MOE KYAW ( COMPETITION ) 28


အပိုင်း (၂၈)


အာရှထိပ်တန်း သတင်းစာခေါင်းကြီးပိုင်း တွေမှာ မြန်မာ အသင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်တာကို ဝေဝေဆာဆာဖော်ပြနေကြပီး အသင်း နှင့်အတူ နာမည်ကြီးလာတာကလည်း မိုးကျော်ရဲ့ နယူးဇီလန်ကို အသဲခွဲခဲ့တဲ့ နောက်ဆုံးမိနစ်သွင်းဂိုးပင်ဖြစ်သည်


သတင်းထောက်များက မိုးကျော်နဲ့ အင်တာဗျူးဖို့ အသင်း ကို တောင်းဆိုလာတာတွေရှိပီး နည်းပြကြီးက ပြိုင်ပွဲမပီးသေးလို့ အမှားအယွင်း မဖြစ်စေချင်ဘူးဟုဆိုကာ မီဒီယာတွေနဲ့ တွေ့ခွင့်ပိတ်ထားတာကြောင့် မိုးကျော် တစ်ယောက် Emma နဲ့ တွေ့ဖို့အခွင့်အရေး မရရှိခဲ့ပြန်ပါဘူး။


ရှုံးထွက်ပွဲတွေမစခင် နားရက် (၅) ရက်ရတာကြောင့် Training ပုံမှန်လုပ် ရင်း Stress တွေပြေစေဖို့ နည်းပြကြီးရဲ့ ခွင့်ပြုချက်နဲ့ ဟိုဟိုဒီဒီ တစ်ရက် လည်ပတ်ခွင့်ရခဲ့သည်။


နိုင်ငံခြားဆိုလို့ အိမ်နီးချင်း ထိုင်းလောက်သာရောက်ဖူးတဲ့ မိုးကျော်အဖို့ ဥရောပ နိုင်ငံရောက်လာတော့ လဲ ခံစားမှု့က တမျိုးပင် နောင်တချိန် အာရှတင်မက ဥရောပ ထိပါ အောင်မြင်လာအောင် ကြိုးစား ချင်စိတ်တွေက စိတ်ထဲအပြည့်ရှိသည်။


ဒီကြားထဲ အမေ့ကို မိုးကျော်ဖုန်းခေါ်ဖြစ်သေးသည်


အမေက ရွာမှာမဟုတ် ရန်ကုန်က အသိ ဘုန်းကြီးကျောင်းမှာ မိုးကျော်ကို လေဆိပ်လိုက်ပို့ပီးကတည်းက တည်းနေသည်ဟုသိရသည်


အမေရယ် အပင်ပန်းခံလို့ သားကို ပို့ပီး ရွာပြန်လိုက်တာမဟုတ်ဘူး


အော်ငါ့သားရယ် ဒီမှာဆို ငါ့သားကို TV အကြီးကြီး နဲ့ မြင်ရတယ်လေ ပီးတော့ အမေက ငါ့သား ပြန်လာရင် လာကြိုချင်သေးတာ သားရဲ့


ဟုတ်ပါပီအမေ့သဘောပါ အမေ


သားအပြန်ကြိုချင်လို့ ဒုက္ခခံကာ စောင့်ဆိုင်းနေတဲ့ အမေအတွက် မိုးကျော် ပြောစရာစကားပင်မရှိတော့ပါ


မပြည့်စုံတဲ့ မိသားစုတွေအတွက်တော့ ဒီလိုဒုက္ခဆိုတာ အသားကျနေပီမဟုတ်ပါလား


-------


မိုးကျော်တို့ (၁၆) သင်းရှုံးထွက်အဆင့်မှာ ဆုံရမှာက ဆီနီဂေါလ် အသင်း နှင့်ပင်ဖြစ်သည်


ယခု ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ဆီနီဂေါလ် အသင်းက ဗိုလ်စွဲဖို့အထိ ရေပန်းစားနေတဲ့အသင်းဖြစ်ပီး သတင်းများမှာလဲ ဆီနီဂေါလ်က မြန်မာအသင်းကို ဖြတ်ကျော်ပီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားမှာ ဖြစ်တယ်လို့ဖော်ပြနေကြပါတယ်


မိုးကျော်တို့အတွက်ကတော့ အုပ်စုတွင်းမှာလဲ ကျော်ဖြတ်လို့ မဖြစ်နိုင်ဘူး ထင်ကြတဲ့ ဥရောပ အသင်းကြီးတွေ ကို အကောင်းဆုံးဖြတ်ကျော် လာခဲ့ပီးပီမို့ ဘယ်အသင်းလာလာ မမှု့တော့ပေ


ဆီနီဂေါလ် vs မြန်မာ


ပွဲနေ့ ရောက်လာခဲ့ပီဖြစ်သည်


နည်းပြကြီးကတော့ ထုံးစံအတိုင်း ဘယ်အသင်းနဲ့တွေ့တွေ့ ကျော်ဖြတ်ပီး နောက်တဆင့်ကို မရရအောင် သွားဖို့ Motivation ဖြစ်စေမည့် စကားတွေပြောပီး လျင်မြန်ပီး တိုက်စစ်ကောင်းသည့် အာဖရိက အသင်းတွေကိုရင်ဆိုင်ရင် မည့်သည့်နည်းဖြင့် ရင်ဆိုင်ရမည် စသည်ဖြင့် မှာကြားပီးသား နည်းစနစ်များကို အထပ်ထပ် ပြန်လည်မှာကြားနေသည်


မိုးကျော်ကတော့ ဒီနေ့ တစ်သင်းလုံး ခံစစ်ကစားမည့် မြန်မာအသင်းမှာ မပါရသည့်အတွက် အသင့်ရှိနေရမည့်အရန်လူပင်ဖြစ်သည်


ဒီယူ (၂၀) အသင်းမှာ ကစားရတော့မှ မိုးကျော် တချို့အရာတွေကိုနားလည်လာသည် အရန်ကစားသမားဆိုတာ အရင်က မိုးကျော်မဖြစ်ချင်ခဲ့ပေမယ့် နည်းပြကြီးရဲ့ ကစားကွက်အရ အရန်ကစားသမားက အရေးပါမှန်း နားလည်လာသည်။


ခုတော့ ကျေကျေနပ်နပ်ကြီး အရန်ခုံမှာ ထိုင်ရင်း အသင်းလိုအပ်တဲ့အချိန် အင်အားအပြည့်နဲ့ ဂိုးသွင်းပေးဖို့ သူအသင့်ဖြစ်နေလေပီ


ပွဲစပါပီ


ရွှီ


ဆီနီဂေါလ် အသင်းက အဖရိက အသင်းပီပီ လျင်မြန်မှု့နဲ့ ပြေးအား ကို အသုံးချပီး တိုက်စစ်ဆင်လာသည်


နည်းပြကြီးရဲ့ ကစားကွက်အတိုင်း မြန်မာအသင်းကလဲ ခံစစ်ကိုအထပ်ထပ် ကစားကာ ဘောလုံးကျွံမလာစေရန်သတိထားကစားနေပီး ပြေးအား နဲ့ ကစားအား ပါဝါချင်း မတူညီတာကြောင့် ယှဉ်မကစား ပဲ တဖက်အသင်း အင်အားပြုံးတီးစေရန်ကိုသာ အဓိကထားကစားနေလေသည်


ဆီနီဂေါလ် အသင်း တိုက်စစ်က တချိန်လုံး ထိုးဖောက်နေပေမယ့် ပထမပိုင်း ပီးတဲ့အခါ ဂိုးမရှိသရေ ရလဒ် နဲ့ ပီးဆုံးခဲ့ပါတယ်။


ဒုတိယပိုင်း ပြန်စတော့ မြန်မာအသင်းဘက်က မကြာခဏ ပြန်လည် ထိုးစစ်ဆင်နိုင်တာ တွေ့ရပေမယ့် တိုက်စစ်မှာ လူမရှိတာကြောင့် ဂိုးရှေ့မှာတင်ဘောလုံးပျက်ပီး ဂိုးကန်သွင်းခွင့်တော့မရရှိခဲ့ပါဘူး


ပြိုင်ဘက် အသင်းအနေနဲ့ ကစားအားအနည်းငယ်ကျဆင်းလာပီး တိုက်စစ်အားပျော့လာတာကြောင့် မြန်မာအသင်းနောက်တန်း အသက်ရှုချောင်လာခဲ့ပီး ဒုတိယပိုင်း အပီး မိနစ် (၉၀) အထိ ဂိုးမပေးခဲ့ရပဲ ပီးဆုံးခဲ့ပါတယ်။


အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်


နည်းပြက မိုးကျော်ကို လက်လှမ်းပြတော့


မိုးကျော် ပြေးသွားလိုက်မိသည်


အချိန်ပိုကို ဘယ်လိုပုံစံ ကစားဖို့နဲ့ မိုးကျော်ရဲ့ တာဝန်ကို မြန်ဆန်စွာ ရှင်းပြနေသည်


မိုးကျော်လည်း ရှင်းရှင်းလင်းလင်းသဘောပေါက်တာကြောင့် ကွင်းအတွင်း ပြေးဝင်လာခဲ့လိုက်သည်


ပြိုင်ဘက်အသင်းက မိုးကျော် ကိုမြင်သည်နှင့် လွှတ်မထားပဲ သူတို့အတွက် အန္တရာယ်ရှိမှန်းသိပီး နောက်ခံလူ တစ်ယောက်က ကပ်ကစားလေသည်


ပြိုင်ဘက်နောက်ခံလူက အရပ်အမောင်းမြင့်ကာ သန်မာလှသောကြောင့် မိမိအသင်း ကန်တင်လိုက်သော ဘောလုံးအများအပြား ကို မိုးကျော် ယှဉ်မလုနိုင်ပဲ ဖြတ်ထုတ်ခံရတာများနေသည်


မိမိအသင်းဖော်များကလည်း ကြာလာတော့သဘောပေါက်သွားကြပီး ဘောလုံးရသည့်အခါ အနိမ့်ဘောသာပေးလာသောကြောင့် မိုးကျော် ဘောလုံး ပိုမိုရလာသည်။


အချိန်ပိုပထမပိုင်းကတော့ ပီးဆုံးခဲ့ပါပီ


မိမိတို့အသင်း နောက်တန်းနဲ့ ဂိုးသမား တို့ရဲ့ မနားမနေ ကာကွယ် နိုင်ခဲ့လို့သာ အခြေအနေ ကောင်းနေဆဲ ဖြစ်နေတာဖြစ်သည် မဟုတ်လို့ကတော့ ဒီအချိန် ဂိုးပြတ်နေလောက်လေပီ


အချိန်ပို ဒုတိယပိုင်းစတော့ ပြိုင်ဘက်အသင်းက ရှိသမျှအားအကုန်သုံးကာ ပြိုင်ပွဲကို အဆုံးသတ်တော့မည့်အလား တရှိန်ထိုး တိုက်စစ် ဆင်လာသည် မိုးကျော်ပါ ဂိုးစည်းထဲ ဆင်းကာနေရသည်


ပြိုင်ဘက်အသင်း ကန်သွင်းသည့် ဘောလုံးကို ဂိုးသမားဖမ်းမီသွားပီး မဆိုင်းမတွပင် ဘယ်ဘက်မှာရှိနေတဲ့ မိုးကျော် ဆီသို့ လှမ်းပစ်လိုက်သည်


မိုးကျော် ဘောလုံးရသည်နှင့် ဘယ်တောင်ပံ စည်းနား ကဆွဲပြေးလေတော့သည် ပြိုင်ဘက် ကွင်းလည်ကစားသမားက အနားကပ်လာပီး လျှောထိုးဖျက်သော်လည်း အဆိုပါ ကစားသမားသာ ကွင်းပြင်ရောက်သွားသည် မိုးကျော် ကတော့ ဘောလုံးနှင့်အတူပြေးဆဲဖြစ်သည်


မြန်မာအသင်း ပရိတ်သတ် တွေဆီက မိုးကျော် မိုးကျော် မိုးကျော် ဆိုတဲ့ အသံတွေ စကြားလာပီး မိုးကျော် အားတွေပြည့်လာကာ တောက်လျောက်ဆက်ပြေးလေသည်


ဂိုးနားရောက်တော့ ပြိုင်ဘက် နောက်တန်း (၂) ဦး ကာထားတာ တွေ့လိုက်ရပီး မိုးကျော်ကတော့ လှပစွာ ခြေယောင်ပြပီး (၂) ယောက်ကြားထဲက လှည့်ထွက်နိုင်ခဲ့သည်


ရှေ့မှာ ဂိုးသမားက အရပ်ရှည်ရှည် လူကောင်ထွားထွားနဲ့ ပိတ်ကာဆီးကြိုနေလေသည် ကန်သွင်းရမည့်ထောင့်ကလည်း ကျဉ်းလွန်းတာကြောင့် ညာဘက် တချက်ငဲ့ကြည့်ပီး အသာအယာပင် နောက်ကပြေးလိုက်လာတဲ့ အသင်းဖော်စီ ချိုးပေးလိုက်သည်


အသင်းဖော်ကလည်း အပိုင်ပိတ်သွင်းယူကာ မိုးကျော်ဆီ အပြေးလာတာတွေ့လိုက်ရသည်


ဂိုး ဆိုတဲ့ အသံ ပရိတ်သတ် ဆီကရော နည်းပြ ခုံတန်းမှာပါ ပွတ်လောရိုက်သွားခဲ့သည် 


မိုးကျော်ဆီပြေးလာတဲ့ အသင်းဖော်တွေက မိုးကျော်အပေါ် ခုန်တက်လာကြတာကြောင့် မိုးကျော်အောက်ရောက်သွားပီး ဘာမှတောင် ဆက်မမြင်နိုင်တော့ပေ


အချိန်ပိုဒုတိယပိုင်းမှာ သွင်းခဲ့တဲ့ ဂိုးကြောင့်ပဲ မြန်မာအသင်း အနိုင်ရရှိခဲ့ပီး ကွာတားဖိုင်နယ် ကို တက်ရောက်နိုင်ခဲ့ပီပဲဖြစ်ပါတယ်


မြန်မာအသင်းကို အထင်သေးခဲ့ကြတဲ့ အားကစားသတင်းဌာန တချို့ကတောင့် အရေးတယူလုပ်ဖော်ပြလာကြပီး မိုးကျော်ရဲ့ ဘယ်တောင်ပံတလျောက် ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ကာဆွဲပေးလာတဲ့ ဗီဒီယိုကလဲ မြန်မာ ပရိတ်သတ်တွေအကြား လူကြည့်အများဆုံး ဖြစ်လာခဲ့သည်


ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့တွေ့ရမည်ဆိုတာ မနက်ဖြန်မှ သိရမည်ဖြစ်သည် ဘယ်အသင်းနဲ့တွေတွေ့ ဘယ်လောက်ပဲကောင်းပါတယ်ပြောပြော မိုးကျော်တို့အတွက်ကတော့ ကျော်ဖြတ်သွားဖို့ အင်အားအပြည့်ပင်ဖြစ်သည်


ဟိုတယ်မှာ နားနေတုန်း အသင်းတာဝန်ရှိသူကဖုန်းလာနေသည်ဟုဆိုကာ ဖုန်းလာပေးသည် 


နည်းပြကြီးကအချိန်နဲ့သာ ဖုန်းပေးသုံးတာကြောင့် တာဝန်ရှိသူထံ ဖုန်းတွေအပ်ထားရပီး အရေးကြီးတဲ့ဖုန်း ဒါမှမဟုတ် မိသားစုထံမှ ဖုန်းကိုသာ ပြောခွင့်ရှိသည်


အမေ နဲ့ လည်း ဖုန်းပြောတိုင်း မိုးကျော် ခေါ်ရတာမို့ ဘယ်သူဆက်တာလဲ တွေးကာ ဖုန်းကိုင်လိုက်သည်


ဟယ်လို


မိုးကျော် Congratulations ပါကွာ


အော် ဆရာ အောင်အောင်


အေး မင်းအရမ်းတော်လာတာပဲကွ


ဟာဆရာကလဲ မြောက်နေပြန်ပီ


ဆရာမင်းကို ပြောစရာရှိလို့ မိုးကျော်ရေ


ဟုတ်ကဲ့ဆရာပြောပါ


ဆရာပဲ မင်း ဆီက အလုပ်ပြန်တောင်းရတော့ရမှာပဲကွာ သား အတွက် မန်နေဂျာလိုနေပီ


ဟုတ် ဘာဖြစ်လို့လဲဆရာ


အာရှ ကလပ် တွေနဲ့ ဥရောပ ကလပ်တွေက မင်းကစားတာကိုစောင့်ကြည့်နေကြတယ်ကွ

ပွဲပီးရင်တော့ ဆက်သွယ်လာကြလိမ့်မယ်လို့ဆရာထင်တယ် အဲဒီအခါကြရင် အေးဂျင့် အလိမ်တွေရော ပါလာလိမ့်မယ် သတိထားပီးရွေးချယ်ဖို့လိုတယ် မိုးကျော်


ဟုတ်ဆရာ ကျွန်တော်တော့ အရမ်းနားမလည်ဘူး


အေးအဲဒါကြောင့် ဆရာ မင်းရဲ့ မန်နေဂျာ လုပ်ပေးမယ် ဆိုတာ ဖုန်းကြိုဆက်ထားတာ ဟုတ်ပီလား


ပြိုင်ပွဲပီးတော့မှ ဆရာတို့အသေးစိတ်ဆက်ဆွေးနွေးကြတာပေါ့


ဟုတ်ကဲ့ပါဆရာ


မိုးကျော် ဖုန်းချပီးတော့ သူရဲ့ နိုင်ငံခြားကလပ်တစ်ခုမှာ ကစားဖို့ အခွင့်အရေးအတွက် တွေးပျော်မိသည်


စိတ်ကူးထဲမှာတော့ ထိုင်း နိုင်ငံက ကလပ်တစ်ခုလောက်မှာ ကစားရဖို့ သူ့အိမ်မက် အမှန်ဖြစ်ပါစေ ဆုတောင်းနေမိတော့သည်။




---------------------------


Zawgyi



အပိုင္း (၂၈)




အာရွထိပ္တန္း သတင္းစာေခါင္းႀကီးပိုင္း ေတြမွာ ျမန္မာ အသင္း ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္တာကို ေဝေဝဆာဆာေဖာ္ျပေနၾကပီး အသင္း ႏွင့္အတူ နာမည္ႀကီးလာတာကလည္း မိုးေက်ာ္ရဲ႕ နယူးဇီလန္ကို အသဲခြဲခဲ့တဲ့ ေနာက္ဆုံးမိနစ္သြင္းဂိုးပင္ျဖစ္သည္




သတင္းေထာက္မ်ားက မိုးေက်ာ္နဲ႔ အင္တာဗ်ဴးဖို႔ အသင္း ကို ေတာင္းဆိုလာတာေတြရွိပီး နည္းျပႀကီးက ၿပိဳင္ပြဲမပီးေသးလို႔ အမွားအယြင္း မျဖစ္ေစခ်င္ဘူးဟုဆိုကာ မီဒီယာေတြနဲ႔ ေတြ႕ခြင့္ပိတ္ထားတာေၾကာင့္ မိုးေက်ာ္ တစ္ေယာက္ Emma နဲ႔ ေတြ႕ဖို႔အခြင့္အေရး မရရွိခဲ့ျပန္ပါဘူး။




ရႈံးထြက္ပြဲေတြမစခင္ နားရက္ (၅) ရက္ရတာေၾကာင့္ Training ပုံမွန္လုပ္ ရင္း Stress ေတြေျပေစဖို႔ နည္းျပႀကီးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဟိုဟိုဒီဒီ တစ္ရက္ လည္ပတ္ခြင့္ရခဲ့သည္။




ႏိုင္ငံျခားဆိုလို႔ အိမ္နီးခ်င္း ထိုင္းေလာက္သာေရာက္ဖူးတဲ့ မိုးေက်ာ္အဖို႔ ဥေရာပ ႏိုင္ငံေရာက္လာေတာ့ လဲ ခံစားမႈ႕က တမ်ိဳးပင္ ေနာင္တခ်ိန္ အာရွတင္မက ဥေရာပ ထိပါ ေအာင္ျမင္လာေအာင္ ႀကိဳးစား ခ်င္စိတ္ေတြက စိတ္ထဲအျပည့္ရွိသည္။




ဒီၾကားထဲ အေမ့ကို မိုးေက်ာ္ဖုန္းေခၚျဖစ္ေသးသည္




အေမက ႐ြာမွာမဟုတ္ ရန္ကုန္က အသိ ဘုန္းႀကီးေက်ာင္းမွာ မိုးေက်ာ္ကို ေလဆိပ္လိုက္ပို႔ပီးကတည္းက တည္းေနသည္ဟုသိရသည္




အေမရယ္ အပင္ပန္းခံလို႔ သားကို ပို႔ပီး ႐ြာျပန္လိုက္တာမဟုတ္ဘူး




ေအာ္ငါ့သားရယ္ ဒီမွာဆို ငါ့သားကို TV အႀကီးႀကီး နဲ႔ ျမင္ရတယ္ေလ ပီးေတာ့ အေမက ငါ့သား ျပန္လာရင္ လာႀကိဳခ်င္ေသးတာ သားရဲ႕




ဟုတ္ပါပီအေမ့သေဘာပါ အေမ




သားအျပန္ႀကိဳခ်င္လို႔ ဒုကၡခံကာ ေစာင့္ဆိုင္းေနတဲ့ အေမအတြက္ မိုးေက်ာ္ ေျပာစရာစကားပင္မရွိေတာ့ပါ




မျပည့္စုံတဲ့ မိသားစုေတြအတြက္ေတာ့ ဒီလိုဒုကၡဆိုတာ အသားက်ေနပီမဟုတ္ပါလား




-------




မိုးေက်ာ္တို႔ (၁၆) သင္းရႈံးထြက္အဆင့္မွာ ဆုံရမွာက ဆီနီေဂါလ္ အသင္း ႏွင့္ပင္ျဖစ္သည္




ယခု ၿပိဳင္ပြဲဝင္ အသင္းေတြထဲမွာ ဆီနီေဂါလ္ အသင္းက ဗိုလ္စြဲဖို႔အထိ ေရပန္းစားေနတဲ့အသင္းျဖစ္ပီး သတင္းမ်ားမွာလဲ ဆီနီေဂါလ္က ျမန္မာအသင္းကို ျဖတ္ေက်ာ္ပီး ကြာတားဖိုင္နယ္ကို တက္ေရာက္သြားမွာ ျဖစ္တယ္လို႔ေဖာ္ျပေနၾကပါတယ္




မိုးေက်ာ္တို႔အတြက္ကေတာ့ အုပ္စုတြင္းမွာလဲ ေက်ာ္ျဖတ္လို႔ မျဖစ္ႏိုင္ဘူး ထင္ၾကတဲ့ ဥေရာပ အသင္းႀကီးေတြ ကို အေကာင္းဆုံးျဖတ္ေက်ာ္ လာခဲ့ပီးပီမို႔ ဘယ္အသင္းလာလာ မမႈ႕ေတာ့ေပ




ဆီနီေဂါလ္ vs ျမန္မာ




ပြဲေန႔ ေရာက္လာခဲ့ပီျဖစ္သည္




နည္းျပႀကီးကေတာ့ ထုံးစံအတိုင္း ဘယ္အသင္းနဲ႔ေတြ႕ေတြ႕ ေက်ာ္ျဖတ္ပီး ေနာက္တဆင့္ကို မရရေအာင္ သြားဖို႔ Motivation ျဖစ္ေစမည့္ စကားေတြေျပာပီး လ်င္ျမန္ပီး တိုက္စစ္ေကာင္းသည့္ အာဖရိက အသင္းေတြကိုရင္ဆိုင္ရင္ မည့္သည့္နည္းျဖင့္ ရင္ဆိုင္ရမည္ စသည္ျဖင့္ မွာၾကားပီးသား နည္းစနစ္မ်ားကို အထပ္ထပ္ ျပန္လည္မွာၾကားေနသည္




မိုးေက်ာ္ကေတာ့ ဒီေန႔ တစ္သင္းလုံး ခံစစ္ကစားမည့္ ျမန္မာအသင္းမွာ မပါရသည့္အတြက္ အသင့္ရွိေနရမည့္အရန္လူပင္ျဖစ္သည္




ဒီယူ (၂၀) အသင္းမွာ ကစားရေတာ့မွ မိုးေက်ာ္ တခ်ိဳ႕အရာေတြကိုနားလည္လာသည္ အရန္ကစားသမားဆိုတာ အရင္က မိုးေက်ာ္မျဖစ္ခ်င္ခဲ့ေပမယ့္ နည္းျပႀကီးရဲ႕ ကစားကြက္အရ အရန္ကစားသမားက အေရးပါမွန္း နားလည္လာသည္။




ခုေတာ့ ေက်ေက်နပ္နပ္ႀကီး အရန္ခုံမွာ ထိုင္ရင္း အသင္းလိုအပ္တဲ့အခ်ိန္ အင္အားအျပည့္နဲ႔ ဂိုးသြင္းေပးဖို႔ သူအသင့္ျဖစ္ေနေလပီ




ပြဲစပါပီ




႐ႊီ




ဆီနီေဂါလ္ အသင္းက အဖရိက အသင္းပီပီ လ်င္ျမန္မႈ႕နဲ႔ ေျပးအား ကို အသုံးခ်ပီး တိုက္စစ္ဆင္လာသည္




နည္းျပႀကီးရဲ႕ ကစားကြက္အတိုင္း ျမန္မာအသင္းကလဲ ခံစစ္ကိုအထပ္ထပ္ ကစားကာ ေဘာလုံးကြၽံမလာေစရန္သတိထားကစားေနပီး ေျပးအား နဲ႔ ကစားအား ပါဝါခ်င္း မတူညီတာေၾကာင့္ ယွဥ္မကစား ပဲ တဖက္အသင္း အင္အားၿပဳံးတီးေစရန္ကိုသာ အဓိကထားကစားေနေလသည္




ဆီနီေဂါလ္ အသင္း တိုက္စစ္က တခ်ိန္လုံး ထိုးေဖာက္ေနေပမယ့္ ပထမပိုင္း ပီးတဲ့အခါ ဂိုးမရွိသေရ ရလဒ္ နဲ႔ ပီးဆုံးခဲ့ပါတယ္။




ဒုတိယပိုင္း ျပန္စေတာ့ ျမန္မာအသင္းဘက္က မၾကာခဏ ျပန္လည္ ထိုးစစ္ဆင္ႏိုင္တာ ေတြ႕ရေပမယ့္ တိုက္စစ္မွာ လူမရွိတာေၾကာင့္ ဂိုးေရွ႕မွာတင္ေဘာလုံးပ်က္ပီး ဂိုးကန္သြင္းခြင့္ေတာ့မရရွိခဲ့ပါဘူး




ၿပိဳင္ဘက္ အသင္းအေနနဲ႔ ကစားအားအနည္းငယ္က်ဆင္းလာပီး တိုက္စစ္အားေပ်ာ့လာတာေၾကာင့္ ျမန္မာအသင္းေနာက္တန္း အသက္ရႈေခ်ာင္လာခဲ့ပီး ဒုတိယပိုင္း အပီး မိနစ္ (၉၀) အထိ ဂိုးမေပးခဲ့ရပဲ ပီးဆုံးခဲ့ပါတယ္။




အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ရေတာ့မွာပဲျဖစ္ပါတယ္




နည္းျပက မိုးေက်ာ္ကို လက္လွမ္းျပေတာ့




မိုးေက်ာ္ ေျပးသြားလိုက္မိသည္




အခ်ိန္ပိုကို ဘယ္လိုပုံစံ ကစားဖို႔နဲ႔ မိုးေက်ာ္ရဲ႕ တာဝန္ကို ျမန္ဆန္စြာ ရွင္းျပေနသည္




မိုးေက်ာ္လည္း ရွင္းရွင္းလင္းလင္းသေဘာေပါက္တာေၾကာင့္ ကြင္းအတြင္း ေျပးဝင္လာခဲ့လိုက္သည္




ၿပိဳင္ဘက္အသင္းက မိုးေက်ာ္ ကိုျမင္သည္ႏွင့္ လႊတ္မထားပဲ သူတို႔အတြက္ အႏၲရာယ္ရွိမွန္းသိပီး ေနာက္ခံလူ တစ္ေယာက္က ကပ္ကစားေလသည္




ၿပိဳင္ဘက္ေနာက္ခံလူက အရပ္အေမာင္းျမင့္ကာ သန္မာလွေသာေၾကာင့္ မိမိအသင္း ကန္တင္လိုက္ေသာ ေဘာလုံးအမ်ားအျပား ကို မိုးေက်ာ္ ယွဥ္မလုႏိုင္ပဲ ျဖတ္ထုတ္ခံရတာမ်ားေနသည္




မိမိအသင္းေဖာ္မ်ားကလည္း ၾကာလာေတာ့သေဘာေပါက္သြားၾကပီး ေဘာလုံးရသည့္အခါ အနိမ့္ေဘာသာေပးလာေသာေၾကာင့္ မိုးေက်ာ္ ေဘာလုံး ပိုမိုရလာသည္။




အခ်ိန္ပိုပထမပိုင္းကေတာ့ ပီးဆုံးခဲ့ပါပီ




မိမိတို႔အသင္း ေနာက္တန္းနဲ႔ ဂိုးသမား တို႔ရဲ႕ မနားမေန ကာကြယ္ ႏိုင္ခဲ့လို႔သာ အေျခအေန ေကာင္းေနဆဲ ျဖစ္ေနတာျဖစ္သည္ မဟုတ္လို႔ကေတာ့ ဒီအခ်ိန္ ဂိုးျပတ္ေနေလာက္ေလပီ




အခ်ိန္ပို ဒုတိယပိုင္းစေတာ့ ၿပိဳင္ဘက္အသင္းက ရွိသမွ်အားအကုန္သုံးကာ ၿပိဳင္ပြဲကို အဆုံးသတ္ေတာ့မည့္အလား တရွိန္ထိုး တိုက္စစ္ ဆင္လာသည္ မိုးေက်ာ္ပါ ဂိုးစည္းထဲ ဆင္းကာေနရသည္




ၿပိဳင္ဘက္အသင္း ကန္သြင္းသည့္ ေဘာလုံးကို ဂိုးသမားဖမ္းမီသြားပီး မဆိုင္းမတြပင္ ဘယ္ဘက္မွာရွိေနတဲ့ မိုးေက်ာ္ ဆီသို႔ လွမ္းပစ္လိုက္သည္




မိုးေက်ာ္ ေဘာလုံးရသည္ႏွင့္ ဘယ္ေတာင္ပံ စည္းနား ကဆြဲေျပးေလေတာ့သည္ ၿပိဳင္ဘက္ ကြင္းလည္ကစားသမားက အနားကပ္လာပီး ေလွ်ာထိုးဖ်က္ေသာ္လည္း အဆိုပါ ကစားသမားသာ ကြင္းျပင္ေရာက္သြားသည္ မိုးေက်ာ္ ကေတာ့ ေဘာလုံးႏွင့္အတူေျပးဆဲျဖစ္သည္




ျမန္မာအသင္း ပရိတ္သတ္ ေတြဆီက မိုးေက်ာ္ မိုးေက်ာ္ မိုးေက်ာ္ ဆိုတဲ့ အသံေတြ စၾကားလာပီး မိုးေက်ာ္ အားေတြျပည့္လာကာ ေတာက္ေလ်ာက္ဆက္ေျပးေလသည္




ဂိုးနားေရာက္ေတာ့ ၿပိဳင္ဘက္ ေနာက္တန္း (၂) ဦး ကာထားတာ ေတြ႕လိုက္ရပီး မိုးေက်ာ္ကေတာ့ လွပစြာ ေျခေယာင္ျပပီး (၂) ေယာက္ၾကားထဲက လွည့္ထြက္ႏိုင္ခဲ့သည္




ေရွ႕မွာ ဂိုးသမားက အရပ္ရွည္ရွည္ လူေကာင္ထြားထြားနဲ႔ ပိတ္ကာဆီးႀကိဳေနေလသည္ ကန္သြင္းရမည့္ေထာင့္ကလည္း က်ဥ္းလြန္းတာေၾကာင့္ ညာဘက္ တခ်က္ငဲ့ၾကည့္ပီး အသာအယာပင္ ေနာက္ကေျပးလိုက္လာတဲ့ အသင္းေဖာ္စီ ခ်ိဳးေပးလိုက္သည္




အသင္းေဖာ္ကလည္း အပိုင္ပိတ္သြင္းယူကာ မိုးေက်ာ္ဆီ အေျပးလာတာေတြ႕လိုက္ရသည္




ဂိုး ဆိုတဲ့ အသံ ပရိတ္သတ္ ဆီကေရာ နည္းျပ ခုံတန္းမွာပါ ပြတ္ေလာ႐ိုက္သြားခဲ့သည္ 




မိုးေက်ာ္ဆီေျပးလာတဲ့ အသင္းေဖာ္ေတြက မိုးေက်ာ္အေပၚ ခုန္တက္လာၾကတာေၾကာင့္ မိုးေက်ာ္ေအာက္ေရာက္သြားပီး ဘာမွေတာင္ ဆက္မျမင္ႏိုင္ေတာ့ေပ




အခ်ိန္ပိုဒုတိယပိုင္းမွာ သြင္းခဲ့တဲ့ ဂိုးေၾကာင့္ပဲ ျမန္မာအသင္း အႏိုင္ရရွိခဲ့ပီး ကြာတားဖိုင္နယ္ ကို တက္ေရာက္ႏိုင္ခဲ့ပီပဲျဖစ္ပါတယ္




ျမန္မာအသင္းကို အထင္ေသးခဲ့ၾကတဲ့ အားကစားသတင္းဌာန တခ်ိဳ႕ကေတာင့္ အေရးတယူလုပ္ေဖာ္ျပလာၾကပီး မိုးေက်ာ္ရဲ႕ ဘယ္ေတာင္ပံတေလ်ာက္ ၿပိဳင္ဘက္ကစားသမားေတြကို ေက်ာ္ျဖတ္ကာဆြဲေပးလာတဲ့ ဗီဒီယိုကလဲ ျမန္မာ ပရိတ္သတ္ေတြအၾကား လူၾကည့္အမ်ားဆုံး ျဖစ္လာခဲ့သည္




ကြာတားဖိုင္နယ္မွာ ဘယ္အသင္းနဲ႔ေတြ႕ရမည္ဆိုတာ မနက္ျဖန္မွ သိရမည္ျဖစ္သည္ ဘယ္အသင္းနဲ႔ေတြေတြ႕ ဘယ္ေလာက္ပဲေကာင္းပါတယ္ေျပာေျပာ မိုးေက်ာ္တို႔အတြက္ကေတာ့ ေက်ာ္ျဖတ္သြားဖို႔ အင္အားအျပည့္ပင္ျဖစ္သည္




ဟိုတယ္မွာ နားေနတုန္း အသင္းတာဝန္ရွိသူကဖုန္းလာေနသည္ဟုဆိုကာ ဖုန္းလာေပးသည္ 




နည္းျပႀကီးကအခ်ိန္နဲ႔သာ ဖုန္းေပးသုံးတာေၾကာင့္ တာဝန္ရွိသူထံ ဖုန္းေတြအပ္ထားရပီး အေရးႀကီးတဲ့ဖုန္း ဒါမွမဟုတ္ မိသားစုထံမွ ဖုန္းကိုသာ ေျပာခြင့္ရွိသည္




အေမ နဲ႔ လည္း ဖုန္းေျပာတိုင္း မိုးေက်ာ္ ေခၚရတာမို႔ ဘယ္သူဆက္တာလဲ ေတြးကာ ဖုန္းကိုင္လိုက္သည္




ဟယ္လို




မိုးေက်ာ္ Congratulations ပါကြာ




ေအာ္ ဆရာ ေအာင္ေအာင္




ေအး မင္းအရမ္းေတာ္လာတာပဲကြ




ဟာဆရာကလဲ ေျမာက္ေနျပန္ပီ




ဆရာမင္းကို ေျပာစရာရွိလို႔ မိုးေက်ာ္ေရ




ဟုတ္ကဲ့ဆရာေျပာပါ




ဆရာပဲ မင္း ဆီက အလုပ္ျပန္ေတာင္းရေတာ့ရမွာပဲကြာ သား အတြက္ မန္ေနဂ်ာလိုေနပီ




ဟုတ္ ဘာျဖစ္လို႔လဲဆရာ




အာရွ ကလပ္ ေတြနဲ႔ ဥေရာပ ကလပ္ေတြက မင္းကစားတာကိုေစာင့္ၾကည့္ေနၾကတယ္ကြ


ပြဲပီးရင္ေတာ့ ဆက္သြယ္လာၾကလိမ့္မယ္လို႔ဆရာထင္တယ္ အဲဒီအခါၾကရင္ ေအးဂ်င့္ အလိမ္ေတြေရာ ပါလာလိမ့္မယ္ သတိထားပီးေ႐ြးခ်ယ္ဖို႔လိုတယ္ မိုးေက်ာ္




ဟုတ္ဆရာ ကြၽန္ေတာ္ေတာ့ အရမ္းနားမလည္ဘူး




ေအးအဲဒါေၾကာင့္ ဆရာ မင္းရဲ႕ မန္ေနဂ်ာ လုပ္ေပးမယ္ ဆိုတာ ဖုန္းႀကိဳဆက္ထားတာ ဟုတ္ပီလား




ၿပိဳင္ပြဲပီးေတာ့မွ ဆရာတို႔အေသးစိတ္ဆက္ေဆြးေႏြးၾကတာေပါ့




ဟုတ္ကဲ့ပါဆရာ




မိုးေက်ာ္ ဖုန္းခ်ပီးေတာ့ သူရဲ႕ ႏိုင္ငံျခားကလပ္တစ္ခုမွာ ကစားဖို႔ အခြင့္အေရးအတြက္ ေတြးေပ်ာ္မိသည္




စိတ္ကူးထဲမွာေတာ့ ထိုင္း ႏိုင္ငံက ကလပ္တစ္ခုေလာက္မွာ ကစားရဖို႔ သူ႔အိမ္မက္ အမွန္ျဖစ္ပါေစ ဆုေတာင္းေနမိေတာ့သည္။








GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA