကိုတောင် မိုးကျော်သတိရမိသွားသေးသည် စီးပွားရေးအခြေအနေ မတူညီကြတဲ့ နိုင်ငံ (၂) ခုဆိုတော့လည်း အပြစ်မဆိုသာ

ပွဲစတော့ ထိုင်း ဆိပ်ကမ်း အသင်းက အတော်လေး ကစားပုံကောင်းပီး ကစားတာ သပ်သပ်ရပ်ရပ်ရှိလှသည် မိုးကျော်တို့အသင်း ကလဲ အပေးအယူကောင်းကောင်းဖြင့် ပြန်လည်ထိုးဖောက်သော် လည်း ပြိုင်ဘက်နောက်တန်းက တောင့်တင်းလွန်းတာကြောင့် ဂိုးရဖို့ခက်ခဲနေတုန်း ပြိုင်ဘက်နောက်တန်းက ဂိုးစည်းနဲ့ မလှမ်းမကမ်းမှာ ပြစ်ဒါဏ်ဘော ကျူးလွန် တာကြောင့် ဒိုင်လူကြီးက ဖရီးကစ် ကန်ခွင့်ပေးခဲ့ပါတယ်

တိုက်ရိုက်ဖရီးကစ်ကို အသင်းခေါင်းဆောင်က တိုက်ရိုက် ကန်သွင်းခဲ့တာကြောင့် မိုးကျော်တို့ ဦးဆောင်ဂိုးရရှိခဲ့ပီး ပထမပိုင်းပီးဆုံးခဲ့ပါပီ

ဒုတိယပိုင်းမိနစ် (၇၀) မှာ အသင်းကစားပုံပြောင်းလဲခဲ့တာကြောင့် မိုးကျော် နေရာကို CM ကစားတဲ့ ကစားသမားတယောက် နဲ့ လူစားလဲခဲ့ပီး နည်းပြကြီးက ခံစစ်ကိုဦးစားပေး ကစားစေခဲ့တာကြောင့် ပြိုင်ဘက်အသင်းက တရစပ် ထိုးစစ်ဆင်နေပါတော့တယ်

ပွဲချိန် (၈၈) မိနစ် အထိ (၁-၀) အနိုင်ရနေပေမယ့် မမျှော်လင့်ပဲ ပြိုင်ဘက် ကစားသမားရဲ့ ဂိုးထဲ ကန်သွင်းလိုက်တဲ့ ဘောလုံးက မိမိတို့ အသင်း နောက်ခံလူရဲ့ လက်ကို လာထိတာကြောင့် ဒိုင်က ဝီစီမှုတ်တော့ နည်းပြကြီးက Ball to hand ဖြစ်တာကြောင့် စောဒက အပြင်းအထန် တက်ခဲ့ပေမယ့် ဒိုင်ကတော့ ပင်နယ်တီပေးလိုက်ပါပီ

(၁-၁) ပွဲပီးရလဒ်

အနိုင်ရလဒ်ကနေ သရေကျခဲ့ရတော့ မကျေမနပ် ဖြစ်နေတဲ့ နည်းပြကြီးက Post Match Meeting ကို မိမိအားခေါ်သွားတော့ ကြောက်ကြောက်နဲ့ပဲ လိုက်သွားလိုက်မိသည်

ဟိုရောက်တော့ နည်းပြကြီးက ဒီနေ့ပွဲက မိမိတို့အနိုင် ရရှိရမည့် ပွဲဖြစ်ကြောင်း ပင်နယ်တီက ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်း ဒိုင်ကို ကွန်ပလိန်း တတ်နေတုန်း သတင်းထောက်များကြားမှ မိန်းကလေး တယောက်ကို မိုးကျော်သတိထားမိသွားသည်

ဒါ ငါလေယဉ်ပေါ်မှာတွေ့တဲ့ကောင်မလေးပဲ ဟုတွေးမိနေတုန်း အဆိုပါကောင်မလေးက လက်ထောင်ပီး

I'm gonna ask to Mr Moe Kyaw
I'm Emma from bangkok sport news ...
ဆိုပီး English လိုထမေးတော့ ကျွန်တော် နည်းနည်းကြောင်သွားပီး စကားပြန်ကိုလှည့်ကြည့်မိသည်

ဒီနေ့ပွဲမှာ ဂိုးမသွင်းနိုင်ဘူးနော် အိမ်ကွင်းပွဲစဉ်အတွက် ဘယ်လိုပြင်ဆင်ထားလဲ ဂိုးသွင်းယူနိုင်လိမ့်မယ် လို့ရော ထင်လား ဟုမေးတာဖြစ်ကြောင်း စကားပြန်က ပြောတော့

ကျွန်တော် ဒီနေ့ပွဲမှာ ဂိုးရအောင်ကြိုးစားခဲ့ပေမယ့် တဖက်အသင်း နောက်တန်းက တောင့်တင်းတာကြောင့် ဂိုးမသွင်းယူနိုင်ခဲ့ဘူးဗျ ရန်ကုန်မှာ ကစားတဲ့ ပွဲမှာတော့ သေချာတယ် ကျွန်တော် ကိုယ်တိုင်ရောအသင်းဖော်တွေပါ ဂိုးသွင်းယူပီး အနိုင်ရမှာပါလို့ ပြောချင်ပါတယ်

ပီးတော့ ဒီနေ့ ပင်နယ်တီကလဲ မပေးသင့်တဲ့ ပြစ်ဒါဏ်ဘောပါ ကျေးဇူးတင်ပါတယ်

နည်းပြကြီးကတော့ စိတ်ဆိုးမာန်ဆိုးနဲ့ မကျေမနပ်စွာ သတင်းထောက်တွေ မေးသမျှ ပြန်ဖြေနေတုန်း ကျွန်တော်ကတော့ သတင်းထောက်မလေး Emma ကိုသာ ငေးကြည့်နေမိသည်

Meeting ပီးတော့ အခန်းထဲက ထွက်လာပီး အဝတ်လဲခန်းဘက် ကျွန်တော် လမ်းလျောက်လာတော့

အနောက်ဘက်ကနေ

ကိုမိုးကျော် ရှင့် လို့ခေါ်သံကြားတော့ လှည့်ကြည့်မိသည်

တခြားသူမဟုတ် Emma ဖြစ်နေသည်

ဗျာ ညီမက မြန်မာလား

ဟုတ်ပါတယ် ရှင့် ညီမက ဗမာ လူမျိုး ချင်းမိုင်မှာ ကြီးတာပါ

အော် ဘာမေးစရာရှိလိုလဲ ညီမ မေးလေ

ဓါတ်ပုံလေး ရိုက်ချင်လို့ပါ ညီမအလုပ်အတွက်ပါ

ရတယ်ရိုက်ပါ

လွယ်ထားတဲ့ ကင်မရာလေးထုတ်ပီး ဘောလုံးကွင်းနောက်ခံထားပီး ဓါတ်ပုံ (၅) ပုံလောက် သူရိုက်နေသည်

ရပါပီ ရှင့် ကျေးဇူးပါနော်

ရပါတယ်ညီမ ဒါနဲ့ ရန်ကုန် ပွဲသတင်းရော ညီမ လာယူအုံးမှာလား

မိုးကျော်လဲ အခြေအနေ ပေးတုန်း စကားစလိုက်သည်

ဟုတ်ကဲ့ရှင့် ညီမ လာရမှာပါ

အကို ဂိုးတွေအများကြီး သွင်းနိုင်ပါစေနော်

ခဏ ညီမ အကို တို့ Selfie လေးတစ်ပုံလောက် ရိုက်လို့ရမလားညီမ

ပြောသာပြောလိုက်တာ မိုးကျော်ဖုန်းက Locker ထဲမှာ

ဟုတ်ရပါတယ်

ဒါဆို ညီမ ဖုန်းနဲ့ ရိုက်ပေးပါလား အကိုဖုန်းက Locker ထဲမှာမို့

ဟုတ်ကဲ့ရပါတယ် အကို

မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံး တူတူ Selfie ဆွဲဖူးတာဖြစ်တော့ မိုးကျော်တယောက် ရင်တွေခုန်မိသည်

ကျေးဇူးနော် ညီမ

ပုံကရောအကို ဘယ်ကပို့ပေးရမလဲ

အော်ပုံက ရန်ကုန်ရောက်မှ ပေးလေ ထပ်တွေ့အုံးမှာပဲ ကျွန်တော့်မှာဖုန်းလဲမပါလာတော့

ဟုတ်ကဲ့ ဒါဆို Bye , See you later

ဆိုပီး Emma က လှည့်ထွက်သွားပေမယ့် မိုးကျော်ရင်ထဲကတော့ မထွက်သွားနိုင်တော့ပေ

မိုးကျော်တို့ ရေမိုးချိုး ပီး ဟိုတယ်ပြန်ရောက်တော့ နည်းပြကြီး မျက်နှာက အနည်းငယ် ရွှင်ကြည်နေသည်

မိုးကျော်တို့ တသင်းလုံးကို သရေရလဒ် အတွက် ညစာ ကျွေးပီး ည (၁၁:၀၀) ထိ လည်ပတ်ခွင့်ပေးမည်ဟု ပြောတော့ တသင်းလုံးပျော်သွားကြသည်။

ဘန်ကောက်မြို့ထဲ လည်ပတ်ကြတော့ အစစအရာရာ က မိမိတို့ နိုင်ငံ မိမိတို့ မြို့နှင့် အဆမတန် ကွာခြားလွန်းလှသည် အိမ်နီးချင်း နိုင်ငံဆိုပေမယ့် စီးပွားရေး ပညာရေး က တိုးတက်လွန်းတာသိသာသည်

ဒီနိုင်ငံမှာ တနေ့နေ့တော့ ဘောလုံးလာကစားနိုင်အောင် ကြိုးစားမယ်ဟု စိတ်ကတွေးပေမယ့် လက်ရွေးစင် ထဲမပါဘူးရင် ထိုင်းကလပ်အသင်းတွေက ခေါ်ယူလို့ မရတော့ လက်ရွေးစင်ဖြစ်အောင် သူအရမ်းကြိုးစားမှ ရတော့မည်ဖြစ်သည်

ဒါမှလဲ မြန်မာ ချင်းမိုင် သူလေး Emma နဲ့ နီးစပ်နိုင်မှာမဟုတ်ပါလား

---------

ရန်ကုန်ပြန်ရောက်တော့ ဆရာအောင်အောင်က ဖုန်းဆက်လာသည်

ဆရာ မင်းတို့ပွဲကို TV ကပဲကြည့်လိုက်ရတယ် ကွင်းထဲထိ လာအားမပေးလိုက်နိုင်ဘူးကွာ

ရပါတယ်ဆရာ လဲ အလုပ်နဲ့ဆိုတော့ ဘယ်အားမလဲ
ဆရာ ကျွန်တော် ဘန်ကောက် က ကလပ်တစ်ခုခုမှာ ကစားရအောင်ကြိုးစားမယ်

အေးငါ့တပြည့်ဆိုတာ အဲလိုပဲဖြစ်နေရမှာပေါ့ တနေရာထဲမှာ အနေချောင်လိုဆိုပီး ကျေနပ်နေလိုမရဘူးမိုးကျော် အမြင့်ဆုံးထိ ရောက်အောင် ပျံနိုင်မှ ဖြစ်မှကွ

ဟုတ်ကဲ့ဆရာ

လက်ရွေးစင်ဖြစ်အောင်လုပ်ရမှာက ပထမရည်မှန်းချက်ဆိုတာ မမေ့နဲ့နော် ကျန်တာက နောက်က လိုက်လာလိမ့်မယ် အောင်မြင်ရင်လဲ ဘဝင်မမြင့်နဲ့ ကြားလား

ဟုတ်ဆရာ စိတ်ချပါ

မိုးကျော်အတွက်တော့ ဆုံးမ ပေးမယ့် ဆရာအောင်အောင် လို ဆရာမျိုးကို လိုအပ်သည်ဟုထင်မိသည် အသက် (၁၄) နှစ်ထဲက အိမ်ကထွက်လာခဲ့ပီး ဆရာ့ဆုံးမမှု့တွေ ဆရာ့ဖေးမ မှု့တွေကြောင့်ပဲ မိုးကျော်ဒီလိုဘဝ ထိ တိုးတက်လာခဲ့တာမဟုတ်ပါလား

ထိုင်း ဆိပ်ကမ်းအသင်း ရန်ကုန်လာမကန်ခင် ကြားထဲမှာ Pro League (၃) ပွဲရှိသည် နည်းပြကြီးက ရှေ့ (၂) ပွဲလုံး မှာ မိုးကျော်ကို ပွဲမထုတ်ပဲ လူစားဝင်ကစားသမားအဖြစ်သာ ဝင်ရောက်ကစားခိုင်းပီး ဒါဏ်ရာ မရအောင် ကစားဖို့ အတွင်တွင်မှာသည်

ဒုတိယပွဲမှာ မိုးကျော် လူစားဝင်ပီး (၂) ဂိုး သွင်းယူနိုင်တာကြောင့် သွင်းဂိုးအများဆုံး ကစားသမား စာရင်းမှာ အဆင့် (၂) နေရာထိ တက်လာနိုင်ခဲ့သည်။

ရှေ့တပတ်ထဲမှာက မိုးကျော်အတွက် ရေကုန်ရေခန်း ကစား ရမယ် ပွဲစဉ် (၂) ပွဲရှိနေသည်

ပထမပွဲက မိုးကျော် အသင်းဟောင်းနဲ့ ကန်ရမည့် လိဂ် ပွဲစဉ်

အသင်းဟောင်းကလည်း မိုးကျော်ထွက်လာပီးနောက်ပိုင်း ဇယားအောက်ခြေမှာ တန်းမဆင်းရရေး ရုန်းကန်နေရလေသည်

မိမိအားနေရာမပေး ခဲ့တဲ့ အသင်းဟောင်း ကိုလဲ မိုးကျော် ဘာဆိုတာကို တွေ့စေချင်သေးသည်

ဒုတိယပွဲက ထိုင်းဆိပ်ကမ်းအသင်း နဲ့ ဒုတိယအကျော့ ပွဲစဉ် တို့ဖြစ်ပီး ထို (၂) ပွဲလုံးမှာ မိုးကျော် အတွက်တော့ အရေးပါလှသလို အသင်းအနေနဲ့လည်း နိုင်ပွဲ ရမှ ဖြစ်တာကြောင့် ဖိအားများလှသည့်ပွဲ (၂) ကို (၃) ရက်သာခြားပီး ကစားရတော့မှာပဲဖြစ်သည်။

Pro Leauge ပွဲစဉ် (၂၂)

ရှုံးပွဲမရှိတဲ့ မိမိတို့ အသင်းနဲ့ ဇယားအောက်ခြေနားရုန်းကန်နေရတဲ့ မိမိအသင်းဟောင်း နဲ့ ပွဲစဉ်မှာ မိုးကျော် Lineup ပါလာခဲ့သည်

ကွင်းထဲဝင်တော့ အသင်းမှာ လူဟောင်း အနည်းငယ်သာကျန်ပီး ဆရာထွန်း စိတ်ကြိုက် လက်ရွေးစင်ဟောင်း အများစု နဲ့ ဖွဲ့စည်းထားတာတွေ့ရသည်

ပွဲစတော့ မိုးကျော်တို့ Lion FC ကပဲ ဘောလုံးပိုင်ဆိုင်မှု့ အသာစီးရယူကာ ထိုးဖောက် ကစားတာကြောင့် အသက်အရွယ်ပိုင်း နဲ့ စိတ်ဓါတ်ပိုင်းမှာ ယှဉ်မရပဲ ပြိုင်ဘက်အသင်းဟောင်းရဲ့ နောက်တန်းက ပြိုလဲ သွားကာ မိုးကျော်တစ်ယောက် ပထမ ပိုင်း မှာ တင် Hattrick သွင်းယူထားနိုင်ခဲ့ပါတယ်။

ဂိုးသွင်းယူပီးတိုင်း အကြီးအကျယ်အောင်ပွဲမခံခဲ့ပေမယ့် မိမိ ကိုနေရာမပေး မယုံကြည်ခဲ့တဲ့ အသင်းဆိုတော့ ကျေးဇူး ရှိသည့်တိုင် ပီတိတော့ဖြစ်မိသည်။

ပထမပိုင်းက သွင်းဂိုး (၃) ဂိုး နဲ့ အတူ သွင်းဂိုး အများဆုံးလူစာရင်းမှာ ၁ ဂိုးအသာနဲ့ မိုးကျော် ထိပ်ဆုံးကို ရောက်လာခဲ့သည်။

ဒုတိယပိုင်း မစခင်မှာတော့ နည်းပြကြီးက ဒါဏ်ရာ ရမှာ စိုးရိမ်သောကြောင့် မိုးကျော်ကို လူစားလဲခဲ့ပီး

Good game moe kyaw , keep your energy levels high for up coming match

ဆိုပီး နောက်ပွဲအတွက် အားမွေးခိုင်းထားလေသည်။

ထိုင်းကလပ် အသင်း နဲ့ပွဲစဉ်က နောက် (၂) ရက်နေရင် ကစားရတော့မည်ဖြစ်ပီး အနိုင်ကစားနိုင်ဖို့အတွက်ရော Emma နဲ့ ဆုံဖို့ အတွက်ရော မစောင့်နိုင်အောင်ဖြစ်နေမိတော့သည်။



GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA