MOE KYAW ( COMPETITION ) 29

 

.

အပိုင်း (၂၉)


ဆရာအောင်အောင် ပြောခဲ့သလိုပင် အာရှအသင်း တွေနဲ့ ဥရောပ အသင်းကြီး တချို့က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု အင်တာနက်သတင်း တချို့မှာ ဖော်ပြလာကြသည်


Emma ရေးထားတဲ့ Road to Finals ဆိုတဲ့ ဆိုတဲ့ သတင်းမှာလဲ ထိုင်းကလပ်အသင်းများအနေနဲ့ မြန်မာအသင်းက ကစားသမားကောင်းတွေကို အမြန် ခေါ်ယူဖို့ တိုက်တွန်းရေးသားထားတာ မိုးကျော် ဖတ်ရသည်


ဒီပြိုင်ပွဲက မိုးကျော် ဘဝရဲ့ တစ်ဆစ်ချိုး ပဲ ဖြစ်လာမှာလား ဒါမှမဟုတ် ဒီတိုင်းပဲ ပီးဆုံးသွားမှာလားဆိုတာ စဉ်းစားရင်း မိုးကျော် ရင်ခုန် နေမိသည်။


ခုတော့ အနီးစပ်ဆုံး ကွာတားဖိုင်နယ်မှာတွေ့ရမယ့် အသင်းဖြစ်တဲ့ ဥဇဘက် အသင်းနဲ့ပွဲစဉ်ကို အာရုံစိုက်ထားမိသည် ဥဇဘက် ကလည်း အာရှဒေသမှာ အရပ်အမောင်းကောင်းကောင်း နဲ့ ဘောလုံးကိုပိုင်နိုင်စွာကစား နိုင်တဲ့ အသင်းကောင်းဖြစ်သည့်အပြင် ဩစတေးလျ လိုအသင်းမျိုးကို ကျော်ဖြတ်ကာ ကွာတားတက်ရောက်လာခဲ့တာကြောင့် မြန်မာအသင်းအတွက်တော့ မလွယ်ကူလှတဲ့အသင်းပါ။


ပွဲမတိုင်ခင် နည်းပြကြီးရဲ့ ကစားကွက်ကို သိရတော့ မိုးကျော် အံ့ဩ မိသည် ဥဇဘက် ကို ခံစစ်ကစားမှာ မဟုတ်ပဲ တိုက်စစ်ဖွင့်ကစားမည့် ပုံစံကို မြင်ရတော့ အစကတော့ ဖြစ်နိုင်ပါ့မလား တွေးမိသည်


နောက်တော့မှ ဒီအသင်းဟာ အာရှ  ယူ (၁၉) ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ရောက် အသင်းကိုပြန်လည်တည်ဆောက်ထားမှန်း သတိရပီး အာရှအသင်းတွေဆို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့တဲ့ အသင်းမဟုတ်ပါလား 


အသင်းဖော်တွေကိုယ်တိုင်ကလဲ ဥဇဘက် နဲ့ကန်ရမယ် ဆိုတာကို ပေါ့ပေါ့ပါးပါးပင် အရင်ပွဲ တွေတုန်းကလို စိုးရိမ်စိတ်တွေတောင် မမြင်ရပေ


ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာကြတဲ့အသင်းတိုင်း မခေကြပဲ အကောင်းဆုံး အသင်းတွေ သာ ဖြစ်တာမို့ ပရိတ်သတ်စိတ်ဝင်စားမှု့ကလည်း အမြင့်ဆုံးကို ရောက်ရှိလာသည့်အပြင် အာရှ နဲ့ ဥရောပ နာမည်ကြီးအသင်းတွေရဲ့ ကင်းထောက်တွေလဲ လာရောက် ကြည့်ရှု့ ရသည်အထိ ဆွဲဆောင် ထားနိုင်တဲ့ ပွဲတွေဆိုလဲမမှားပါဘူး


ဥဇဘက် vs မြန်မာ


ပွဲနေ့သို့ပင်ရောက်ရှိလာပါပီ ပထမ ၁၁ ယောက်မှာ မိုးကျော်ပါဝင်လာပီး ၄-၃-၂-၁ ပုံစံဖြင့် မြန်မာအသင်းကပွဲထွက်လာခဲ့ပါတယ်


ပြိုင်ဘက်အသင်း ကွင်းထဲဝင်လာတာ မိုးကျော်မြင်တော့ အာရှအသင်းဖြစ်ပေမယ့် အရပ်အမောင်းက ကောင်းလှသည် သူတို့နဲ့ တွန်းတွန်းတိုက်တိုက် ကစားဖို့ မလွယ်ကူတာကြောင့် ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကို တွေးနေမိသည်။


ပွဲစပါပီ 


ရွှီ 


နည်းပြကြီးထင်ထားသလိုပင် အရပ်အမောင်းကွာပေမယ့် ဥဇဘက် ကို မိုးကျော်တို့ ယှဉ်ကစားနိုင်သည် သူတပြန် ထိုးဖောက်ရင် ကိုယ်ကလဲ တပြန် တိုက်စစ်ဆင်နိုင်သည်


ဥဇဘက်က အရပ်ကြောင့် ခေါင်းယှဉ်တိုက်ရာမှာ ဘောလုံးဦးပေမယ့် အပြေးမှာကျတော့ မိုးကျော်တို့က ပို လျင်မြန်သည်


ပထမပိုင်းက တော့ နှစ်ဘက်စလုံး အရမ်းဖွင့်မကစား ကြတာကြောင့် ဂိုးမရရှိခဲ့ပဲ သရေရလဒ်နဲ့သာပီးဆုံးခဲ့သည်။


ဒုတိယပိုင်း မှာလဲ အစပိုင်းမှာ ကွင်းလယ်မှာပင် ဘောလုံးက လည်နေပီး ပွဲက အေးစက်စက်ရှိလှသည် ပရိတ်သတ်တချို့ရဲ့ အားမလို အားမရ အသံတွေကြားလာရသည်


တကယ်တော့မိုးကျော်တို့လဲ ပြိုင်ဘက်ကို တကယ်ဖွင့်မကစားရဲတာကြောင့် အခြေအနေ ကြည့်ကာ ထိန်းကစားနေရတာဖြစ်သည်


မြန်မာအသင်းခေါင်းဆောင် ကွင်းလယ်ကနေ ဘောလုံးလွတ်ထွက်လာလို့ ဆွဲပြေးလာတုန်း ပြိုင်ဘက်အသင်း ဖျက်ထုတ်တာ ကြမ်းလို့ဆိုပီး မြန်မာအသင်း ပစ်ဒါဏ်ဘော ရတာကြောင့် အသင်းခေါင်းဆောင် ကိုယ်တိုင် ကန်ဖို့ပြင်လေသည်


ကန်ရမည့်နေရာက နေရာကောင်း ဂိုးစည်းထိပ်တည့်တည့်နှင့် ၃ ကိုက်မျှသာဝေးသည် 


ဘောလုံးကို တည်ပီး နောက်ကို ခြေလှမ်း ၅ လှမ့်ခန့်ဆုတ်ကာ ကန်ဖို့အသင့်ဖြစ်နေလေပီ 


ဒိုင်လူကြီးက ခရာ မမှုတ်သေးပဲ ပြိုင်ဘက်အသင်းလူတန်းကိုနောက်ဆုတ်ခိုင်းနေသည် ပြိုင်ဘက်ကလည်း နေရာကောင်းမှာ ပစ်ဒါဏ်ဘောပေးရတော့ ကန်မည့်ကစားသမား စိတ်လှုပ်ရှားအောင် ပြုလုပ်နေသည်


ရွှီ


အသံကြားသည်နှင့် အပြေးကန်လိုက်ရာ ဘောလုံးက ဝေ့သွားကာ ဂိုးသမား ရဲ့ ညာဘက်အောက် ကို စိုက်ဆင်းသွားလေသည်


ဂိုး


လှလှပပ ဝေ့ပီး စိုက်ဆင်း လာတဲ့ ဘောလုံးကို ပြိုင်ဘက်ဂိုးသမား လှုပ်တောင်မလှုပ်နိုင်ပဲ ရပ်ကြည့်နေယုံမှ တပါးမတတ်နိုင်ခဲ့ပါ


ဥဇဘက် ၀-၁ မြန်မာ


မထင်မှတ်ပဲ ဂိုးပေးလိုက်လိုက်ရတာကြောင့် ဥဇဘက်အသင်း တရှိန်ထိုး တိုက်စစ်ဆင်လာပီး ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိမိ တွဲလုံးတွေက ကြောက်စရာကောင်းကာ ထိန်းရခက်ခဲလာသည်


ဒုတိယပိုင်း ၈၅ မိနစ် အထိ (၁) ဂိုးအနိုင်ကို ထိန်းထားနိုင်ခဲ့ပေမယ့် ဥဇဘက်ရဲ့ ထောင့်ကန်ဘောကနေ တဆင့် ခေါင်းတိုက် သွင်းယူခဲ့တဲ့ ဂိုးကိုတော့ ဂိုးသမား ဘယ်လိုမှ ဖမ်းလို့ မရခဲ့ပဲ ချေပဂိုး ပြန်ပေးခဲ့ရပါတော့တယ်


မိုးကျော် နဲ့ အသင်းဖော်အားလုံး နိုင်ခါနီး မိနစ်ပိုင်းလေးကို မထိန်းနိုင်ခဲ့တာကြောင့် ဂိုးပေးခဲ့ရလို့ စိတ်ဓါတ်ကျကာ ခေါင်းငိုက်စိုက်ကျလေသည်။


ဒုတိယပိုင်း ပီး တော့ (၁-၁) သရေကျခဲ့ပီး အချိန်ပို ဆက်ကစားကြပေမယ့် ကစားအား နှစ်သင်းလုံး ကျဆင်းလာကာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ကြပဲ သရေရလဒ် နဲ့သာ ပီးဆုံးခဲ့ရပါတော့တယ်။


ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းကြရတော့မှာပဲဖြစ်ပီး နည်းပြက မိုးကျော်ကို အရင်ဆုံးကန်ခိုင်းခဲ့ပါတယ်


ဒီပွဲမတိုင်ခင် ရှုံးထွက်အဆင့်ကိုမတက်ခင်တည်းကနည်းပြကြီးက မိုးကျော်တို့တစ်သင်းလုံးကို ပင်နယ်တီကန်သွင်းတာကို Training ရက်တိုင်းလေ့ကျင့်ခိုင်းခဲ့တာ ဒီပွဲမှာတော့ အသုံးဝင်လာခဲ့လေပီ


ခေါင်းပန်းလှန်တော့ မိုးကျော်တို့အသင်းက အရင်ကန်ရမည်ဖြစ်သည်


မိုးကျော် ဦးဆုံး ပင်နယ်တီကန်ဖို့ ဘောလုံးကိုတည်လိုက်သည် ကွင်းထဲမှာ လေငြိမ်နေတော့ လေတိုက်နူန်းကို ထည့်တွက်စရာမလိုတော့ နောက် ကို (၃) လှမ်းလောက်ဆုတ်လိုက်သည်


ရွှီ ဆိုတဲ့ အသံကြားတာနဲ့  ဂိုးသမားရဲ့ ဘယ်ဘက် အောက်ထောင့် ကို ကန်အသွင်း ဂိုးသမားကလည်း ဘယ်ဘက်ကို အဖမ်း ကံကောင်းတာကြောင့် လက်ဖျားလေးနဲ့ သာထိပီး ဂိုးဝင်သွားခဲ့သည်


ပြိုင်ဘက်အသင်းကလဲ ဂိုးဝင် မိုးကျော်တို့ဘက်ကလဲ ဂိုးဝင်နဲ့ (၅) လုံးမြောက် သို့ရောက်လာလေသည်


မြန်မာအသင်းက အသင်းခေါင်းဆောင် က (၅) လုံးမြောက် ကိုလှလှပပ ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် 


ဥဇဘက် (၄-၅) မြန်မာ 


ဖြစ်နေပီး ဥဇဘက်အသင်းက ကန်သွင်းယူရမည့်အလှည့်ဖြစ်ပါတယ်


ဥဇဘက်ကလည်း အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီကို သူတို့အသင်းခေါင်းဆောင် ကိုယ်တိုင် ကန်သွင်းယူမှာဖြစ်ပီး


ဘောလုံးကိုတည်ထားကာ အသက်ရှူမှန်မှန်ဖြင့် ကန်သွင်းရန် အသင့်စောင့်ဆိုင်းနေသည်


ဒီလိုအချိန် ကို မိုးကျော်အမုန်းဆုံးဖြစ်သည် စိတ်လှုပ်ရှားလွန်းလို့ ရင်ဘက်ကြီးပေါက်ထွက်မတက်ခံစားမိသည်


ရွှီ


ကန်ပါပီ ပြိုင်ဘက်အသင်းခေါင်းဆောင်က အရှိန်ပါပါဖြင့် ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်သို့လှမ်းကန်လိုက်ရာ


မြန်မာအသင်း ဂိုးသမားက အချိန်အဆ မှန်မှန် နဲ့ လေပေါ်ပျံဝဲကာ ဘောလုံးကိုပုတ်ထုတ်နိုင်ခဲ့လေသည်။


ဟေး ဆိုတဲ့ အသံကြီးနဲ့ နည်းပြကြီး ပြေးထွက်လာတာ မိုးကျော် မြင်လိုက်ရသည် 


မိုးကျော် ကြောင်ကြည့်နေတုန်းဘေးမှ အသင်းဖော်တွေက ဂိုးသမားဆီအပြေးသွားကြတော့မှ သတိဝင်လာကာ ငါတို့ နိုင်သွားပီ ဆိုတဲ့ အသိဝင်လေတော့သည်


ကွင်းအတွင်းမှာတော့ ဥဇဘက်အသင်းသားများ ပြိုလဲကုန်ကြပီး ပြိုင်ဘက် ပရိတ်သတ်တွေလဲ တိတ်ဆိတ်ကုန်ကြလေပီ


မြန်မာပရိတ်သတ်ပွဲကြည့်စင်တန်းဘက်က အောင်ပွဲခံသံများဆူညံနေပီး အသင်းဖော်တွေက ပရိတ်သတ်ဆီက မြန်မာ အလံတောင်းပီး ကွင်းအတွင်း ပတ်ပြေးနေတဲ့ မြင်ကွင်းကို မြင်မိတော့ မိုးကျော် မျက်ရည်မကျမိအောင် ထိန်းပေမယ့် မရတော့ပါ။


သူ့တို့ကို TV မှာ အားပေးနေတဲ့ မိခင်ဒေါ်မြအပါအဝင် ပရိတ်သတ် သန်းနဲ့ချီ ဒီအချိန်မှာ ဘယ်လိုအောင်ပွဲခံနေလိမ့်ကြမလဲဆိုတာ မိုးကျော်တွေးရင် ကြက်သီးထလာမိပါတော့သည်


--------------


ဆီမီးဖိုင်နယ် ဆိုတာ မိုးကျော်တို့အတွက် မမျှော်လင့်ခဲ့တဲ့ နေရာတစ်ခုပါ


အုပ်စုမှာ အတွေ့အကြုံယူပီး အိမ်ပြန်မှာပေါ့ ဆိုတဲ့ ပရိတ်သတ်တွေရဲ့စကားသံဟာ အခု တော့ တိတ်လို့သွားခဲ့ပါပီ


မြန်မာအသင်း အတွေ့အကြုံ သွားယူပြန်ပီ


အာရှကျားကြီး သမ်းပီးပြန်အိပ်သွားပီ စတဲ့ ပရိတ်သတ်တွေရဲ့ မြန်မာအသင်း အပေါ် အားမလိုအားမရ ချစ်စိတ်နဲ့ ဝေဖန်သံတွေက ခုတော့ ဒါငါတို့ မြန်မာ ကွ ဆိုတဲ့ အားပေးသံတွေအဖြစ် ပြောင်းလဲလာကြပီဖြစ်သည်


ကလေး လူကြီး ကျား မ မရွေး လမ်းတွေပိတ်သည်အထိ အောင်ပွဲခံနေကြတဲ့ ဓါတ်ပုံတွေကို မိုးကျော် Facebook မှာ မြင်နေရသည်



အိမ်နီးချင်း နိုင်ငံတွေထက် မြန်မာတွေရဲ့ ဘောလုံးအားကစားအပေါ်မြတ်နိုးစိတ်က အပုံကြီးသာသည်


သူတို့အသင်းကို ဖြစ်စေချင်သည် အောင်မြင်စေချင်သည် ကျဆုံးရင် ခံစားကြရပီး ပြောဆို ကာ စိတ်ထွက်ပေါက်ရှာကြရသည်ကို  မိုးကျော်တို့ အသင်းသားများ နားလည်ပေးလို့ရကြသည်


ဆီမီးမှာ ဘယ်အသင်း နဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ညပိုင်း ကွာတားပွဲစဉ်ပီးရင် သိရမည်ဖြစ်တာကြောင့် ည ပွဲကို မိုးကျော်တို့နဲ့အတူ မြန်မာပရိတ်သတ်များ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတော့သည်


ကွာတားဖိုင်နယ် ညပွဲစဉ်


ပေါ်တူဂီ ယူ (၂၀) vs ဘရာဇီး ယူ (၂၀)



------------------------------------------------------------


အပိုင္း (၂၉)




ဆရာေအာင္ေအာင္ ေျပာခဲ့သလိုပင္ အာရွအသင္း ေတြနဲ႔ ဥေရာပ အသင္းႀကီး တခ်ိဳ႕က စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကသည္ဟု အင္တာနက္သတင္း တခ်ိဳ႕မွာ ေဖာ္ျပလာၾကသည္




Emma ေရးထားတဲ့ Road to Finals ဆိုတဲ့ ဆိုတဲ့ သတင္းမွာလဲ ထိုင္းကလပ္အသင္းမ်ားအေနနဲ႔ ျမန္မာအသင္းက ကစားသမားေကာင္းေတြကို အျမန္ ေခၚယူဖို႔ တိုက္တြန္းေရးသားထားတာ မိုးေက်ာ္ ဖတ္ရသည္




ဒီၿပိဳင္ပြဲက မိုးေက်ာ္ ဘဝရဲ႕ တစ္ဆစ္ခ်ိဳး ပဲ ျဖစ္လာမွာလား ဒါမွမဟုတ္ ဒီတိုင္းပဲ ပီးဆုံးသြားမွာလားဆိုတာ စဥ္းစားရင္း မိုးေက်ာ္ ရင္ခုန္ ေနမိသည္။




ခုေတာ့ အနီးစပ္ဆုံး ကြာတားဖိုင္နယ္မွာေတြ႕ရမယ့္ အသင္းျဖစ္တဲ့ ဥဇဘက္ အသင္းနဲ႔ပြဲစဥ္ကို အာ႐ုံစိုက္ထားမိသည္ ဥဇဘက္ ကလည္း အာရွေဒသမွာ အရပ္အေမာင္းေကာင္းေကာင္း နဲ႔ ေဘာလုံးကိုပိုင္ႏိုင္စြာကစား ႏိုင္တဲ့ အသင္းေကာင္းျဖစ္သည့္အျပင္ ဩစေတးလ် လိုအသင္းမ်ိဳးကို ေက်ာ္ျဖတ္ကာ ကြာတားတက္ေရာက္လာခဲ့တာေၾကာင့္ ျမန္မာအသင္းအတြက္ေတာ့ မလြယ္ကူလွတဲ့အသင္းပါ။




ပြဲမတိုင္ခင္ နည္းျပႀကီးရဲ႕ ကစားကြက္ကို သိရေတာ့ မိုးေက်ာ္ အံ့ဩ မိသည္ ဥဇဘက္ ကို ခံစစ္ကစားမွာ မဟုတ္ပဲ တိုက္စစ္ဖြင့္ကစားမည့္ ပုံစံကို ျမင္ရေတာ့ အစကေတာ့ ျဖစ္ႏိုင္ပါ့မလား ေတြးမိသည္




ေနာက္ေတာ့မွ ဒီအသင္းဟာ အာရွ  ယူ (၁၉) ၿပိဳင္ပြဲ ဆီမီး ဖိုင္နယ္ ေရာက္ အသင္းကိုျပန္လည္တည္ေဆာက္ထားမွန္း သတိရပီး အာရွအသင္းေတြဆို သူႏိုင္ကိုယ္ႏိုင္ အၿပိဳင္ႀကဲခဲ့တဲ့ အသင္းမဟုတ္ပါလား 




အသင္းေဖာ္ေတြကိုယ္တိုင္ကလဲ ဥဇဘက္ နဲ႔ကန္ရမယ္ ဆိုတာကို ေပါ့ေပါ့ပါးပါးပင္ အရင္ပြဲ ေတြတုန္းကလို စိုးရိမ္စိတ္ေတြေတာင္ မျမင္ရေပ




ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္လာၾကတဲ့အသင္းတိုင္း မေခၾကပဲ အေကာင္းဆုံး အသင္းေတြ သာ ျဖစ္တာမို႔ ပရိတ္သတ္စိတ္ဝင္စားမႈ႕ကလည္း အျမင့္ဆုံးကို ေရာက္ရွိလာသည့္အျပင္ အာရွ နဲ႔ ဥေရာပ နာမည္ႀကီးအသင္းေတြရဲ႕ ကင္းေထာက္ေတြလဲ လာေရာက္ ၾကည့္ရႈ႕ ရသည္အထိ ဆြဲေဆာင္ ထားႏိုင္တဲ့ ပြဲေတြဆိုလဲမမွားပါဘူး




ဥဇဘက္ vs ျမန္မာ




ပြဲေန႔သို႔ပင္ေရာက္ရွိလာပါပီ ပထမ ၁၁ ေယာက္မွာ မိုးေက်ာ္ပါဝင္လာပီး ၄-၃-၂-၁ ပုံစံျဖင့္ ျမန္မာအသင္းကပြဲထြက္လာခဲ့ပါတယ္




ၿပိဳင္ဘက္အသင္း ကြင္းထဲဝင္လာတာ မိုးေက်ာ္ျမင္ေတာ့ အာရွအသင္းျဖစ္ေပမယ့္ အရပ္အေမာင္းက ေကာင္းလွသည္ သူတို႔နဲ႔ တြန္းတြန္းတိုက္တိုက္ ကစားဖို႔ မလြယ္ကူတာေၾကာင့္ ဘယ္လို ေက်ာ္ျဖတ္ရမလဲဆိုတာကို ေတြးေနမိသည္။




ပြဲစပါပီ 




႐ႊီ 




နည္းျပႀကီးထင္ထားသလိုပင္ အရပ္အေမာင္းကြာေပမယ့္ ဥဇဘက္ ကို မိုးေက်ာ္တို႔ ယွဥ္ကစားႏိုင္သည္ သူတျပန္ ထိုးေဖာက္ရင္ ကိုယ္ကလဲ တျပန္ တိုက္စစ္ဆင္ႏိုင္သည္




ဥဇဘက္က အရပ္ေၾကာင့္ ေခါင္းယွဥ္တိုက္ရာမွာ ေဘာလုံးဦးေပမယ့္ အေျပးမွာက်ေတာ့ မိုးေက်ာ္တို႔က ပို လ်င္ျမန္သည္




ပထမပိုင္းက ေတာ့ ႏွစ္ဘက္စလုံး အရမ္းဖြင့္မကစား ၾကတာေၾကာင့္ ဂိုးမရရွိခဲ့ပဲ သေရရလဒ္နဲ႔သာပီးဆုံးခဲ့သည္။




ဒုတိယပိုင္း မွာလဲ အစပိုင္းမွာ ကြင္းလယ္မွာပင္ ေဘာလုံးက လည္ေနပီး ပြဲက ေအးစက္စက္ရွိလွသည္ ပရိတ္သတ္တခ်ိဳ႕ရဲ႕ အားမလို အားမရ အသံေတြၾကားလာရသည္




တကယ္ေတာ့မိုးေက်ာ္တို႔လဲ ၿပိဳင္ဘက္ကို တကယ္ဖြင့္မကစားရဲတာေၾကာင့္ အေျခအေန ၾကည့္ကာ ထိန္းကစားေနရတာျဖစ္သည္




ျမန္မာအသင္းေခါင္းေဆာင္ ကြင္းလယ္ကေန ေဘာလုံးလြတ္ထြက္လာလို႔ ဆြဲေျပးလာတုန္း ၿပိဳင္ဘက္အသင္း ဖ်က္ထုတ္တာ ၾကမ္းလို႔ဆိုပီး ျမန္မာအသင္း ပစ္ဒါဏ္ေဘာ ရတာေၾကာင့္ အသင္းေခါင္းေဆာင္ ကိုယ္တိုင္ ကန္ဖို႔ျပင္ေလသည္




ကန္ရမည့္ေနရာက ေနရာေကာင္း ဂိုးစည္းထိပ္တည့္တည့္ႏွင့္ ၃ ကိုက္မွ်သာေဝးသည္ 




ေဘာလုံးကို တည္ပီး ေနာက္ကို ေျခလွမ္း ၅ လွမ့္ခန႔္ဆုတ္ကာ ကန္ဖို႔အသင့္ျဖစ္ေနေလပီ 




ဒိုင္လူႀကီးက ခရာ မမႈတ္ေသးပဲ ၿပိဳင္ဘက္အသင္းလူတန္းကိုေနာက္ဆုတ္ခိုင္းေနသည္ ၿပိဳင္ဘက္ကလည္း ေနရာေကာင္းမွာ ပစ္ဒါဏ္ေဘာေပးရေတာ့ ကန္မည့္ကစားသမား စိတ္လႈပ္ရွားေအာင္ ျပဳလုပ္ေနသည္




႐ႊီ




အသံၾကားသည္ႏွင့္ အေျပးကန္လိုက္ရာ ေဘာလုံးက ေဝ့သြားကာ ဂိုးသမား ရဲ႕ ညာဘက္ေအာက္ ကို စိုက္ဆင္းသြားေလသည္




ဂိုး




လွလွပပ ေဝ့ပီး စိုက္ဆင္း လာတဲ့ ေဘာလုံးကို ၿပိဳင္ဘက္ဂိုးသမား လႈပ္ေတာင္မလႈပ္ႏိုင္ပဲ ရပ္ၾကည့္ေနယုံမွ တပါးမတတ္ႏိုင္ခဲ့ပါ




ဥဇဘက္ ၀-၁ ျမန္မာ




မထင္မွတ္ပဲ ဂိုးေပးလိုက္လိုက္ရတာေၾကာင့္ ဥဇဘက္အသင္း တရွိန္ထိုး တိုက္စစ္ဆင္လာပီး ကြင္းလယ္နဲ႔ တိုက္စစ္ အခ်ိတ္အဆက္မိမိ တြဲလုံးေတြက ေၾကာက္စရာေကာင္းကာ ထိန္းရခက္ခဲလာသည္




ဒုတိယပိုင္း ၈၅ မိနစ္ အထိ (၁) ဂိုးအႏိုင္ကို ထိန္းထားႏိုင္ခဲ့ေပမယ့္ ဥဇဘက္ရဲ႕ ေထာင့္ကန္ေဘာကေန တဆင့္ ေခါင္းတိုက္ သြင္းယူခဲ့တဲ့ ဂိုးကိုေတာ့ ဂိုးသမား ဘယ္လိုမွ ဖမ္းလို႔ မရခဲ့ပဲ ေခ်ပဂိုး ျပန္ေပးခဲ့ရပါေတာ့တယ္




မိုးေက်ာ္ နဲ႔ အသင္းေဖာ္အားလုံး ႏိုင္ခါနီး မိနစ္ပိုင္းေလးကို မထိန္းႏိုင္ခဲ့တာေၾကာင့္ ဂိုးေပးခဲ့ရလို႔ စိတ္ဓါတ္က်ကာ ေခါင္းငိုက္စိုက္က်ေလသည္။




ဒုတိယပိုင္း ပီး ေတာ့ (၁-၁) သေရက်ခဲ့ပီး အခ်ိန္ပို ဆက္ကစားၾကေပမယ့္ ကစားအား ႏွစ္သင္းလုံး က်ဆင္းလာကာ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမသြင္းႏိုင္ၾကပဲ သေရရလဒ္ နဲ႔သာ ပီးဆုံးခဲ့ရပါေတာ့တယ္။




ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းၾကရေတာ့မွာပဲျဖစ္ပီး နည္းျပက မိုးေက်ာ္ကို အရင္ဆုံးကန္ခိုင္းခဲ့ပါတယ္




ဒီပြဲမတိုင္ခင္ ရႈံးထြက္အဆင့္ကိုမတက္ခင္တည္းကနည္းျပႀကီးက မိုးေက်ာ္တို႔တစ္သင္းလုံးကို ပင္နယ္တီကန္သြင္းတာကို Training ရက္တိုင္းေလ့က်င့္ခိုင္းခဲ့တာ ဒီပြဲမွာေတာ့ အသုံးဝင္လာခဲ့ေလပီ




ေခါင္းပန္းလွန္ေတာ့ မိုးေက်ာ္တို႔အသင္းက အရင္ကန္ရမည္ျဖစ္သည္




မိုးေက်ာ္ ဦးဆုံး ပင္နယ္တီကန္ဖို႔ ေဘာလုံးကိုတည္လိုက္သည္ ကြင္းထဲမွာ ေလၿငိမ္ေနေတာ့ ေလတိုက္ႏူန္းကို ထည့္တြက္စရာမလိုေတာ့ ေနာက္ ကို (၃) လွမ္းေလာက္ဆုတ္လိုက္သည္




႐ႊီ ဆိုတဲ့ အသံၾကားတာနဲ႔  ဂိုးသမားရဲ႕ ဘယ္ဘက္ ေအာက္ေထာင့္ ကို ကန္အသြင္း ဂိုးသမားကလည္း ဘယ္ဘက္ကို အဖမ္း ကံေကာင္းတာေၾကာင့္ လက္ဖ်ားေလးနဲ႔ သာထိပီး ဂိုးဝင္သြားခဲ့သည္




ၿပိဳင္ဘက္အသင္းကလဲ ဂိုးဝင္ မိုးေက်ာ္တို႔ဘက္ကလဲ ဂိုးဝင္နဲ႔ (၅) လုံးေျမာက္ သို႔ေရာက္လာေလသည္




ျမန္မာအသင္းက အသင္းေခါင္းေဆာင္ က (၅) လုံးေျမာက္ ကိုလွလွပပ ဂိုးသမားရဲ႕ ညာဘက္အေပၚေထာင့္ကို ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ 




ဥဇဘက္ (၄-၅) ျမန္မာ 




ျဖစ္ေနပီး ဥဇဘက္အသင္းက ကန္သြင္းယူရမည့္အလွည့္ျဖစ္ပါတယ္




ဥဇဘက္ကလည္း အသင္းအတြက္ အေရးပါတဲ့ ပင္နယ္တီကို သူတို႔အသင္းေခါင္းေဆာင္ ကိုယ္တိုင္ ကန္သြင္းယူမွာျဖစ္ပီး




ေဘာလုံးကိုတည္ထားကာ အသက္ရႉမွန္မွန္ျဖင့္ ကန္သြင္းရန္ အသင့္ေစာင့္ဆိုင္းေနသည္




ဒီလိုအခ်ိန္ ကို မိုးေက်ာ္အမုန္းဆုံးျဖစ္သည္ စိတ္လႈပ္ရွားလြန္းလို႔ ရင္ဘက္ႀကီးေပါက္ထြက္မတက္ခံစားမိသည္




႐ႊီ




ကန္ပါပီ ၿပိဳင္ဘက္အသင္းေခါင္းေဆာင္က အရွိန္ပါပါျဖင့္ ဂိုးသမားရဲ႕ ညာဘက္အေပၚေထာင့္သို႔လွမ္းကန္လိုက္ရာ




ျမန္မာအသင္း ဂိုးသမားက အခ်ိန္အဆ မွန္မွန္ နဲ႔ ေလေပၚပ်ံဝဲကာ ေဘာလုံးကိုပုတ္ထုတ္ႏိုင္ခဲ့ေလသည္။




ေဟး ဆိုတဲ့ အသံႀကီးနဲ႔ နည္းျပႀကီး ေျပးထြက္လာတာ မိုးေက်ာ္ ျမင္လိုက္ရသည္ 




မိုးေက်ာ္ ေၾကာင္ၾကည့္ေနတုန္းေဘးမွ အသင္းေဖာ္ေတြက ဂိုးသမားဆီအေျပးသြားၾကေတာ့မွ သတိဝင္လာကာ ငါတို႔ ႏိုင္သြားပီ ဆိုတဲ့ အသိဝင္ေလေတာ့သည္




ကြင္းအတြင္းမွာေတာ့ ဥဇဘက္အသင္းသားမ်ား ၿပိဳလဲကုန္ၾကပီး ၿပိဳင္ဘက္ ပရိတ္သတ္ေတြလဲ တိတ္ဆိတ္ကုန္ၾကေလပီ




ျမန္မာပရိတ္သတ္ပြဲၾကည့္စင္တန္းဘက္က ေအာင္ပြဲခံသံမ်ားဆူညံေနပီး အသင္းေဖာ္ေတြက ပရိတ္သတ္ဆီက ျမန္မာ အလံေတာင္းပီး ကြင္းအတြင္း ပတ္ေျပးေနတဲ့ ျမင္ကြင္းကို ျမင္မိေတာ့ မိုးေက်ာ္ မ်က္ရည္မက်မိေအာင္ ထိန္းေပမယ့္ မရေတာ့ပါ။




သူ႔တို႔ကို TV မွာ အားေပးေနတဲ့ မိခင္ေဒၚျမအပါအဝင္ ပရိတ္သတ္ သန္းနဲ႔ခ်ီ ဒီအခ်ိန္မွာ ဘယ္လိုေအာင္ပြဲခံေနလိမ့္ၾကမလဲဆိုတာ မိုးေက်ာ္ေတြးရင္ ၾကက္သီးထလာမိပါေတာ့သည္




--------------




ဆီမီးဖိုင္နယ္ ဆိုတာ မိုးေက်ာ္တို႔အတြက္ မေမွ်ာ္လင့္ခဲ့တဲ့ ေနရာတစ္ခုပါ




အုပ္စုမွာ အေတြ႕အႀကဳံယူပီး အိမ္ျပန္မွာေပါ့ ဆိုတဲ့ ပရိတ္သတ္ေတြရဲ႕စကားသံဟာ အခု ေတာ့ တိတ္လို႔သြားခဲ့ပါပီ




ျမန္မာအသင္း အေတြ႕အႀကဳံ သြားယူျပန္ပီ




အာရွက်ားႀကီး သမ္းပီးျပန္အိပ္သြားပီ စတဲ့ ပရိတ္သတ္ေတြရဲ႕ ျမန္မာအသင္း အေပၚ အားမလိုအားမရ ခ်စ္စိတ္နဲ႔ ေဝဖန္သံေတြက ခုေတာ့ ဒါငါတို႔ ျမန္မာ ကြ ဆိုတဲ့ အားေပးသံေတြအျဖစ္ ေျပာင္းလဲလာၾကပီျဖစ္သည္




ကေလး လူႀကီး က်ား မ မေ႐ြး လမ္းေတြပိတ္သည္အထိ ေအာင္ပြဲခံေနၾကတဲ့ ဓါတ္ပုံေတြကို မိုးေက်ာ္ Facebook မွာ ျမင္ေနရသည္






အိမ္နီးခ်င္း ႏိုင္ငံေတြထက္ ျမန္မာေတြရဲ႕ ေဘာလုံးအားကစားအေပၚျမတ္ႏိုးစိတ္က အပုံႀကီးသာသည္




သူတို႔အသင္းကို ျဖစ္ေစခ်င္သည္ ေအာင္ျမင္ေစခ်င္သည္ က်ဆုံးရင္ ခံစားၾကရပီး ေျပာဆို ကာ စိတ္ထြက္ေပါက္ရွာၾကရသည္ကို  မိုးေက်ာ္တို႔ အသင္းသားမ်ား နားလည္ေပးလို႔ရၾကသည္




ဆီမီးမွာ ဘယ္အသင္း နဲ႔ ရင္ဆိုင္ရမလဲ ဆိုတာကိုေတာ့ ညပိုင္း ကြာတားပြဲစဥ္ပီးရင္ သိရမည္ျဖစ္တာေၾကာင့္ ည ပြဲကို မိုးေက်ာ္တို႔နဲ႔အတူ ျမန္မာပရိတ္သတ္မ်ား စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ရအုံးမွာပဲ ျဖစ္ပါေတာ့သည္




ကြာတားဖိုင္နယ္ ညပြဲစဥ္




ေပၚတူဂီ ယူ (၂၀) vs ဘရာဇီး ယူ (၂၀)

GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA