MOE KYAW ( COMPETITION ) 25

.

အပိုင်း (၂၅)


Pro League ပြိုင်ပွဲတွေ ရာသီပီးဆုံးခဲ့ပီ


မိုးကျော်တို့ Lion FC အသင်းက ချန်ပီယံဖြစ်ခဲ့ပီး မိုးကျော်ကလဲ သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ကာ အသင်းရော မိုးကျော်ပါ အောင်မြင်မှု့ရခဲ့တာကြောင့် ကျေနပ်မိသည်


အာရှကလပ် ပြိုင်ပွဲအုပ်စုမှာလည်း အုပ်စု ဒုတိယနေရာ ရထားကာ နောက်ဆုံးယှဉ်ပြိုင်ရမည့် ပွဲက အရေးပါလှသည် အဆိုပါပွဲကို ဟနွိိုင်းအသင်းနဲ့ ဗီယက်နမ် မှာ ကန်ရမှာဖြစ်ပီး  အနိုင်ရမှသာ နောက်တဆင့်သို့တက်ရောက်နိုင်မှာဖြစ်သည်။


မိုးကျော်ရဲ့ အသင်းဟောင်း ကတော့ ကစားသမား အကြီး နဲ့ အငယ်တွေကြား စည်းလုံး စုဖွဲ့မှု့အားနည်းခဲ့တာကြောင့် League 1 ကို ပြန်ဆင်းသွားခဲ့ရပီဖြစ်သည်။


Lion FC အသင်းကတော့ နည်းပြကြီးရဲ့ အုပ်ချုပ်ပုံတင်းကျပ်ပီး လက်ရွေးစင်ဖြစ်တာမဖြစ်တာထက် ကောင်းကောင်း ကစားနိုင်ရင် နေရာပေးတာကြောင့် လူကြီးလူငယ် မခွဲခြားပဲ စည်းစည်းလုံးလုံး ကစားခဲ့ကြတာကြောင့် ချန်ပီယံ ဖြစ်ခဲ့ပီဖြစ်သည်။


League ပြိုင်ပွဲကလဲပီး ယူ (၂၀) ကလဲ Training မခေါ်သေးခင်မှာ မိုးကျော် ခွင့်  (၄) ရက်ရသည်မို့ ရွာသို့ ပြန်လာခဲ့သည်


ဒီတခါ မိုးကျော်ရွာပြန်တာအကြောင်းရှိသည် အမေ့ကို ရန်ကုန်သို့ ခေါ်လာရန်ဖြစ်သည်


ဟုတ်ပါသည် မိုးကျော်ရဲ့ လစာက မနည်းမများ မို့ အိမ်ငှားနေနိုင်လေပီ စားစရိတ် က ချွေတာပီး စားရင် သားမိ (၂) ယောက် စားလောက်သည် 


ရွာပြန်တော့ ထုံးစံအတိုင်း ဖိုးသားက လာကြိုသည် 


လက်ရွေးစင်ကြီး ဖြစ်ပီဆိုတော့ လက်မှတ် ထိုးထားတဲ့ အင်္ကျီလေး ဘာလေး ငါ့ပေးခဲ့အုံးဟ မိုးကျော်ရ


ဟာ ဒီကောင် ငါ့ဖြင့် တစ်ပွဲကန်ဖို့ မပြောနဲ့ လက်ရွေးစင် Training တောင် မရောက်ဘူးသေးဘူးဟ နေပါအုံးကွ


သိဘူးလေကွာ ဘာပဲဖြစ်ဖြစ် င့ါအရင်ဆုံးပေးရမယ်နော် ဟေ့ရောင်


အေးပါကွာ မောင်း မောင်း


အိမ်ရှေ့ ဆိုင်ကယ်ထိုးရပ်တော့ အမေက အိမ်ထဲကမျှော်ကြည့်သည်


ဟဲ့ ဘယ်က ဧည့်သည် ခေါ်လာတုန်း ဖိုးသားရဲ့


ဟာ အရီးလေးကလဲ ကိုယ့်သားကိုယ် မမှတ်မိဘူးလားဗျာ


ဟဲ့ မိုးကျော် လား အမေ့လဲ ဖုန်းမဆက်ဘာမဆက်နဲ့သားရယ် လာမယ်ဆို ကြိုပြောပေါ့ အမေ ဟင်းကောင်းလေး ချက်ထားမှာပေါ့


အမေ့ကို ဝမ်းသာစေချင်လို့ပါအမေရ 


အေးပါဟယ် နင်တို့ကလေးတွေဟာလေ လုပ်ချင်ရာလုပ်ကြတာပဲအေ


သားရွာမှာ သိပ်အချိန်မရဘူးအမေရေ ခွင့်က (၄) ရက်ပဲရတာ 


အေးပါ နားလိုက်ပါအုံး


ပစ္စည်းတွေချပီး ဖိုးသားက အငြိမ်မနေ 


ဟေ့ရောင် ဖုန်းက iphone ကြီးလား တယ်မိုက်ပါလား


ဟ ပုံက ကောင်မလေးနဲ့ တွဲရိုက်ထားပါလား တယ် မိုက်နေပါလား ငါ့ကောင်


ဟေ ငါ့သား ကောင်မလေးရနေပီလား 


ဘယ်ကသာ အမေရာ ဟေ့ကောင်ပေးစမ်းပါ ငါ့ဖုန်း


ဖုန်းကို အတင်းပြန်လုပီး မိုးကျော်အမေ့နားဝင်ထိုင်လိုက်သည်


သားပြန်လာတာ အမေ့ကိုပြောစရာရှိလို့အမေရ 


အေးပြောပါအုံး ဘာများတုန်း


ဒီလိုအမေရ အမေ့ကို သားနဲ့ ရန်ကုန် အတူလိုက်နေဖို့ ပြောချင်လို့


မိုးကျော်စကားဆုံးတော့ 


ဘာများလဲလို့ကွာ ငါ့ဖြင့် မိန်းမယူမယ် ပြောမယ်ထင်လို့ နားထောင်နေတာ နောက်ဆုံးတော့လဲ အဖြစ်မရှိပါဘူးကွာ ပုံကလဲ Photoshop ပဲနေမှာ ကောင်မလေးကြည့်ရတာ မင်းသမီးလေးလိုပဲ မင်းကတော့ မဲတူးနေတာ မတန်မရာ သွားပီကွာ 


ဖိုးသား တစ်ယောက် မိုးကျော်ကို ပြောဆိုကာ ဆိုင်ကယ် နဲ့ ထွက်သွားလေသည်


မိုးကျော် နဲ့ အမေ တို့ ဖိုးသားကိုကြည့်ရင်းရယ် မောကာကျန်ခဲ့ပီး အမေက စကားဆက်သည်


ရန်ကုန် မှာတော့ အမေ မနေချင်ပါဘူးသားရယ် အခု ရွာမှာလဲ အမေနေလို့အဆင်ပြေနေတာပဲ သားအိမ်ပြန်ဆောက်ပေးထားလို့ အိမ်အသစ်နဲ့လဲနေရတယ်


အလုပ်လဲ အရင်လို လုပ်စရာမလိုဘူးလေ သားပို့ပေးတဲ့ ပိုက်ဆံ ကုန်အောင် အမေ့မှာမနည်းသုံးရတာ ရွာနဲ့ တော့မခွဲချင်ပါဘူးသားရယ်


အမေကလဲ အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ မြို့လိုက်နေတော့ ကျန်းမာရေးအတွက် စိတ်ချရတာပေါ့


ဟုတ်တော့လဲဟုတ်သည် ဒေါ်မြတို့ရွာမှာ ဆေးခန်း ပင်မရှိ မိုးကျော် အဖေလဲ ဆေးရုံဆေးခန်း မနီးလို့ မဆုံးသင့်ပဲ ဆုံးခဲ့ရသည်မဟုတ်လား


အေးပါ ငါ့သားရယ် အမေစဉ်းစားပါ့မယ် နေထိုင်မကောင်းဖြစ်ရင်တော့ အမေ လိုက်ခဲ့ပါ့မယ် ခုက အမေက လုပ်နိုင်ကိုင်နိုင်သေးတော့ မလိုက်သေးဘူးနော်သား


မိုးကျော်သိပီးသားပါ မြန်မာလူမျိုးတွေက မိမိ ရပ်ရွာကိုအစွဲအလမ်း အလွန်ကြီးသည် အမေ့ကိုခေါ်ရခက်မယ်ဆိုတာ တွေးထားပီးသားပင်ဖြစ်သည်


ဒီလိုနဲ့ မိုးကျော် ရွာမှာ အမျိုးတွေ နူတ်ဆက်ရင်းနဲ့ပင် ခွင့် (၄) ရက် ကုန်ဆုံးသွားပီမို့ မြို့ပြန်လာခဲ့လိုက်သည်။


ပြန်ရောက်ပီး တပတ်လောက်အကြာမှာတော့


ယူ (၂၀) အသင်းကလဲ မိုးကျော်အပါအဝင် ကစားသမား (၂၃) ယောက်ကို Training အတွက် Camp စသွင်းဖို့ ခေါ်ယူပီ ဖြစ်တာကြောင့် မိုးကျော် Camp သွားဖို့ ပြင်ဆင်ရလေသည်။


ယူ (၂၀) အသင်းက ယူ (၁၉) AFC U-20 ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ထိရောက်ခဲ့တဲ့ အသင်းကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတာဖြစ်ပီး တိုက်စစ်မှုးလိုအပ်ချက်အရ မိုးကျော်ကို ခေါ်ယူ အားဖြည့် ထားတာဖြစ်သည်။


အသင်းကောင်း တစ်သင်းဖြစ်သလို အာရှအင်အားကြီး အသင်းတွေဖြစ်တဲ့ ထိုင်း ရီမင် အီရန် ယူအေအီး တို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့အသင်းလဲဖြစ်ပါတယ်



မိုးကျော် အသင်း Camp ကိုသွားရောက်ပူးပေါင်းတော့ Pro ကစားသမားများပီပီ နွေးထွေးစွာ ကြိုဆိုကြပီး ညီအကိုလို သဘောထားကြတာကြောင့် နေရာစိမ်းပေမယ့် အစစ အရာရာ အစဉ်ပြေခဲ့ပါတယ်


အုပ်စုမဲခွဲတော့ မြန်မာ က Pot 2 မှာကျကာမဲနိုက်ပီးတော့


အုပ်စု အေ


နယူးဇီလန်

ယူအက်စ်အေ

ယူကရိန်း

မြန်မာ 


ဆိုပီး ကျလာပါတယ် ပြိုင်ဘက်တွေက ဒိတ်ဒိတ်ကျဲ တွေဖြစ်ပီး အိမ်ရှင်က နယူးဇီလန် အုပ်စုတွင်းအားအနည်းဆုံးကတော့ မြန်မာအသင်းပင်ဖြစ်သည်။



ရန်ကုန်မလာချင်တဲ့ အမေက သူ့သား နယူးဇီလန် သွားဖို့ လေယဉ်ကွင်းကို ဖိုးသားနဲ့ အတူလာကာလိုက်ပို့ရှာသည်


မြန်မာအလံလေး ကိုင်ထားတဲ့အမေ့ကို တွေ့ရတော့ မိုးကျော် ဝမ်းနည်းဝမ်းသာဖြစ်ရသည်


အမေ့ မျက်ဝန်းမှာတော့ နိုင်ငံကိုယ်စားပြု သွားတဲ့ သူ့သားအတွက် ဂုဏ်ယူနေသလို အဖေ့ကိုလဲ လွမ်းဆွတ်နေတဲ့ မျက်ရည်စတချို့ကို မြင်နေရသည်


ငါ့သား နိုင်အောင် ကန်ခဲ့နော် ဂိုးတွေအများကြီးသွင်းခဲ့ 


ဒါဏ်ရာမရစေနဲ့နော် အဲနေရာက အေးတယ်ကြားတယ် အနွေးထည် မချွတ် နဲ့နော် အမေ ဘီစကစ်လေးတွေ ဝယ်ပေးလိုက်တယ်နော်သား ဗိုက်ဆာရင်စားနော်


မိုးကျော်ကို ကလေးတစ်ယောက်လိုမြင်ကာ တတွတ်တွတ် မှာနေရှာသည်


ဟုတ်ကဲ့ပါအမေ သားဂိုးတွေ အနိုင်တွေယူပီး ပြန်လာခဲ့ပါမယ်


အို ဒါဆို ဒီလေယဉ်ကွင်းထဲ အမေ ရယ် ပတ်က နေမှာ ငါ့သားရေ 


အမေ ဖြစ်စေချင်သလို ဖြစ်မလာရင် ဝမ်းနည်းသွားမှာကို မိုးကျော်စိုးရိမ်လာမိသည်


အမေ့ နဲ့ ဖိုးသားကို အပြင် လိုက်ပို့ကြတဲ့ ပရိတ်သတ်တွေကို မိုးကျော်တို့ နုတ်ဆက်ကာ လေယဉ်ပေါ် တက်ခဲ့ကြသည်


အရင်ဆုံး ကန်ရမယ့် ပွဲက USA vs Myanmar


နယူးဇီလန် နိုင်ငံကို မိုးကျော်ရောက်သွားတော့ အရမ်းအေးတဲ့ ရာသီဥတုကို စတင်ခံစားမိသည် နွေရာသီပင် ဖြစ်လင့်ကစား လေအေးတွေကနေရာတိုင်းတိုက်ခတ်နေသည်


ကန်ရမယ့်ကွင်းရှိတဲ့ မြို့လေးကသေးပေမယ့် နေချင်စရာကောင်းလှသည်


မြန်မာ ယူ (၂၀) အသင်း အတွက်တော့ ပထမဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်တာရယ် ဘောလုံးပွဲ ကြိုက်ကြတဲ့ ပရိတ်သတ်တွေကြောင့် တနိုင်ငံလုံး အုံးအုံးကျွတ်ကျွတ် စောင့်ကြည့်နေကြမှာ သေချာပီး နယူးဇီလန်ထိ လိုက်ပါအားပေးတဲ့ တချို့ မြန်မာပရိတ်သတ်တွေကိုလဲ မိုးကျော်မြင်တွေ့နေရသည်။


USA နဲ့ ကန်ရမယ့်နေ့က မေလ (၃၀) ရက်နေ့ ရာသီဥတုကတောသာယာနေသည်


မိုးကျော်တို့ကွင်းထဲဝင်လာတော့ ပရိတ်သတ် အနည်းငယ် ကို ပွဲကြည့်စင်ပေါ်မှာတွေလိုက်ရပီး တချို့တွေက မြန်မာအလံ ကို ကိုင်ထားကြတာကို မြင်ရသည်


ရွှီ ဆိုတဲ့ အသံနဲ့အတူ ပွဲကတော့စပါပီ


USA အသင်းက လျင်လျင် မြန်မြန် နဲ့ စတင်ကစားလာခဲ့ပေမယ့် သူတို့ ထင်ထားသလို အာရှအသင်းက ခပ်ညံ့ညံ့ မဟုတ်ဘူးဆိုတာ ပထမပိုင်း (၉) မိနစ်မှာပင် မြင်တွေ့ခွင်ရလိုက်သည်


ထောင်ကန်ဘောကတဆင့် ဂိုးဧရိယာထဲအကျ ရှုပ်ရှက်ခက်နေသည့်ကြားထဲက အသင်းဖော်က ရအောင် ပိတ်သွင်း နိုင်ခဲ့တာကြောင့် မိုးကျော်တို့အသင်း ဂိုးစတင်ရရှိခဲ့လေသည်


အာရှအသင်းလေးက ဂိုးစသွင်းသွားတာကြောင့် USA အသင်းကလဲ ချေပဂိုးရရှိအောင် တိုက်စစ်ပြန်ဆင်လာတာကြောင့် မိုးကျော်တို့ သတိထားပီး ကစားနေတုန်း USA အသင်းက ရတဲ့ ထောင့်ကန်ဘောကတဆင့် ကျလာတဲ့ ဘောလုံးကို အပိုင်ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်း အပီးမှာ သရေကျခဲ့ရပါတယ်။


ပထမပိုင်း တပိုင်းလုံး မိုးကျော်ကန်ခွင့် (၂) ကြိမ်သာရရှိခဲ့ပီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး ဒုတိယပိုင်းမှာတော့ နည်းပြကြီးက အပြောင်းအလဲ လုပ်ပီး သရေရလဒ်ကို ထိန်းကစားလိုတာကြောင့် မိုးကွင်းလယ် ခံစစ် တစ်ယောက်နဲ့ မိုးကျော်ကို လူစားလဲခဲ့ပါတယ်။


ဒုတိယပိုင်းပြန်စတော့ တိုက်စစ် မရှိတော့တဲ့ မိုးကျော်တို့အသင်းကို USA အသင်းက အကြိမ်ကြိမ် ထိုးဖောက်လာနေပီး ဂိုးသမား ကောင်းလွန်းလို့သာ ဂိုးတွေမပေးရကောင်ကာကွယ်နေနိုင်တာဖြစ်ပါတယ်


ဒါပေမယ့်လဲ ပွဲချိန် ၅၆ မိနစ်မှာ ဘယ်တောင်ပံက ကျွံထွက် သွားတဲ့ ဘောလုံးကို USA အသင်းကဘတောက်လျောက်ဆွဲပြေးသွားပီး အလယ်မှာ လွတ်နေတဲ့ ကစားသမားဆီကို ထိုးပေးလိုက်ရာမှာတော့ ဂိုးသမားလဲ ဘယ်လိုမှ မတတ်နိုင်တော့ပဲ ဂိုးပေးလိုက်ရပါတော့တယ်။


ပွဲချိန်ပြည့်တော့ မိုးကျော်တို့ (၂-၁) နဲ့ ရှုံးနိမ့်ခဲ့ပီး ကမ္ဘာဖလား အဖွင့်ပွဲက မလှပခဲ့ပါဘူး


နည်းပြကြီးကတော့


ဒါအဖွင့်ပွဲစဉ်လေ ရှုံးရှုံးနိုင်နိုင် အရေးမကြီးဘူး


နောက်ပွဲတွေ ကိုသေချာဂရုစိုက်ကစားဖို့ပဲ လိုကြောင်း အားပေးတာကြောင့် ကိုယ့်ထက်အင်အားကြီးတဲ့ ဘယ်အသင်းလာလာ ရေကုန်ရေခမ်းကစားမယ်လို့ စိတ်ထဲမှ စိန်ခေါ်မိလိုက်သည်။


မိမိတို့ရှုံးနိမ့်ခဲ့ပေမယ့် USA လိုအသင်းမျိုးကို ဂိုးသသွင်းပီး ကပ်ရှုံးခဲ့တာကြောင့် နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ချီးကျူးခံနေရတာကြောင့် Bangkok Sport News  မှာ ဘာတွေတင်ထားလဲ သိချင်လို့ မိုးကျော် သူတို့ သတင်း ကိုဖွင့်ကြည့်လိုက်သည်


Author နေရာမှာ Emma ကိုတွေ့ရပီး ထုံးစံအတိုင်း မိုးကျော် ဂိုးမသွင်းနိုင်တာကို အားမလိုအားမရ ရေးထားကာ အာရှအသင်းတသင်းအနေနဲ့ ဒီရလဒ်မျိုးအတွက် ဂုဏ်ယူမိကြောင်း ရေးထားတော့ မိုးကျော်ကျေနပ်မိသည်


ငါနောက်ပွဲ ဂိုးရအောင်သွင်းပြမယ်ကြည့်နေ


သတင်းဖတ်ရင်း ကြုံးဝါးလိုက်သည် နောက်ပွဲစဉ်က တော့ ဥရောပမှာ ခြေစွမ်းပြနေတဲ့ ယူကရိန်းအသင်း နဲ့ပင်ဖြစ်သည်

GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA