Unicode
နတ်တလင်းမှာ အိမ်နီးချင်းအမျိုးသမီး နဲ့ စကားများတဲ့ အမျိုးသား ငယ်ပါပြုတ်အောင် ကိုက်ခံရ
နတ်တလင်း ဇွန်လ ၁၁-၂၀၂၀
ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ထဲက ထိပ်ပိတ် အုပ်စုမှာ အိမ်နီးချင်း ခြံ ၂ ခြံကြား သစ်ပင် စိုက်ရာကနေ စကားများပီး ရန်ဖြစ်ရာကနေ အမျိုးသမီးက တဘက်ခြံက အမျိုးသားအား ငယ်ပါအား ပြုတ်ထွက်အောင် ကိုက်ဖြတ်ခဲ့လို့ တာပွန်မြို့နယ် ရဲစခန်းမှာ အမှု့ဖွင့်ထားတယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ညနေပိုင်းမှာ အသက် ၅၇နှစ် ရှိ ဦး_ စိုး အား တစ်ဖက်ခြံမှ အသက် ၃၉ နှစ်အရွယ် မ_ မှ ခြံနှစ်ခြံကြားကုက္ကိုပင်စိုက်ရာမှ စပီး စကားများခဲ့ရာ မှာ ဦး_ _ခြံထဲကိုဝင်ရောက်ကာ ခေါင်းကို ဝါးလုံးနဲ့ရိုက်ခဲ့ရာ လဲကျသွားစဉ် အနီးရှိ မ_ _ဆိုသူကလည်း ဝါးလုံးနဲ့ ထပ်မံရိုက်နှက်ခဲ့ပြီး လဲကျနေတဲ့ ဦး_ _ရဲ့ ငယ်ပါနဲ့ ပေါင်ကို ကိုက်ဆွဲနေစဉ် ဇနီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းဝင်ဆွဲရာ မတင်တင်ညိုမှ ဦး_ _ရဲ့ ဇနီးဖြစ်သူကိုပါ ဝါးလုံးနဲ့ရိုက်နှက်ခဲ့လို့ မျက်နှာဝဲဘက် မျက်ခုံးဖူးယောင် ဒဏ်ရာရရှိခဲ့တာဖြစ်တယ် တာပွန်နယ်မြေ ရဲစခန်းတာဝန်ရှိသူထံက သိရပါတယ်။
"ဝှေးစေ့ (ငယ်ပါ) ပြုတ်ပါသွားတဲ့သူကတော့ အသက် ၅၇ နှစ်အရွယ်ဖြစ်ပါတယ်။ အိမ်နီးချင်းရန်ဖြစ်ပြီး ကိုက်ဆွဲလို့ဝှေးစေ့(ငယ်ပါ) ပြုတ်ပါသွားတာပါ" လို့ တာပွန်နယ်မြေရဲစခန်းမွ စခန်းမှူး ရဲအုပ်အောင်သပြေက ပြောပါတယ်။
ဦး_ _အား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသနေရပြီး အမူနဲ့ သက်ဆိုင်တဲ့ မ_ _၊ မ_ _နဲ့ အတူ အနီးအနားမှာ အားပေးကူညီခဲ့တဲ့ ဒေါ်_ _ _တို့ကို တာပွန်နယ်မြေရဲစခန်းက (ပ)၇၇ /၂၀၂၀ ပုဒ်မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ်မတွေနဲ့ အမူဖွင့်ထားကြောင်း သိရပါတယ်။
Zawgyi
နတ်တလင်း ဇွန်လ ၁၁-၂၀၂၀
ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ထဲက ထိပ်ပိတ် အုပ်စုမှာ အိမ်နီးချင်း ခြံ ၂ ခြံကြား သစ်ပင် စိုက်ရာကနေ စကားများပီး ရန်ဖြစ်ရာကနေ အမျိုးသမီးက တဘက်ခြံက အမျိုးသားအား ငယ်ပါအား ပြုတ်ထွက်အောင် ကိုက်ဖြတ်ခဲ့လြိ့ တာပွန်မြို့နယ် ရဲစခန်းမှာ အမှု့ဖွင့်ထားတယ်လို့သိရပါတယ်။