MOE KYAW ( COMPETITION ) 26

.

အပိုင်း (၂၆) 


အုပ်စု အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့် ထားတာကြောင့် ဒုတိယပွဲစဉ်ဖြစ်တဲ့ ယူကရိန်း နဲ့ ပွဲစဉ်က မြန်မာအသင်းအတွက် အလွန်ပင်အရေးပါလှသည်


ယူအက်အေ နဲ့ ကန်ရတုန်းက ခရီးပန်းတာရယ် ရာသီဥတုရယ်ကြောင့် မိုးကျော်တို့ တစ်သင်းလုံး ပင်ပန်းကာ ထင်သလောက် မကစားနိုင်ခဲ့ပေ


ဒီနေ့ပွဲကတော့ ဥရောပ လူငယ်အသင်းတွေထဲက အကောင်းဆုံး တစ်သင်းဖြစ်တဲ့ ယူကရိန်း နဲ့ ပွဲဖြစ်တာကြောင့် တစ်သင်းလုံးအကောင်းဆုံး ပြင်ဆင်လာခဲ့သည်


နည်းပြကြီးက ဥရောပ အသင်းကောင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ဖွင့်မကစားခိုင်းပဲ ၅-၄-၁ ကစားပုံနဲ့သာပွဲထွက်လာခဲ့ရကာ မိုးကျော်အတွက် ဂိုးရအောင် အသင်းဖော်တွေအနေနဲ့ထောက်ပံ့ပေးဖို့အခွင့်အရေးကတော့ နည်းပါးမည်ဟု တွက်ဆထားမိသည်။


ကွင်းထဲဝင်လာတော့ အရှေ့တောင်အာရှ ကစားသမားတွေမကြိုက်တဲ့ ရာသီဥတုအေးစိမ့်စိမ့် ကိုခံစားမိပေမယ့် နည်းနည်း အသားကျလာပီဖြစ်သည် ပွဲကြည့်စင်ဘက်လှမ်းကြည့်တော့ ပထမ ပွဲထက် လူက အနည်းငယ် ပိုများပီး မြန်မာအလံ ဝှေ့ယမ်းကာ မြန်မာ မြန်မာ ဟု အားကုန်အော်ဟစ်နေတဲ့ လူတချို့ကိုတွေ့ရတော့ သွေးဆူလာတာ မိုးကျော် အားပြည့်သလိုခံစားရသည်


ရွှီ ပွဲစပါပီ


ပြိုင်ဘက်က ရှယ် တိုက်စစ် မိုးကျော်တို့က တသင်းလုံး ပိတ်တဲ့ ခံစစ် နဲ့ ပွဲစကတည်းက တကျက်ကျက် တွေ့ကြပီး အားပြိုင်နေခဲ့ကြသည်။


ဘောလုံးပိုင်ဆိုင်မှု့က ယူကရိန်းက အသာစီးရယူကာ ကွင်းလယ် ထိ တက်ကာ တိုက်စစ်ဆင်ပေမယ့်လည်း မိုးကျော်တို့ မြန်မာတစ်သင်းလုံး ပိတ်ဆို့ခံထားတာကြောင့် ပြိုင်ဘက်အသင်း အခက်တွေ့ကာ မျှော်လင့်သလို ဂိုး မရရှိခဲ့ပဲ ပထမပိုင်း ပီးဆုံးခဲ့ရပါတယ်။ မိုးကျော်လဲ ပထမပိုင်း တစ်ပိုင်းလုံး ပြိုင်ဘက် ဂိုးသမား ဖြူသလား မဲသလားတောင် မတွေ့ခဲ့ရပါ။


နည်းပြကြီးက ဒီပုံစံအတိုင်း ဆက်ကစား ဖို့သာ ညွှန်ကြားတာကြောင့် သရေ ဒါမှမဟုတ် ဂိုးပြတ်မရှုံးရေးကိုသာ ဦးတည်နေသည်။ ဟုတ်တော့လဲ ဟုတ်ပါသည် ဘောလုံးအဆင့်အတန်းက အင်မတန်ကွာခြားတာ မို့ အတွေ့အကြုံ ယူရန်လောက်သာ မိမိတို့အသင်း တတ်နိုင်သည်ဟု အားလုံးကတွက်ဆထားခဲ့ကြပီးဖြစ်သည်


ဒုတိယပိုင်း ပြန်စတော့ ယူကရိန်းက ကစားပုံပြောင်းသွားသည် တစ်သင်းလုံးရှေ့မတတ်တော့ပဲ နောက် တန်း ၂ ယောက် ချန်ကစားကာ ဂိုးသမား နဲ့ အပေးအယူလုပ်ပီး မိုးကျော် တို့ကို ရှေ့ကိုဆွဲခေါ်ပီး နေရာလွတ်ရှာလာသည်။


မိုးကျော်တို့ကလဲ နပ်သည် လုံးဝမတတ် ကွင်းလယ် အထိသာ လိုက်ချင်ဟန်ဆောင်ပီး ရပ်နေသည်။ယူကရိန်းကလဲ မတတ် မြန်မာကလဲ မလိုက်နဲ့ ဘောလုံးက အီနေသည်။


အဲဒီအချိန် မှာ နည်းပြကြီးက မိုးကျော် ရှေ့တက်နေ ပြန်မဆင်းနဲ့ အလယ်တန်းက နောက်ထိပြန်ဆင်း ဆိုပီး ညွှန်ကြားချက်ပေးလာသည်


မိုးကျော်လဲ ရှေ့ကိုပြေးအတက် ယူကရိန်းနောက်ခံလူက ဘောလုံးကို ဂိုးရှေ့ကနေ ဘယ်တောင်ပံကို ထိုးအပေး မိုးကျော် လျောထိုးပီး ဖြတ်လိုက်ရာ ဘောလုံးက ခြေထောက်ကြားညှပ်ပါလာလေသည်


ရှေ့ကိုကြည့်လိုက်တော့ နောက်ခံလူတစ်ဦးတည်းသာရှိပီး ဂိုးသမားကလည်း ရှေ့အနည်းငယ်ရောက်နေသည်


မိုးကျော် ရတဲ့ အခွင့်အရေးကို လက်လွှတ်မခံတော့ပဲ လဲနေရာက အလျင်အမြန်ထလိုက်ကာ ဂိုးသမားကိုကျော်က ကန်သွင်းလိုက်လေသည်။


ဂိုး ဆို တဲ့အသံနဲ့ အတူ ပွဲကြည့်စဉ် က ဆူညံသွားသည် မိုးကျော် မယုံနိုင်သေးလို့  ဘောလုံးတကယ် ဂိုးထဲ ဝင်သွားတာလား ပြေးကြည့်ရသေးသည်။ အသင်းဖော်တွေ ပြေးလာပီး အောင်ပွဲခံကြတာ မိုးကျော်အတွက် အိမ်မက်လိုပင်


ပွဲချိန်က ပီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာလေလေ ယူကရိန်းတိုက်စစ်က ကြောက်စရာကောင်းလာပေပင်ဖြစ်သည် မိုးကျော်ကိုတော့ နည်းပြကြီးက အရှေ့မှာ တစ်ယောက်တည်း နေရာယူခိုင်းတာဆဲမို့  ပြိုင်ဘက် နောက်ခံလူ တွေက အရမ်းကြီးရှေ့ကို ပြုံမတက်ရဲတာကြောင့် ခံစစ်က အနည်းငယ် သက်သာသွားသည်။


ရွှီ ရွှီ ရွှီး


ပွဲပီးခဲ့ပါပီး မမျှော်လင့်တဲ့ ရလဒ်ကြောင့် တသင်းလုံးပျော်ရွှင်ခဲ့ရပေမယ့် ခရီးကြမ်းကမပီးဆုံးသေးပါဘူး


နောက်တဆင့် တက်ဖို့ ကျော်ဖြတ်ဖို့ ကျန်တဲ့ နောက်ပွဲစဉ် က အိမ်ရှင် ဖြစ်တဲ့ နယူးဇီလန်နဲ့ ပွဲစဉ်ပါ


ဟိုတယ်ရောက်တာနဲ့ အနားယူအပီး မိုးကျော် ပင်ပန်းလွန်းတာကြောင့် ဘာမှမစဉ်းစားတော့ပဲ စောစောအိပ်ဖို့ အိပ်ယာပေါ်လှဲချလိုက်လေသည်။


------


ချင်းမိုင်တွင် Emma တစ်ယောက် အထုပ်အပိုး ပြင်နေတာတွေ့တော့ အဖေက 


ဒီတစ်ခေါက် အလုပ်က ဘယ်လဲသမီး


နယူးဇီလန်ပါအဖေ


ဟင် ထိုင်းအသင်းမပါလဲ သတင်းသွားယူရတာပဲလား


ဒေသတွင်းက မြန်မာ ပါတယ်လေအဖေ သူတို့က နောက်တဆင့်တက်နိုင်ချေရှိတော့ သမီးတို့ဘက်က ကြိုလွှတ်ထားတဲ့သဘောပါ


အော်အေး အဖေကတော့ TV ကပဲအားပေးတော့မယ် သမီးရေ အဖေ့အတွက် အလုပ်လဲလုပ်ရင်း ပိုအားပေးခဲ့နော် သမီး


Emma က မြန်မာမှာမွေးပီး အသက် (၂) နှစ် ထဲက မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ မိဘ (၂) ပါးကြောင့် ချင်းမိုင် သူလေး ဖြစ်လာခဲ့ရတာပါ။


ထိုင်းအားကစားသတင်းဌာနအတွက် အလုပ်လုပ်နေရတာမို့ ထိုင်း လက်ရွေးစင် နဲ့ ထိုင်းကလပ်တွေ နောက် သူအမြဲလိုက်နေကျပင်ဖြစ်သည်


အခုကတော့ ထူးထူးခြားခြားပင် ကမ္ဘာ့ဖလား ဝင်ပြိုင်ခွင့်ရတာ ဒေသတွင်းက မြန်မာ တစ်သင်းသာရှိတာကြောင့် မြန်မာ ဖြစ်တဲ့ သူ့ကို သတင်းယူရလွယ်ကူစေဖို့ စေလွှတ်ခြင်းပင်ဖြစ်သည်။



Emma က အလုပ်လုပ်ရာမှာ သွက်လက်ပီး ပြတ်သားသည် ထူးခြားပီး လှပသည် သူဘောလုံးကွင်းမှာ အလုပ်လုပ်နေလျင် ဘောလုံးသမား အတော်များများကတော့ သူ့ကို ငေးကြည့်နေကြတာ သူ့အတွက်တော့မဆန်းတော့ပေ။


နိုင်ငံတကာ ဘောလုံးသမားတွေ ကြားထဲကမှ သူသတိထားမိနေတာက မိုးကျော်ပင် အသားမဖြူမညို နဲ့ အရပ်အမောင်းက သူ့ထက် အနည်းငယ်မြင့်သည်

ရိုးသားကြိုးစားသည့်ပုံပေါ်ပီး အနေအေးဆေးသည်ဟု သူခန့်မှန်းမိသည်။


အရင်က နာမည်ကြီးကစားသမား မဟုတ်ပေမယ့် ခုတော့ ယူကရိန်းကိုသွင်းခဲ့တဲ့ အနိုင်ဂိုးကြောင့် အာရှက အင်တာနက် သတင်းစာမျက်နှာတွေပေါ် မှာ မိုးကျော်မှ မိုးကျော် ဖြစ်လာနေသည် ကို Emma တွေ့ရသည်။


အဝတ်တွေထည့်ရင်း စားပွဲပေါ်က Photo Stand လေးစီ သူမျက်လုံးရောက်သွားသည် မိုးကျော်နဲ့ သူ Selfie ရိုက်ထားတဲ့ ပုံလေးပင်ဖြစ်သည်။


----------


မြန်မာနိုင်ငံနေရာအနှံ့တွင် မြန်မာအသင်းကို အားပေးကြမ်းလွန်းလှပီး မြို့လည်ခေါင် တွင်လည်း Projector ဖြင့် ပြသကာ လာရောက်ကြည့်ရှု့သူ သောင်းနဲ့ ချီရှိကြောင်း နဲ့ မြို့အသီးသီးမှာ လဲ ရန်ကုန်လိုပင် ဖြစ်ကြောင်း သတင်းတွေ မိုးကျော် ကြားနေရသည်


ဟုတ်ပါတယ် မြန်မာ နိုင်ငံသားတွေက အရှေ့တောင်အာရှ နိုင်ငံအားလုံးထက် ဘောလုံးချစ်စိတ်အင်မတန် ပြင်းထန်ကြပါတယ် 

မြန်မာအသင်းရှုံးလို့ ပွဲကြည့်နေရင်း အသက်ဆုံးသွားတဲ့လူတွေထိရှိကြပီး နိုင်သွားခဲ့ရင် ၁ လလောက် မြန်မာအနိုင်ကို ပြောပြောပီး ပျော်လို့မဆုံးရှိကြတဲ့ လူမျိုးဖြစ်ပါတယ်


မနက်ဖြန်က မြန်မာအသင်းအတွက် အရေးကြီးတဲ့ ပွဲဖြစ်ပီး အိမ်ရှင် နယူးဇီလန် နဲ့ ကန်ရမည်ဖြစ်သည်


နိုင်ငံအတွင်းက သန်း (၅၀) ကျော်တဲ့ ဘောလုံးပရိတ်သတ်တွေ မိုးကျော်တို့အသင်းအပေါ် ဘယ်လောက်ထိ မျှော်လင့်နေမလဲ မိုးကျော် တွေးပင်မကြည့်ရဲပါ


တဖက်မှာက ယူကရိန်းနဲ့ ယူအက်စ်အေ တို့ကန်ကြမှာဖြစ်ပီး (၂) သင်း သရေကျသွားပီး မြန်မာက နယူးဇီလန်ကို ရှုံးသွားပါက ပြိုင်ပွဲက ထွက်ရမည်ဖြစ်သည်။


ပြိုင်ဘက် (၂) သင်း ဘယ်လိုရလဒ်ပင်ဖြစ်စေ မြန်မာက နယူးဇီလန်ကို နိုင်အောင် ကန် နိုင်ရင် နောက်တဆင့် သို့ တက်ရောက်နိုင်ပီ ဖြစ်တာကြောင့် မိုးကျော် တို့အတွက် ဖိအားက ကမ္ဘာကြီးခေါင်းပေါ်တင်ထားရသလိုပင်ဖြစ်နေလေတော့သည်။

GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA