MOE KYAW ( COMPETITION ) 24

.

အပိုင်း (၂၄)


အာရှချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်မှာ အသင်း (၄) သင်းပါဝင်ပီး


Thai Port FC (THA)

Lion FC (MYN)

Machida (JPN)

Hanoi (VIE)


တို့ပါဝင်ကာ မိုးကျော်တို့ Lion FC အသင်းက Thai Port အသင်းနဲ့ ပထမပွဲစဉ်က သရေရလဒ်ကြောင့် ၁ မှတ်ရရှိထားသည်


မိုးကျော်အတွက်ကတော့ ဒီအသင်းကိုရောက်မှ နိုင်ငံတကာပွဲ စကန်ခွင့်ရရှိခဲ့လို အတွေ့အကြုံတွေလဲ အရင်ကထက်အများကြီးရကာ မိမိကိုယ်ကိုယ်တော့ ရင့်ကျက်လာခဲ့ပီ ထင်မိသည်


နည်းပြကြီးက ဒုတိယပွဲမတိုင်ခင်

မိမိတို့ အသင်းက အုပ်စုတွင်း အင်အား အနည်းဆုံးဖြစ်တာကြောင့် ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားပီး အုပ်စု တက်အောင် ကစားရမည် ဖြစ်ကြောင်း သေချာမှာကြားထားတာကြောင့် မိုးကျော် တို့အတွက် ဖိအား အလွန်များသော အိမ်ကွင်း ပွဲစဉ်ပဲဖြစ်သည်


ထိုင်းကလပ် နဲ့ ပွဲနေ့ရောက်တော့ 


မိုးကျော် စိတ်လှုပ်ရှားစရာ က ၂ ခုရှိနေသည် ပထမ တစ်ခုက ဒီနေ့ပွဲမှာ တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ဂိုးသွင်းယူပီး အသင်းအနိုင်ရရှိစေဖို့နဲ့ ဒုတိယ တစ်ခုက Emma နဲ့ Press Meeting မှာ တွေ့ခွင့်ရဖို့ပင်ဖြစ်သည်။


နည်းပြကြီးရဲ့ ဒီနေ့ပွဲကစားကွက်က ၄-၃-၂-၁ ဖြင့် ပွဲထွက်လာပီး တိုက်စစ်မှာ မိုးကျော်က တာဝန်အပြည့်အဝယူထားရသည်


ကွင်းထဲဝင်လာတော့ မိုးကျော် ပွဲကြည့်စဉ်ဘက်တချက်ငဲ့ကြည့်မိသည် ခြောက်ကပ်ကပ် ပင် 


ထိုင်းကလပ် ရဲ့ အိမ်ကွင်းပွဲစဉ်ကို ပရိတ်သတ် ကကွင်းအပြည့် လာရောက် အားပေးကြသော်လည်း ဘောလုံးချစ်စိတ်ပိုများသည့် မိမိ တို့နိုင်ငံက ပရိတ်သတ်အများစုမှာ စားဝတ်နေရေး ရုန်းကန်နေရတာကြောင့် ကွင်းထဲအထိ ရောက်လာဖို့ကြတော့ အခက်အခဲ အများကြီးရှိနေတာ သူနားလည်သည်


ပွဲစတော့ အိမ်ကွင်းပွဲစဉ်ဖြစ်တာနဲ့အညီ အိမ်ရှင်အသင်း Lion FC ကပဲ အင်ပြည့်အားပြည့် ကစားနိုင်ပီး ပြိုင်ဘက်အသင်းကို တောက်လျောက် ဖိအားပေးနိုင်ခဲ့သည် ပြိုင်ဘက်အသင်း နောက်ခံလူ က မိုးကျော်ကို Marking လုပ်ပီး ကစားနေသောကြောင့် မိုးကျော် ဆီ ဘောလုံးမရောက်တာက များနေသည်

ဘောလုံးကိုင်ကစားတဲ့ မိုးကျော်တစ်ယောက် ပထမပိုင်း မိနစ် ၂၀ လောက်ထိ လှုပ်မရဖြစ်နေသည်ကို နည်းပြကြီးက စောင့်ကြည့်နေသည်။


Moe Kyaw Come Here


နည်းပြခုံတန်းနား လက်ပစ်ဘောရတော့ သူဘောလုံးလိုက်ကောက်နေတုန်း နည်းပြကြီးက လှမ်းခေါ်သည်


Moe Kyaw Play False 9


Yes 



မိုးကျော်အခက်တွေ့နေတာ သိနေတဲ့ နည်းပြကြီးက ဂိုးစည်းထဲမှာ နေမယ့် အစား Old but New ဖြစ်နေဆဲဖြစ်တဲ့ False 9 ပုံစံကိုပြောင်းကစားခိုင်းတာကြောင့် မိုးကျော် လွတ်လပ်စွာ ကွင်းလည်အထိ ဆင်းလိုက် တက်လိုက် Playmaker ကစားတော့ တဖက် နောက်ခံလူ အနေနဲ့ မိုးကျော်ကို ကပ်ကစားရတာ ခက်ခဲသွားကာ ဂိုးစည်းထဲ နေရာလွတ်များပေါ်လာတော့မှ မိုးကျော်တို့အသင်း ကန်သွင်းခွင့်များပိုရလာပီး မိုးကျော် ညာတောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အသင်းဖော်က အသာအယာပင် ပိတ်ယူလိုက်နိုင်တာကြောင့်ပထမပိုင်း အပီးမှာ  (၁-၀) ဖြင့် အနိုင်ရရှိနေခဲ့သည်။


ဒုတိယပိုင်း စတော့ ပြိုင်ဘက်အသင်းက ချေပဂိုးရရှိရန် အားထည့်လာတာကြောင့် မိုးကျော် ကွင်းလယ်အထိ ဆင်းကူနေရသေးသည် 


ကွင်းလည်မှာ ဘောလုံးရတော့ ဘယ်တောင်ပံကိုထိုးပေးရင်း မိုးကျော် ဂိုးဆီကို တောက်လျောက်ပြေးလေသည် ဘယ်တောင်ပံကစားသမားက ဂိုးစီးနားထိ ဆွဲပြေးကာ နောက်ခံလူတစ်ယောက်ကို ခေါက်လိုက်ပီး အမြောက် ကန်တင်ပေးလိုက်သည်


ဘောလုံးမြောက်တက်လာသည်ကို တွေ့တော့ မိုးကျော် ရှိသမျှ အားအကုန်သုံးကာ ခုန်လိုက်ပီး ခေါင်းတိုက် သွင်းလိုက်ရာ 


ဂိုး (၂-၀) 


အနိုင်သေချာစေတဲ့ ဒုတိယဂိုးကို မိုးကျော်သွင်းယူလိုက်နိုင်တာကြောင့် ပြိုင်ဘက်အသင်း စိတ်ဓါတ်အနည်းငယ်ကျသွားတာ ကစားပုံပျက်လာသည်


မိမိတို့အသင်း တသင်းလုံး အတက်အဆင်းညီညီ ဖိကစားထားနိုင်ပီး မိုးကျော်ကို မထိန်းနိုင်တော့တာကြောင့် နောက်ခံလူ (၂) ယောက် ကို မိုးကျော်လိမ်ခေါက်ကာ ဂိုးသမား အပေါ်က အသာအယာပင် ကျော်က ကန်သွင်းလိုက်နိုင်တာကြောင့်


ဂိုး 


ပွဲအပီးမှာတော့ (၃-၀) ဖြင့် အနိုင်ရရှိခဲ့လေသည်။


Man of the match Moe Kyaw


ဒီနေ့ပွဲအနိုင် နဲ့ ရမှတ် (၃) မှတ်ကြောင့် အုပ်စု အမှတ်ပေးဇယားမှာ ဒုတိယနေရာ ထိ ရောက်လာပီဖြစ်သည်။


ပွဲအပီး Post Meeting သွားတော့ မိုးကျော် တက်ကြွနေသည် ဖုန်းကိုလဲ နည်းပြကြီး မမြင်အောင် ခိုးယူလာခဲ့သေးသည်


နည်းပြကြီးက အနိုင်ကြောင့် ပြုံးပီး မေးခွန်းတွေဖြေနေသလို မိုးကျော်ကလဲ Emma ကိုတွေ့လိုက်တာကြောင့် ရင်တွေခုန်ကာ ပြုံးနေမိသည်။


Mr Moe Kyaw how would you feel for first international club goal?


Emma ဆီက မေးခွန်းကို ဒီတခါသူနားလည်နေသည် စကားပြန်ကို လက်ကာပြရင်း


ကျွန်တော့် အာရှပြိုင်ပွဲ တစ်ခုမှာ ကစားရပီး ပထမပွဲမှာ ဂိုးမရခဲ့ပါဘူး ဒုတိယပွဲမှာတော့ (၂) ဂိုးသွင်းယူနိုင်ခဲ့ပီး အကောင်းဆုံးကစားသမားဆုကိုပါ ရခဲ့တော့ အရမ်းပျော်ပါတယ် နောက်ပွဲစဉ်တွေမှာလဲ ဂိုးသွင်းယူနိုင်တာထက် အသင်းနိုင်ပီး နောက်တဆင့်တက်နိုင်အောင် ကြိုးစားသွားမှာပါ


Emma က သူ့ကို မေးခွန်းတစ်ခုသာမေးပီး နည်းပြကြီးကိုဆက်မေးနေတော့ သူငေးကြည့်နေမိသည် အတော်ထူးခြားပီး တက်ကြွသည့် မိန်းကလေးဖြစ်ပီး ချစ်စရာကောင်းလှသည်


Meeting ပီးတော့ နည်းပြကြီးထွက်သွားတော့ မိုးကျော် Emma နားကပ်သွားသည် 


ညီမ အကို့ကို ဟိုနေ့က ပုံလေးပို့ပေးပါလား


အော် ဟုတ်ကဲ့ရှင့် ဖုန်းပေးလေ iPhone မလား Airdrop နဲ့ ပို့ပေးလိုက်မယ်နော်


Emma က မိုးကျော် Second hand ဈေးနဲ့ဝယ်ထားတဲ့ iPhone Used လေးကိုလှမ်းကြည့်ရင်းပြောသည်


Line App က ပို့လိုက်လေညီမ အကို ဖုန်းနံပတ်ပြောမယ်လေ ( Contact လိုချင်တော့ မိုးကျော်က ဉာဏ်ဆင် သည် ထိုင်းသူလေးတွေ Line App သုံးကြမှန်းသူသိသည်) 


တုံ ဆိုသည့် အသံနဲ့ အတူ Airdrop မှာ ပုံပေါ်လာသည် Accept လုပ်လိုက်နော် 


Contact လိုချင်ရင် နောက်တခါတွေ့ရင်ပေးမယ်လေ ကံမကုန်ရင်တော့ ပြန်ဆုံချင်ဆုံမှာပေါ့ ကိုမိုးကျော်


ပြောပြောဆိုဆို လှည့်ထွက်သွားတဲ့ Emma ကို ငေးကြည့်နေမိသည် ဒီလိုကိစ္စမျိုးမှာ မိုးကျော်က ဒူသည် အသည် ထိုင်းမှာ ကြီးပီး အားကစားသတင်းထောက်လုပ်နေသည့် Emma လို သွက်လက်ချက်ချာ သည့် မိန်းကလေးမျိုးကို ချဉ်းကပ်ရတာ သူ့အတွက် အင်မတန်ခက်သည် ဂိုးသွင်းရတာကမှ သူ့အတွက် လွယ်ကူနေသေးသည်


နောက်တခါပြန်တွေ့ဖို့ဆိုတာ မလွယ်ကူတော့ သူတို့ ထိုင်းကလပ် အသင်း နဲ့ကလည်း (၂) ကျော့လုံးကန်ပီးနေပီ ဖြစ်သည် (၂) ယောက်တူတူ တွဲရိုက်ထားသည့် ပုံလေးကို သာ ကြည့်ရင်း မိုးကျော် ငိုင်ကျန်ခဲ့တော့လေသည်


-------


မိုးကျော် တစ်ယောက် Pro League ပွဲတွေပုံမှန်ကန်ရင်း ပွဲထွက်နေရာ တစ်နေရာ ပုံမှန်ရလာသလို ဂိုးတွေလဲ ဆက်တိုက် သွင်းယူနိုင်လာတာကြောင့် အသင်းကလဲ ချန်ပီယံ ဖြစ်ဖို့ လက်တကမ်း အလိုသို့ ရောက်ရှိလာပီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလဲ မိုးကျော်က ဒုတိယနေရာ က ကစားသမားကို (၃) ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။


မိုးကျော်ရဲ့ အသင်းဟောင်းကတော့ အဆင့် (၁၈) နေရာအထိရောက်ရှိနေပီး တန်းဆင်းရဖို့ များနေတာကြောင့် မိုးကျော်စိတ်မကောင်းဖြစ်မိသည်။


တလောကတောင် အသင်းပိုင်ရှင်နဲ့ တွေ့တော့ ပြန်ကစားပေးဖို့ ခေါ်သေးသည် မိုးကျော်ကတော့ Lion FC မှာ ပျော်နေပီ ဖြစ်ကြောင်း ပြောခဲ့သေးသည်။


တစ်ရက် မိုးကျော် လေ့ကျင့်ရေးကွင်းသွားဖို့ပြင်နေတုန်း လက်ထောက်နည်းပြ ရောက်လာကာ 


မိုးကျော် Congratulations ပါကွာ


ဘာလို့လဲဆရာ


ဒီမှာလေ အဖွဲ့ချုပ်က ယူ (၂၀) လူစာရင်းမင်းမသိသေးဘူးထင်တယ် ဒါဆို


ဟုတ်ကျွန်တော်မသိသေးဘူးဗျ


မိုးကျော်တစ်ယောက် လက်ရွေးစင်ဆိုတာကို မေ့ထားတာကြာပါပီ မမျှော်လင့်တော့သလို ကိုယ့်အတွက် မဟုတ်ဘူး လို့ ထင်ထားခဲ့တာ ယူ (၁၆) အရွေးမခံခဲ့ရထဲပင်ဖြစ်သည်။


ဆရာပေးသွားတဲ့ စာရွက်ကိုကြည့်လိုက်တော့ ကစားသမား (၂၃) ဦးစာရင်းဖြစ်ကာ ယူ (၂၀) ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရွေးချယ်ထားသော လူစာရင်းဖြစ်သည်


တိုက်စစ်မှူးနေရာမှာ မိုးကျော် နာမည်က ထင်းနေသည်


စာရွက်ကို ကိုင်ရင်း လက်ကတုန်လာသည် ပထမဆုံး သတိရမိလိုက်တာက အဖေ ပင်ဖြစ်သည် အဖေ ဖြစ်စေချင်ခဲ့တဲ့ နိုင်ငံအတွက် ကစားရမည့် ကစားသမား မိုးကျော်ဖြစ်ခဲ့ပီ


မိုးကျော် အဝတ်အိတ်ထဲက ဖုန်းကို ထုတ်ကာ အမေ့ဆီ ချက်ချင်းဆိုသလို ဖုန်းခေါ်လိုက်သည်


ဟယ်လို အမေ


ဟဲ့ငါ့သား စောစောစီးစီးပါလား ဘာဖြစ်လို့တုန်း


တဖက်မှ စိတ်ပူဟန်ဖြင့်အမေကမေးလာသည်


အဖေ ဖြစ်စေချင်တဲ့ ဆန္ဒ သားဖြည့်ဆည်းပေးနိုင်ပီအမေ


ဘယ်လို ငါ့ရှင်းအောင်ပြောစမ်းပါအေ


မိုးကျော်က သူ ယူ (၂၀) လက်ရွေးစင် အရွေးချယ်ခံရကြောင်း လူငယ် ကမ္ဘာ့ဖလား ပြိုင်ပွဲ သွားကန်ရမှာ ဖြစ်ကြောင်း အမေ့ကို ပျော်ရွှင်စွာ ပြောပြနေမိတော့သည်။

GERMANY VS SCOTLAND

GUATEMALA VS ARGENTINA

PERU VS EL SALVADOR

HUNGARY VS SWITZERLAND

SPAIN VS CROATIA