MOE KYAW ( COMPETITION ) 27

 

.

အပိုင်း (၂၇)


နယူးဇီလန် နဲ့ ပွဲနေ့ ဖြစ်သည်


ပွဲမတိုင်ခင် အဝတ်လဲခန်းထဲမှာ မြန်မာအသင်းသားအားလုံး တက်ကြွနေကြပေမယ့် ရင်ထဲမှာတော့ စိုးရိမ်စိတ် နဲ့ ကြောက်စိတ် တွေရှိနေကြသည်မှာ မျက်နှာမှာပေါ်လွင်နေသည်


နည်းပြကြီးက 


အားလုံး ဒီကို လာကြ


အသင်းသားအားလုံး နည်းပြကြီးကို ဝိုင်းလိုက်ကြသည်


ကစားသမားအားလုံး ရဲ့ မျက်နှာ တိုင်းကိုသေသေချာချာကြည့်ပီး မာထန်သောအသံဖြင့်


မင်းတို့ဘာကိုကြောက်နေကြတာလဲ 


ပြိုင်ဘက်ကိုကြောက်တယ်ဆိုတာ အရှုံးပေးတာပဲကွ အရှုံးပေးတာပဲ


ဘောလုံးအဆင့်အတန်း နိုင်ငံအဆင့်အတန်း အားကစားအဆင့်အတန်းကွာခြားတယ်ဆိုတာ ငါလက်ခံတယ်


ဒါပေမယ့် မင်းတို့ တစ်ဦးချင်းစီရဲ့ အရည်အသွေးအဆင့်အတန်းက သူတို့နဲ့ တန်းတူမို့လို့ မင်းတို့ ဒီမှာ လာယှဉ်ပြိုင်နေရတာလေ


မဟုတ်ရင် မင်းတို့ ဒီပြိုင်ပွဲမှာ ဘာလာလုပ်ကြတာလဲ


ကိုယ့်ကိုကိုယ်ယုံကြည့်မှု့ မရှိရင် ကျရှုံးတာပဲ


မင်းတို့နောက်မှာ မင်းတို့ကို ယုံကြည်နေတဲ့ ပြည်သူသန်း (၅၀) ကျော်ရှိတယ် 


မင်းတို့ကန်နေတဲ့ အချိန်မှာ မျက်တောင်မခတ် သေးတောင် ထမပေါက်ပဲ အားပေးနေတဲ့ မင်းတို့ ပရိတ်သတ်တွေရှိတယ်ဆိုတာ မင်းတို့သိလား


မင်းတို့ကို ပြည်သူတွေ နှလုံးသွေး ပေါက်ထွက် မတတ် အားပေးနေကြတာ မင်းတို့ ငါတို့အသင်းတွေရဲ့ အနိုင် အရှုံး ရလဒ် အတွက် မဟုတ်ဘူးကွ


မင်းတို့အားလုံးရဲ့ ကြိုးစားအားထုတ်မှု့တွေကို လက်ခုပ်လက်ဝါး တီး အားပေးချင်ကြတာ နားလည်လား


ဟိုမှာကြည့် မင်းတို့ ဆံပင် အရောင်ဆိုးတာ ဆရာ ဘာမှ အပြစ်မပြောဘူးနော် ခွင့်ပြုပေးထားတယ် ဒါမင်းတို့လုပ်ပိုင်ခွင့်


အေး ကွင်းထဲမှာ အဲလိုဆံပင်တွေအရောင်ဆိုး တက်တူးတွေထိုး ပီး ဆိုဒ်ပိနေတဲ့ ကောင်တွေ တွေ့ရင်တော့ နောက် လက်ရွေးစင် ဆိုတဲ့ အိမ်မက်တောင် မင်းတို့မမက်နဲ့ မကြိုးစားချင်တဲ့ လူတွေအတွက် ဘယ်မှာမှ နေရာမှ မရှိဘူး 


အေး ပရိတ်သတ်တွေမကြိုက်တာက လက်ရွေးစင်ဖြစ်လာပီးရင် ကြောင်တောင်တောင်တွေလုပ်ပီး မကြိုးစားတော့တဲ့ ကောင်တွေကိုပဲ


အဲတော့ အသွေးထဲ အသားထဲကနေ ရှိသမျှ အားအကုန်ထုတ်ပီး ကြိုးစားဖို့က မင်းတို့တာဝန်ပဲ ရှုံးတာ နိုင်တာက ကြိုးစားမှု့ နည်းတာများတာပေါ် မူတည်ပီး ပေါ်လာလိမ့်မယ် 


နားလည်လား အားလုံး


ဟုတ်ကဲ့ပါဆရာ


မိုးကျော် ဆရာ့စကားတွေ နားထောင်အပီး သွေးအနည်းငယ်ဆူလာပီး အမေ သူ့ကို အားပေးနေမည့်ပုံကို စိတ်ထဲ မြင်ယောင်လာသည်


ကွင်းထဲကိုအားလုံးပြေးဝင်လာကြတော့ ပွဲကြည့်စင်မှာ ပရိတ်သတ်က ကြောက်စရာကောင်းလောက်အောင်ပင် အိမ်ရှင်ဖြစ်တဲ့ ပြိုင်ဘက်အသင်းကို အားပေးနေကြသည်


မိုးကျော် မြန်မာ အလံရှာကြည့်တော့ ထောင့်သေးသေးမှာ ထိုင်ပီး အလံလေးတွေကိုင်ထားကြတဲ့ မြန်မာ တချို့ကိုသာတွေ့လိုက်ရသည်


မိုးကျော်ကတော့ ဒီနေ့ နည်းပြကြီးရဲ့ နည်းစနစ်ကြောင့် Lineup မပါပဲ အရန်ခုံသာထိုင်ရပါတယ်


နည်းပြကြီးက ပထမပိုင်း ပီးတာနဲ့ Warmup လုပ်ထားဖို့မှာကြားထားတာကြောင့် မိုးကျော် ဒီနေ့တော့ ဒုတိယပိုင်းသာ ကစားရပုံပေါ်သည် 


ပွဲစပါပီ


ရွှီ


အိမ်ရှင်နယူးဇီလန်က အပေးအယူ မှန်စွာ မြန်မာအသင်းဘက်ကို သွေးတိုးစမ်းနေပီး တောင်ပံ နှစ်ဘက်က အမြင့်ဘောတွေနဲ့ ဂိုးဧရိယာထဲ တဒိုင်းဒိုင်း ကန်ထည့်နေသည်။


သူတို့က အရပ်အမောင်း သာတာကို အခွင့်ကောင်းယူကာ အမြင့်ဘောတွေကစားဖို့ကြိုးစားတာကြောင့် အရပ်ပုတဲ့ မြန်မာ နောက်တန်း အတော်လေးဗျာများနေလေသည်


အမြင့်ဘောတွေကန်တင်တာကို နောက်တန်းတွေ ယှဉ်မတိုက်နိုင်တာကြောင့် ဂိုးသမား ကိုယ်တိုင် ထွက်ထွက်ပုတ်နေရသည်


ပြိုင်ဘက်က တောက်လျောက်ဖိကစားနေပီး မြန်မာအသင်း တားဆီးနေသည့်ကြားကပင် ဖြတ်တင်ဘောကို ခေါင်းတိုက်တာ ဗွေဆော်ဦး ဂိုး ရရှိသွားခဲ့ပီပဲ ဖြစ်ပါတယ်


ဂိုးပေးလိုက်ရတာရယ် ဘောလုံးပိုင်ဆိုင်မှု့တွေ အများအပြား ဆုံးရှုံးတာရယ်ကြောင့် ကစားကွက်တည်မရတဲ့ပုံစံဖြစ်နေကာ ပထမပိုင်း မပီးခင်လေး မှာ နောက်ထပ် ဂိုးပေးလိုက်ရပီး (၂-၀) ဖြင့် နယူးဇီလန်က ဦးဆောင်နေတော့သည်။


ဘယ်လောက်ပဲစိတ်ဓါတ်မာကျောကျောပါစေ ဒီလို အခြေအနေ ရောက်သွားတော့ ပထမပိုင်း အပီး တသင်းလုံး အားကုန်သလိုဖြစ်သွားကာကွင်းအတွင်းမှ ထွက်လာကြသည်


မိုးကျော်တယောက်ကတော့ တခြားအသင်းဖော် တချို့ နဲ့တူ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ကွင်းထဲမှာ ကျန်ခဲ့ကြသည်


မြန်မာ ပရိတ်သတ် ရှိတဲ့ ဘက်အခြမ်းမို့ မိုးကျော် မိုးကျော် ဟု အော်သံတချို့ကြားရသည်မှာ အဆန်းမဟုတ်သော်လည်း 


Moe Kyaw Fighting 


လို့အနားလေးက ကပ်ပြောသံကြားလိုက်တော့ မိုးကျော်လှည့်ကြည့်မိသည်


ကင်မရာလေးလွယ်ထားပီး မီဒီယာ ဝတ်စုံလေး ဝတ်ထားကာ ဦးထုပ်လေးဆောင်းထားတဲ့ Emma ကို Media Corner မှာ မထင်မှတ်ပဲတွေ့လိုက်ရသည်


မိုးကျော်လှည့်ကြည့်ရင် မျက်လုံးချင်းဆုံသွားတော့


နိုင်အောင်ကန်နော်အကို အားပေးနေတယ် Fighting


မိုးကျော် ခေါင်းတချက်သာညိမ့်ပြလိုက်သည်


ပီးတော့ မိုးကျော်ဘောလုံးကို ပြေးအကန် အားတွေပိုပြည့်သွားသလိုခံစားလိုက်မိသည်


ဒုတိယပိုင်းမှာတော့ ထင်ထားသလိုမိုးကျော်ဝင်ကစားရသည်


နည်းပြကြီးကတော့ ပထမပိုင်းမှာ သရေ ရအောင်ထိန်းကစားခိုင်းပီး ဒုတိယပိုင်းမှ မိုးကျော်ကိုထည့်ကာ ဂိုးရအောင် စီစဉ်ထားပေမယ့် (၂-၀) ဖြင့် ရှုံးနေတော့ မျက်နှာ ပျက်နေသည်


ရွှီ


ဒုတိယပိုင်း စပါပီ


ပထမပိုင်းကလိုပင် ပြိုင်ဘက်က အမြင့်ဘောသာ ဦးတည်ကစားသည် မိုးကျော်က လည်သည် မိမိကွင်းဘက် ခေါင်း တိုက်လို့ ကျလာနိုင်သည့် နေရာလောက်ကို ခန့်မှန်းပီး ဘောလုံးစောင့်ယူသည် မိမိကွင်းဘက်အခြမ်းဆိုတော့ မိုးကျော်ကို ကပ်မည့်လူမရှိ


မိမိအသင်း အဖိခံရလေ မိုးကျော် ဂိုးသွင်းဖို့ အခွင့်အရေးရလေဖြစ်သည်


တွက်ထားသည့်အတိုင်းပင် ဖျက်ထုတ်သည့်ဘောလုံး မိမိရှေ့ကျလာသည် မိုးကျော်ဒါမျိုး စောင့်နေတာဖြစ်သည်


ကွင်းလည်မှာ မိုးကျော်ကို ဖြတ် တားသည့် တယောက်ကို ဖြတ်ကျော်ပီး ပြေးဖို့ မိုးကျော် ဦးတည်လိုက်တာက ဂိုးဆီသို့ပင်ဖြစ်သည်


ဒီလိုအချိန်မှာ ဘေးဘီ ကြည့်စရာမလို ဘာလို့ဆို ခံစစ်ကစားနေသည့်အချိန်မို့လို ဘယ်သူမှပါမလာတာ မိုးကျော်သိသည်


နောက်ခံ လူ (၂) ယောက် ဘေးက အလျင်အမြန်ပြေးလိုက်လာသည် ဒါပေမယ့် မိုးကျော်ရဲ့ ဘောလုံးဆွဲပြေးတဲ့အားကို သူတို့လိုက်မမှီ 


အခြေအနေကိုရိပ်မိတဲ့ ဂိုးသမားက ပြေးတက်လာတာ တွေ့လိုက်ရသည်


မိုးကျော်အကြိုက်ပင်ဖြစ်သည် ကန်မလိုခြေယောင်ပြကာ ဂိုးသမားပါလိမ်ပီး ဘောလုံးနဲ့ ဂိုးမိတ်ဆက်ပေးလိုက်သည်


ဂိုး ဆိုတဲ့ အော်သံ ခပ်တိုးတိုးသာကြားရပီး ပရိတ်သတ်ငြိမ်ကျသွားတာမိုးကျော်တွေ့လိုက်ရသည်


အောင်ပွဲခံဖို့အချိန်မရှိ ဘောလုံးပြေးကောက်ပီး ကွင်းလယ် သို့မိုးကျော်ပြန်ပြေးသွားသည်


(၂-၁) ဖြစ်နေသေးသည် ဂိုးတွေထပ်သွင်းဖို့ အချိန်မလောက်မှာ စိုးရိမ်မိသည်


ပြိုင်ဘက်အသင်းကတော့ ကစားပုံအနည်းငယ်ပြောင်းလဲလာပီး မြန်မာနောက်တန်းတွေ ဂိုးရှေ့ပိတ်ကစားနေတာကို နေရာလွတ်တွေရအောင် ချဲပီး ကစားလာသည် Long pass and Short pass တွဲကစားလာတာတွေ့ရသည်။


မိုးကျော်ကတော့ အခွင့်အရေးအမြဲချောင်းနေဆဲဖြစ်ပီး တဖက်နောက်တန်းကတော့ မိုးကျော်ကို အလွတ်မပေးတော့ပဲ သတိထားနေကြသည်


ဂိုးသမားက ဘောလုံးရပီး အမြောက်ကန်တင်လိုက်သည့်ဘောလုံးက ညာခြမ်းကိုကျရာ မိုးကျော်တောက်လျောက်ပြေးလိုက်ပီး ရယူလိုက်နိုင်သည်


လှမ်းကြည့်တော့ ကွင်းလယ်ကစားသမား (၂) ယောက် ပြေးနေတာ မြင်ပီး မိုးကျော်ညာခြမ်းကဆွဲပြေးလာတာ ဂိုးစည်းပေါ်ကနေ ဂိုးဧရိယာထဲ ကန်တင်ပေးလိုက်လေသည်


မထင်မှတ်ပဲ ပြိုင်ဘက်နောက်ခံလူ ခေါင်းဦးပေမယ့် ရှပ်ထိ သွားပီး အကျ မြန်မာအသင်းရဲ့ အရပ်အပုဆုံး ကစားသမားဖြစ်သူက ခေါင်းခုန်တိုက်လိုက်တာ ဂိုးသမားက အပေါ်ဘက်ကိုလှမ်းအဖမ်း သူက အောက်ကိုအတိုက် ဖြစ်သွားတာကြောင့် ပေါင်ကြားထဲက အမှတ်မထင်ဝင်သွားလေတော့သည်


ဂိုး


မိုးကျော် ဂိုးသွားသည့်မြင်ကွင်းကိုကြည့်ပီး ပျော်ရွှင်တာထက် ကိုးရို့ကားယား နိုင်တဲ့ ခေါင်းတိုက်ချက်ကြောင့် ရယ်မောမိလေသည်


ဂိုးသွင်းတဲ့ အသင်းဖော်ကလဲ ရယ်ကျဲကျဲ နဲ့ လာဖက်ရင် ဟေ့ရောင် မြင်တယ်နော်ဟု ကပ်ကြွားသွားသေးသည်


ဒါပေမယ့် မိုးကျော်တို့ မနိုင်သေးပါ (၂-၂) သရေရလဒ်က နောက်တဆင့် မတက်နိုင်သေးပါ 


အပျော်ကိုနောက်ထားပီး ထပ်ကြိုးစားဖို့ မိုးကျော်တို့တသင်းလုံးမောင်းတင်လိုက်သည် အချိန်ကလဲ မိနစ် ၈၀ နားကပ်လာခဲ့လေပီ


၈၅ မိနစ်ရောက်တော့ မထင်မှတ်ပဲ ပြိုင်ဘက်အသင်း ခေါင်းတိုက်လိုက်သည့်ဘောလုံးမှာ မြန်မာနောက်ခံလူ လက်နဲ့ ထိသည်ဟုဆိုကာ ဒိုင်ကပင်နယ်တီ ပေးလိုက်လေတော့သည်


နည်းပြကြီးနဲ့ ကစားသမားများက စောဒကတက်ကာ VAR ကြည့်ဖို့ တောင်းဆိုကြပေမယ့် ဒိုင်ကတော့ သူ့ဆုံးဖြတ်ချက်အတိုင်း အဝါကတ်ပြားပြသကာ ပင်နယ်တီ သတ်မှတ်ပေးလိုက်ပီပဲဖြစ်ပါတယ်


မိုးကျော်အပါအဝင် အသင်းဖော်များ ခေါင်းငိုက်စိုက်ကျလေပီ အချိန်က ၈၅ မိနစ်ကနေ ၈၆ ဖြစ်တော့မယ့် အချိန် မှာ ဒိုင်က အိမ်ရှင်အသင်း မျက်နှာကြည့်လေပီ ပွဲကြည့်စင်မှာတော့ အားပေးသံကညံလို့ပေါ့


နယူးဇီလန် တိုက်စစ်မှုးက ဘောလုံးကိုတည်ကာ နေရာယူတော့ မိုးကျော်လည်း ဖြစ်နိုင်ချေနည်းပေမယ့် တာဝန်အရ ပြန်ကန်ထွက်လာနိုင်သည့် နေရာမှာ အသင့်စောင့်နေလိုက်သည်


ကန်ပါပီ 


နယူးဇီလန် တိုက်စစ်မှုးရဲ့ ကန်ချက်ကောင်းပေမယ့် မြန်မာ ဂိုးသမား လေပေါ်ဝဲပီး ပုတ်သွားချက်က မိုးကျော်တောင် ပါးစပ်အဟောင်းသားပင် ပြန်ကန်ထွက်လာသည့်ဘောလုံးကို နောက်ခံလူက လှမ်းကန်တင်လိုက်ရာ ကွင်းလယ်က ပြိုင်ဘက်ရှေ့ ကျလေသည် မိုးကျော်နဲ့ မလှမ်းမကမ်းဆိုတော့ ဖြစ်ချင်ရာဖြစ် မိုးကျော် Slide ထိုးကာ ဝင်လိုက်တော့ ဘောလုံးကို ပိုင်ပိုင် နိုင်နိုင်ထိတာကြောင့် ဘောလုံးရသွားပီး ကန်လိုက်တာက ဂိုးဆီသို့ပင်ဖြစ်သည်။


ဘောလုံးက ဂိုးရှေ့အကျ ဆက်လိမ့်နေတုန်း ရှေ့တက်နေတဲ့ ဂိုးသမားက ဒိုင်ဗင်ထိုးဖမ်းတာ လက်တဖျားအလို ဘောလုံးတကွင်းလုံး တိတ်ဆိတ်နေသလားထင်အောင် အခိုက်အတန့်က အသက်ဝင်လွန်းလှသည်


ဂိုးသမားလဲမမှီလိုက်ပါ ဘောလုံးက ဂိုးစည်းကျော်ယုံလေးမှာ အရှိန်ကုန်ပီး ရပ်လို့သွားပါပီ


ဂိုး ဆိုပီး အောင်ပွဲခံကြတာက ဒီတခါပရိတ်သတ်တွေတင်မဟုတ်တော့ပဲ မိမိတို့ တသင်းလုံး နည်းပြပါ မကျန် အောင်ပွဲခံကြလေပီ


ဒါပေမယ့် တဖက်အသင်းက မိမိ ဖျက်ထုတ်တာ ကြမ်းတယ်ဆိုပီး ပြစ်ဒါဏ်ဘော တောင်းတာကြောင့် ဒိုင်က VAR ကြည့်ခဲ့ပေမယ့် ပြိုင်ဘက်ကို မထိ ခဲ့တာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးလိုက်သည်


အဲဒီဂိုးကတော့ ကမ္ဘာဖလား ပြိုင်ပွဲမှာ ရင်အခုန်ရဆုံးနဲ့ အကောင်းဆုံး ဂိုးဖြစ်လာမှာကတော့ မလွဲမသွေ ပါပဲ


အနိုင်ဂိုးရပီးတော့ မိုးကျော်အပါအဝင် တစ်သင်းလုံး ခံစစ်ဆင်းကစားပီး ထိန်းထားနိုင်တာကြောင့် အိမ်ရှင်အသင်းကို (၃-၂) နဲ့ အနိုင်ရရှိခဲ့ပီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပီဖြစ်ပါတော့သည်။


---------


ရန်ကုန်မြို့ရဲ့ မြို့လယ် မှာတော့ မိုးကျော် ကန်သွင်းလိုက်တဲ့ ဘောလုံး လိမ့်နေတုန်း အသက်ပင် မရှုဝံ့ကြတဲ့ လူဦးရေ သောင်းနဲ့ ချီတဲ့ လူအုပ်ကြီးဟာ ဘောလုံးဂိုးထဲ ဝင်သွားချိန်မှာတော့ 


ဂိုး ဆိုတဲ့ ဟိန်းထွက်လာတဲ့ အသံကြီးနဲ့ အတူ ပျော်ရွှင်စွာ အောင်ပွဲ ခံနေတာ ကို မြင်ရသူတိုင်းအဖို့ ဒီတသက်တော့ မေ့နိုင်ဖွယ်ရာ မရှိတော့ပါဘူး


ရေသန့်ဘူးတွေနဲ့ တယောက်နဲ့ တယောက်ပက်ကြသလို အင်္ကျီချွတ် အောင်ပွဲခံကြသူတွေအများအပြားပင် သက်ကြီးရွယ်အို လူငယ်လူရွယ်များ အပျော်များနဲ့ အောင်ပွဲခံကြရင်း တူညီတာ တစ်ခုကတော့ အားလုံးရဲ့ မျက်ဝန်းထဲက မျက်ရည်စများပင်ဖြစ်ပါတော့သည်။





--------------------------------------


Zawgyi



အပိုင်း (၂၇)












နည်းပြကြီးက 




အားလုံး ဒီကို လာကြ




































































နားလည်လား အားလုံး




ဟုတ်ကဲ့ပါဆရာ
























ပွဲစပါပီ




ရွှီ




































Moe Kyaw Fighting 




































ရွှီ




ဒုတိယပိုင်း စပါပီ




































































ဂိုး




































ကန်ပါပီ 
































---------













GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA